Unicode
~~~~~~~"ဒေါက်...ဒေါက်!။"
'ဦးရွှေမောင်'တစ်ယောက်အပေါ်ကိုရောက်တော့ အပြင်ကပြန်လာတိုင်းဘုရားစင်အောက်မှာ ရေနွေးထိုင်သောက်နေလေ့ရှိတဲ့ သူ့ရဲ့'ဘိုးစည် 'ကိုမတွေ့
ရတာကြောင့် အခန်းတွေရှိရာဘက်ကို
လျှောက်လာခဲ့လိုက်ပြီး 'ဘိုးစည်'ရဲ့အခန်းတံခါး
ကိုသွားခေါက်လိုက်တယ်။ချက်ချင်းဆိုသလိုပဲ တစ်ဖက်ကတံခါးလော့ခ်
ဖွင့်သံကထွက်ပေါ်လာပြီး ကျွန်းတံခါးချက်နှစ်ခု
ကပွင့်အာလို့လာတယ်။"ဘာဖြစ်လို့လဲ ဟိုကလေးကို
ဒေါသထွက်နေတာလား။"'ဦးရွှေမောင်' ကအခန်းထဲကို
လျှောက်ဝင်လာရင်း တစ်ဖက်လူကိုမေးလိုက်တယ်။"ကျုပ် ဇီးကွက် ရဲ့ဦးလေးအနေနဲ့တောင်းပန်ရော့တယ်။ ဒီလိုအပြုအမူမျိုးနောင်အခါရှိမလာစေရ
ပါဘူး။""လိုလို့လား...ဟမ်။"
တိုက်ပုံချွတ်ထားတာမို့ ထင်ရှားစွာမြင်နေရတဲ့
'ဦးဘိုးစည်'ရဲ့ ခါးသိမ်သိမ်လေးကို 'ဦးရွှေမောင်'က
အနောက်ကနေဆွဲဖက်ရင်းပြောလိုက်တယ်။"ကျုပ်နဲ့ခင်ဗျားကြားမှာ
ဒါတွေမလိုပါဘူး ဘိုးစည်ရယ်။"'ဦးဘိုးစည်' ရဲ့ရဲရဲနီနေတဲ့ နားရွက်တွေကို
'ဦးရွှေမောင်'ကမြတ်နိုးစွာနဲ့အနမ်းချွေကာ
ပြောလိုက်ခြင်း။"တစ်ခုခုပြန်ပြောပါအုံး..
အရှက်သည်းနေလိုက်တာ။ "တစ်ဖက်လူရဲ့စကားသံခပ်တိုးတိုးက
သူ့နားရွက်ဖျားလေးကိုယားကျိကျိနဲ့ရိုက်ခတ်လာတာကြောင့် 'ဦးဘိုးစည်'ရဲ့ရင်အစုံမှာ
တဒိန်းဒိန်းနဲ့အခုန်မြန်လို့လာရတယ်။"အဲ့ အဲ့လို မဟုတ်ပါဘူး။"
ထစ်ငေါ့စွာပြောလာတဲ့ သူ၏ချစ်ရသူဟာ
သူ့(ဦးရွှေမောင်)ကိုဆိုအမြဲတမ်းယုံကြည်ပေးခဲ့သူပါလေ။ နှစ်နှစ်ဆယ်ကျော် တစ်လျှောက်လုံး သူနဲ့ကောင်းအတူဆိုးအတူ ရင်ဆိုင်ပေးခဲ့သူ ၊ဒီလူသားကို
သူ့ရဲ့အပိုင်ဖြစ်နဲ့ တစ်လောကလုံးကိုအသိပေးပြီး
ပျော်ရွှင်တဲ့မိသားစု ဘဝလေးအဖြစ် အသက်သွင်းချင်ခဲ့ပေမဲ့ ပတ်ဝန်းကျင်နဲ့၊ အုပ်ချုပ်ရေးအခြေအနေတွေကြောင့်လက်လွှတ်ခဲ့ရတယ်။
YOU ARE READING
"Dear Kyauk Khal"(Complete)