အပိုင်း(၄၅)"ဝီလီယမ်သောမက်စ်"

5.5K 620 45
                                    


Unicode
~~~~~~~

"ကလင်....ကလင်...ကလင်။"

အိမ်မကြီးရဲ့ အောက်ထပ်မှန်ပြတင်းတွေနားမှာ
ထားထားတဲ့ တယ်လီဖုန်းခွက်လေးဟာ မြည်သံပေးပြီးတုန်ယင်လာတာမို့ ဧည့်ခန်းထဲမှာ စာဖတ်နေတဲ့
'ဒေါ်ရွှေဇင်ညိမ်း'တစ်ယောက် ဖတ်လက်စ
စာအုပ်လေးကိုချထားခဲ့လိုက်ပြီး
တယ်လီဖုန်းလေးဆီကိုလျှောက်လာခဲ့လိုက်တယ်။

"ဟယ်လို...အမိန့်ရှိပါရှင့်
ဒေါ်ရွှေဇင်ညိမ်း ပြောနေပါတယ်။"

"မင်္ဂလာပါ ....'ဗညားသိင်္ခ' နဲ့
စကားပြောချင်လို့ပါ။"

တစ်ဖက်က အနောက်တိုင်းလေသံနှောတဲ့
ဗမာစကားသံကြောင့် 'ဒေါ်ရွှေဇင်ညိမ်း'
ရဲ့မျက်နှာပေါ်မှာ မေးခွန်းသင်္ကေတလေးတွေ
ဖြတ်ပြေးသွားရတယ်။

"သိင်္ခ ကအိမ်မှာမရှိသေးဘူးကွဲ့
ဒေါ်ဒေါ်က သိင်္ခရဲ့မိခင်ပါ ဘယ်သူလို့ပြောပေး
ရမလဲ။"

"အော်....'သိင်္ခ'ရဲ့ မာမီလား
ကျွန်တော့် နာမည်က 'ဝီလီယမ်သောမက်စ်' ပါ
'သိင်္ခ'ရဲ့အခန်းဖော်ပါ။"

တစ်ဖက်က စကားသံကြောင့်'ဒေါ်ရွှေဇင်ညိမ်း'ရဲ့
မျက်နှာက ဝင်းခနဲ ၊ လန်ဒန်ကထင်
လေသံခပ်ဝဲဝဲနဲ့ ဗမာစကားသံက ​ကြားရတာ
တစ်မျိုးလေးဆန်းကာ နားထောင်လို့ကောင်းလှတယ်။ ဒီကိုအလည်လာမလို့များလားလေ
သူ(မ)တော့ မျက်နှာပွင့်အုံးမယ်ထင်တယ်။

"တွေ့ရတာဝမ်းသာပါတယ်ကွယ်...
ဒါနဲ့ ဒေါ်ဒေါ်သူ့ကိုဘာပြန်ပြောပေးရမလဲ။"

"မနက်ဖြန်မနက် ဆယ်နာရီလောက်
ကွမ်းခြံကုန်း ဘူတာကြီးမှာ ကျွန်တော့်ကို
လာကြိုပေးလို့ရမလားလို့ပါ။"

မဝံမရဲမေးလာတဲ့ အသံလေးက
အသည်းယားစဖွယ်ဖြစ်တာကြောင့် 'ဒေါ်ရွှေဇင်ညိမ်း'
ရဲ့နှုတ်ခမ်းမှာ အပြုံးလှလှတစ်ပွင့်ဖြစ်တည်လို့လာရတယ်။

"ရတာပေါ့ကွယ်....ဒေါ်ဒေါ်ပြောထားလိုက်ပါ့မယ်
ရန်ကုန်ကိုလာမှာမို့လား ဒေါ်ဒေါ်တို့အိမ်မှာလာတည်း
ရမယ်နော်။"

"တ...တကယ်ပြောတာလားခင်ဗျ။"

"တကယ်ပေါ့ကွယ်...ဒေါ်ဒေါ်အခုပဲ အခန်းပြင်ခိုင်း
ထားလိုက်ပါ့မယ် မောင်ရင်လေးရဲ့ ဗမာစကား
ပြောသံလေးကို သဘောကျလိုက်တာ။"

"Dear Kyauk Khal"(Complete)Where stories live. Discover now