Unicode
~~~~~~~ဧည့်ခန်းထဲမှာထိုင်ပြီး သတင်းစာဖတ်နေတဲ့
'ဒေါ်ရွှေဇင်ညိမ်း' တစ်ယောက် ခြံထဲကိုဖြေးညှင်းစွာမောင်းဝင်လာတဲ့ ခိုပြာရောင်ကားလေးရဲ့စက်သတ်သံကို ကြားလိုက်တာမို့ သတင်းစာကိုဘေးချပြီး
မှန်ပြတင်းပေါက်ဘက်ကိုအကြည့်ပို့လိုက်မိတယ်။"ဆင်းနှင့်တော့နော် ကိုယ်သွားစရာလေးရှိသေးလို့။"
အစ်ကိုက ကျုပ်ကိုအပြုံးလေးတစ်ပွင့်နဲ့ပြောလာတယ်ဗျ ။ဒါပေမဲ့ အဲ့ဒီအပြုံးလေးက
ခပ်နွမ်းနွမ်းလေးဖြစ်နေတာမို့
အစ်ကိုဝမ်းနည်းနေမှန်း ကျုပ်သိလိုက်ပါတယ်။"ဆင်းတော့လေ ကျောက်ခဲလေးရဲ့
ဘာလဲ ကိုယ်နဲ့မခွဲနိုင်လို့လား။ "အစ်ကိုက သူ့ရဲ့အစွယ်ဖြူလေးတွေပေါ်လာတဲ့အထိ
ရယ်ရင်းကျုပ်ကိုထပ်ပြောလာပေမဲ့ရွှေရောင်ကိုင်း
မျက်မှန်အောက်က အစ်ကို့ရဲ့မျက်ဝန်းတွေကတော့
မှုန်မှိုင်းနေခဲ့တယ်။"အစ်ကို ကားကိုဂရုစိုက်မောင်းပါ။"
နူးညံ့တဲ့အပြုံးတွေနဲ့ ကျုပ်ကိုနှင်ထုတ်လို့နေတဲ့
အစ်ကို့ကိုထပ်ပြီး စိတ်အနှောင့်အယှက်မပေးချင်
တော့တာမို့ ကျုပ်လဲအစ်ကို့ကိုသတိပေးပြီးတာနဲ့ ကားပေါ်ကဆင်းလာလိုက်တယ်။ချက်ချင်းဆိုသလို ကားကိုအလျင်စလိုနဲ့ မောင်းထွက်သွားတဲ့ အစ်ကို့ရဲ့ကျောပြင်လေးကိုကြည့်ပြီး
ကျုပ်ရဲ့ရင်ဘက်တွေတင်းကျပ်လာရပါတယ်။အစ်ကို ဝမ်းနည်းနေတယ် ဒါပေမဲ့ သူအဆင်ပြေသလိုဟန်ဆောင်ထားတယ်။အစ်ကိုဘာလို့ အဲ့လိုလုပ်ရတာလဲ ကျွန်တော်မသိဘူး။ဘာကြောင့်ကျုပ်ဆီမှာသူခံစားနေရတာတွေကို ရင်မဖွင့်ရတာလဲ။
"မောင်ကျောက်ခဲ..!။"
"ဗျာ....ပြောပါဒေါ်ဒေါ်။"
အနောက်ကနေရောက်ချလာပြီး
ကျုပ်နာမည်ကိုခပ်တိုးတိုးခေါ်လာတဲ့ဒေါ်ဒေါ်ကြောင့်
ကျုပ်ရဲ့အတွေးတွေလဲကတ်ကြေးနဲ့ဖြတ်တောက်ခံလိုက်ရသလိုပြတ်တောက်သွားရတယ်။"အထဲကိုလိုက်ခဲ့အုံး
ဒေါ်ဒေါ်မင်းကို မေးစရာလေးရှိလို့။"
BINABASA MO ANG
"Dear Kyauk Khal"(Complete)