Unicode
~~~~~~~~ကျုပ်နဲ့အစ်ကိုလဲ ရေချိုးပြီးတဲ့နောက်
ထမင်းစားခန်းကို အတူလျှောက်လာခဲ့ကြတယ်။
ရင်ထဲမှာတော့ ခုနကလန့်ထားတဲ့အရှိန်မပျောက်သေးတာမို့ ကျုပ်ခမျာ အစ်ကို့အနားကိုမကပ်ရဲဘူး။
အစ်ကိုကတော့ ကျုပ်ကိုကြည့်ပြီး
တစ်ချက်၊ တစ်ချက် ခိုးရယ်နေလေရဲ့။ထမင်းစားခန်းထဲကိုဝင်လိုက်ရင်ပဲ တရုတ်ဟင်းလျာ
အနံ့တွေက ကျုပ်နှာခေါင်းထဲကို အလုအယက်တိုးဝင်လာတယ်ဗျ။ ကျုပ်စိတ်ထဲမယ် အော်ဟစ်လိုက်မိတယ်။ တရုတ်ဟင်းလျာတွေက စားပွဲနဲ့အပြည့်မို့ ကိုယ့်မျက်လုံးတောင်ကိုယ်မယုံနိုင်တော့ဘူး။"ကျောက်ခဲလေး..လာထိုင်လေ။"
အစ်ကိုက အရင်ဝင်ထိုင်ရင်းကျုပ်ကိုခေါ်လာတော့
ကျုပ်လဲ အစ်ကို့ဘေးမှာပဲဝင်ထိုင်လိုက်ရတယ်။"ဝက်သားနဲ့ကြော်ထားတာ ကြိုက်တယ်မလား
ငုံးဥပါစားနော်...အားရှိအောင်။"အစ်ကိုက ကျုပ်ရှေ့ကိုခေါက်ဆွဲကြော်ပန်းကန်ကြီးချပေးရင်းပြောလာတယ်ဗျ ။ အဲ့ဒီ့အပြင် ကျုပ်အရှေ့ကထမင်းပန်းကန်ကိုတောင်ဖယ်ပေးလိုက်သေး ၊ အဓိပ္ပါယ်ကထမင်းနဲ့မစားပဲ ဒီအတိုင်းပဲစားပေါ့။
အဲ့တာကြောင့် ကျုပ်လဲအငွေ့တထောင်းထောင်း
ထနေတဲ့ ခေါက်ဆွဲကြော်ပန်းကန်ကြီးကိုကြည့်ပြီး
သရေတွေမျိုချလို့ အပီလွေးလိုက်တော့တယ်။
ခေါက်ဆွဲသားကနူးအိပြီး အသားတုံးတွေလဲ
အများကြီးပါတာဗျ။ အရသာကလဲထိပ်တန်းပဲ။
ကျုပ်တော့ဗိုက်ခွေးနမ်းပြီပေါ့ဗျာ..နိပ်ချက်။မိမိအရှေ့မှာအပီအပြင်စား
နေတဲ့ ကောင်ငယ်လေး ကိုကြည့်ပြီး 'သိင်္ခ'တစ်ယောက်မှာတော့ ပီတိတွေဖြာလို့နေရတယ်။
သူ ဆိုင်ရွေးမှန်သွားတာပဲ။"သူများကိုပဲကြည့်မနေနဲ့...စားစရာရှိတာစား။"
'ဦးရွှေမောင်'က တစ်ချိန်လုံး 'ကျောက်ခဲ'
ကိုသာခိုးခိုးကြည့်နေတဲ့'ဦးဘိုးစည်'ကို
ဟင်းတွေထပ်ထည့်ပေးရင်းနဲ့
ခပ်ကြိတ်ကြိတ်ဆူလိုက်တယ်။'ဦးဘိုးစည်'ကတော့တစ်ဖက်လူရဲ့
စကားသံကြောင့် ကိုယ်ရှိန်သတ်လိုက်ရပေမဲ့
အတွေးတို့ကတော့မရပ်တန့်နိုင်သေး။ ဘာကြောင့်မှန်းမသိထိုနှစ်ယောက်ကိုကြည့်ရင်းနဲ့ သာမန်မဟုတ်တဲ့အငွေ့အသက်တို့ရနေတဲ့အပြင်၊ 'ကျောက်ခဲ'ရဲ့နှုတ်ခမ်းတွေကလဲပုံမှန်ထက်ကို သိသိသာသာထူအန်းလို့နေတာ ။ အဲ့ဒါကလဲ 'သိင်္ခ'အခန်းထဲကနေ ထွက်လာကတည်းက။'မြွေမြွေချင်းခြေမြင်' ဆိုသလိုပဲ သူလဲအဲ့ဒီအရာတွေနဲ့တစ်ချိန်က ကျွမ်းဝင်ခဲ့ဖူးတဲ့သူလေ...တကယ်ကိုပဲလား။
YOU ARE READING
"Dear Kyauk Khal"(Complete)