အပိုင်း(၁၄)"ထန်းရည်ဆိုင်တွင်ဒိတ်ကြခြင်း"

10.4K 1K 84
                                    

Unicode
~~~~~~~

ဒီနေ့ကျုပ်လယ်ထဲကိုရောက်နေတာဗျ။
လယ်ထဲမှာတစ်နှစ်ပတ်လုံးအခြောက်လှန်းထားတဲ့
'နောက်ချေး ' နဲ့ 'လချေး'တွေကို အမှုန့်လာထောင်း
တာ။ နောက်ချေးကတော့အိမ်ကနွားတွေက
ရတာပေါ့ ၊ 'လချေး' ကတော့တောထဲမှာပဲသွားကျုံး
ရတာပါ။'လချေး'ဆိုတာ 'လင်းနို့ချေး 'ကိုပြောတာဗျ။သူ့ပုံစံကအမဲရောင်အလုံးလေးတွေ ဖြစ်ပြီးတော့
ချဉ်စုတ်စုတ်အနံ့ရှိတယ်။

လင်းနို့ နဲ့ လင်းဆွဲ ဆိုတာကလဲကွာသေးသဗျ။ 'လင်းဆွဲ'ဆိုတာကအကောင်အကြီးကြီးတွေ၊ပြီးတော့ဒီကောင်တွေကညဘက်ထွက်ပြီး သီးနှံတွေကိုဖျက်ဆီးတတ်တဲ့အကောင်မျိုး။ 'လင်းနို့' ကျတော့ အပင်တွေမှာကျတတ်တဲ့ ပိုးမွှားအင်းဆက်တွေကိုပါဖမ်းယူစားသောက်ပေးတာ။ ကျုပ်တို့တောထဲမှာက
ဂူတစ်လုံးရှိတယ်ဗျ အဲ့ဂူက တောရဲ့ခပ်နက်နက်မှာ
ရှိတာမို့အဲ့ဂူ နဲ့ ဂူပတ်ဝန်းကျင်မှာ လင်းနို့တွေနေကြတယ်။ကျုပ်တို့ကတော့ နေ့လည်လောက်သွားပြီး
လင်းနို့ချေးတွေကို တောင်းနဲ့ကျုံးလေ့ရှိတာပေါ့ဗျာ။
ပြီးတော့မှ လယ်ထဲမှာနေခြောက်လှန်းရတယ်
အားတာနဲ့မြေသြဇာလုပ်ဖို့ပေါ့။

သိပ်မကြာခင်စပါးလဲရိတ်တော့မှာဆိုတော့ အဘကကြိုပြင်စရာရှိတာပြင်၊ ကျုပ်ကလဲ စပါးပြန်စိုက်ချိန်ရောက်ရင် မြေခံ အနေနဲ့သုံးဖို့ 'နောက်ချေး' နဲ့ 'လချေး' တွေကိုအမှုန့်ဖြစ်အောင် သစ်သားဆုံထဲထည့်ပြီးအပေါ်ကကျည်ပွေ့အရှည်နဲ့ထောင်း၊ ပြီးရင်
ဂုန်နီအိတ်တွေနဲ့ သယ်ပြီးလှောင်ထားရတော့
မှာပေါ့ဗျာ။

ပြောမယ့်သာပြောရတာအစ်ကိုမလာတော့လဲပျင်းသားဗျ။ဒါပေမဲ့လဲဒဏ်ရာကအရေးကြီးပါတယ်လေ မြို့သားလေးဆိုတော့နုနုဖက်ဖက်နဲ့ရယ် ဒဏ်ရာတွေနဲ့ ကြည့်လို့မကောင်းပါဘူး။ သူပြန်ကောင်းလာရင်တော့ ကျုပ်သူ့ကိုလိုက်ပြချင်တဲ့နေရာ လေးတွေကိုရောက်အောင်လိုက်ပို့အုံးမှာပါ။

ဒီလိုနဲ့နောက်ရက်တွေကစ ကျုပ်လဲအလုပ်များတော့တယ်စပါးရိတ် ၊ ကောက်လှိုင်းစည်း ၊ကောက်ဆိုင်ပုံလုပ်၊ချွေလှေ့ ၊ အစေ့ချွေပြီးတဲ့စပါးတွေကို တစ်ခါပြန်သန့်နဲ့တစ်လကျော်ကျော်လောက်မှစပါးကိစ္စတွေအားလုံးပြီးသွားတယ်။ဒီနှစ်က မိုးလေးလဲအဆင်ပြေတာမို့စပါးဈေးလေးကလဲမဆိုးဘူးပြောရမယ်။

"Dear Kyauk Khal"(Complete)Where stories live. Discover now