အပိုင်း(၇)"မာယာများခြင်းအနုပညာ"

13.6K 1.4K 146
                                    

Unicode
~~~~~~~

ကျုပ်လဲမလှမ်းမကမ်းမှာရှိတဲ့ ငါးကြော်နှပ်ကိုယူပြီး 'ကိုသိင်္ခ'ရဲ့ပန်းကန်ထဲကိုထည့်ပေးလိုက်တယ်။ကျုပ်ကတော့ အမ ချက်တဲ့ ဆတ်သားခြောက်ဟင်းနဲ့ပဲ
တစ်ဝကြီးလွေး လိုက်တော့တာပေါ့ဗျာ။ ခရမ်းချဉ်သီးငါးပိချက်စပ်စပ်လေးနဲ့
ဘူးညွန့်ကြော်ချက်လေးက သိပ်လိုက်တာဗျ ။

'သိင်္ခ'ကငါးကြော်လေးတစ်တုံးကိုခပ်ယူလိုက်ပြီးအထဲက အရိုးတွေကိုအာရုံစိုက်ပြီးနွှာနေလိုက်တယ်။တစ်ခါမှ ဒီလိုစားစရာတွေကို လက်ချည်းသက်သက် မကိုင်ဖူးတာမို့ အဝါရောင်ဟင်းဆီအချို့ကသူရဲ့လက်တွေမှာ ပေကျံလို့နေတယ်။ 

"သား...သိင်္ခရရဲ့လားမေမေ့ကိုပေးလေ။ "

ငါးကြော်တစ်တုံးနဲ့ ကမ္ဘာပျက်နေရှာတဲ့ သားတော်မောင်ကို 'ဒေါ်ရွှေဇင်ညိမ်း'တစ်ယောက် လှမ်းမေးလိုက်ရတယ်။

"ရပါတယ်...သားလုပ်တတ်တယ်။ "

အသန့်ကြိုက်လွန်းတဲ့ သားတော်မောင်က ငါးကြော်ကိုဆီတွေစီးကျတဲ့အထိအရိုးနွှင်နေတယ်တဲ့​လေ။
​ထိုမြင်ကွင်းကသူ(မ)ကို အတော်လေးအံသြသွားစေတယ်။

"အစ်ကိုဒီလိုသာဆက်နွှာနေရင် အစ်ကို့တစ်ကိုယ်လုံး
ဆီတွေနဲ့ပေကျံကုန်လိမ့်မယ် ကျုပ်ကိုပေး။"

'သိင်္ခ' ရင်ဘက်တစ်ခုလုံးလိပ်ပြာတွေအုပ်လိုက်ထပျံ သွားပေမဲ့ ဘယ်သူမှမရိပ်မိအောင်မျက်နှာကို
စိတ်ရှုပ်နေတဲ့ပုံအဖြစ်ထိန်းထားလိုက်တယ်။

"ရပါတယ်...ကျောက်ခဲလေးထမင်းသာဆက်စားပါ
ကိုယ့်ဘာသာ ဆက်နွှာလိုက်မယ်။"

"ပေးပါဗျာ...အစ်ကိုသာ ဒီလိုလုပ်နေရင်
ဘယ်သူမှထမင်းစားဝင်မှာ မဟုတ်တော့ဘူး
ကျုပ်နွှာပေးမယ်။"

ကျုပ်လဲ ပြောပြောဆိုဆိုနဲ့ 'ကိုသိင်္ခ'ရဲ့
လက်ထဲကငါးကြော်ကို ဆွဲယူလိုက်ရတယ်။
ကျုပ်တို့က မွေးကတည်းကထမင်းကို လက်နဲ့စားလာတာဆိုတော့ ငါးအရိုးနွှင်တာလောက်ကတော့ကိစ္စမရှိဘူးလေ၊၊'ကိုသိင်္ခ' ကိုကြည့်ရတာ လက်နဲ့စားဖူးမဲ့ပုံတောင်မပေါ်ဘူး။သူတို့ကျတော့လဲ
ငါးကြော်အရိုးနွှင်နေတာတောင်မှ ကြည့်ကောင်းနေတုန်းပဲ၊၊ရုပ်ရည်ချောမောတဲ့သူဆိုတော့
ဘာလုပ်လုပ်တင့်တယ်နေတာပေါ့ဗျာ။

"Dear Kyauk Khal"(Complete)Where stories live. Discover now