အပိုင်း(၃၁)"အလှူဝင်ရက် -၂"

6.6K 816 108
                                    

Unicode
~~~~~~~~

"အစ်ကို အဆင်သင့်ဖြစ်ပြီလား။"

အပြင်ကတံခါးခေါက်သံနဲ့အတူကပ်ပါလာတဲ့
ညီမဖြစ်သူရဲ့ခေါ်သံကြောင့် 'ဦးရွှေမောင်'
ခမျာ စိတ်ထဲမှာမကျေမနပ်နဲ့ရေရွတ်ပြီး
တစ်ဖက်လူကိုစိတ်မပါစွာနဲ့ လွှတ်ပေးလိုက်ရတယ်။
ကျစ်...နည်းနည်းလေးပဲ
ထပ်ဖက်ထားလို့တောင်မရတော့ဘူးလား။

"အေး....ပြီးရင်ဆင်းလာခဲ့မယ်။"

'ဦးရွှေမောင်'ရဲ့ အေးစက်ပြီးကြောက်စရာကောင်း
တဲ့အသံကြောင့်'ဒေါ်ရွှေဇင်ညိမ်း' ဇတ်လေးပုပြီး
အောက်ကိုပြန်ဆင်းလာရတယ်။ သူ့အစ်ကိုလဲအသက်ကြီးလို့လားမသိဒေါသထွက်လွယ်လာလိုက်တာ... ရန်ကုန်ပြန်ရောက်မှတရားစခန်းကို
ခေါ်သွားရမယ်။

"သွားရအောင်လေ ကိုရွှေ။"

"အင်း...သွားရအောင်။"

အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်အောက်ထပ်ကိုဆင်းလာခဲ့လိုက်ကြတယ်။

နှုတ်ခမ်းမွှေးတွေကိုသေချာ
ရိတ်သင်ထားပြီး၊အရောင်ရင့်ချည်တိုက်ပုံနဲ့
ရိုးရာ လုံချည်အရောင်နုနုတို့ကိုတွဲဖက်ဝတ်ဆင်ထား
တဲ့လေးဆယ်ကျော်အရွယ်အမျိုးသားကြီး
နှစ်ဦးမှာ ပုံမှန်ထက်ပင်နုငယ်ကာခန့်ညားလို့နေတာ
မို့ စိုက်ကြည့်နေမိတဲ့သူကြီး'ဦးဘိုးသာ '
တောင်မုတ်ဆိတ်တွေပြေးရိတ်ချင်စိတ်ပေါက်သွားရတယ်။ဒါ​ပေမဲ့လဲကိုယ်ရိတ်ရင်တောင်
သူများလိုဖြစ်ချင်မှဖြစ်အုံးမှာမို့ အတွေးတွေကို
ချက်ချင်းပဲလက်လျှော့ပစ်လိုက်ရပါတယ်။

သူကအသက်ကြီးနေပြီ
အပေါ်ယံအရေပြားတစ်ထောက်စာကို ကြည့်ပြီး
ဘာကြောင့်များ မုတ်ဆိတ်ရိတ်ပစ်ရမှာလဲ။ ဘဲဥပြောင်လိုမျက်နှာဖြစ်သွားမှပိုပြီးအရှက်ရနေအုံး မယ်။

"ကိုင်း...လူစုံပြီဆိုမှဖြင့် သွားကြပါစို့
ဇီးကွက်လေးမျှော်နေရော့မယ်" ဟု သူကြီးက
လောဆော်လိုက်တာနဲ့ သူတို့ငါးယောက်လဲ
ရွာဦးကျောင်းဆီလျှောက်လာခဲ့လိုက်ကြတော့တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"အမ ကျုပ်သွားနှင့်မယ်နော်
နောက်ကနေလိုက်ခဲ့ချည်။"

"Dear Kyauk Khal"(Complete)Where stories live. Discover now