Unicode
~~~~~~~
"သင်္ကြန်လွမ်းချင်းအခန်းတိုလေးများ(၁)
~~~~~~~~~~~~~~~~~~~~~~~~~~~
မြန်မာသက္ကရာဇ်-၁၂၉၆ ခုနှစ်မဟာသင်္ကြန်
~~~~~~~~~~~~~~~~~~~~~~~~~~~ခပ်စိမ့်စိမ့်ဖြစ်နေတဲ့ပတ်ဝန်းကျင်နဲ့အတူ၊
အစိုဓာတ်ပါတဲ့လေအေးတို့က သင်းဖျဖျ
ပိတောက်နံ့ကိုသယ်ဆောင်လို့လာတယ်။
'သိင်္ခ'တစ်ယောက်လဲအိပ်နေရာကနေ
ဖြေးညှင်းစွာထထိုင်လိုက်ပြီး
မိမိဘေးမှာ အပူပင်ကင်းစွာနဲ့ အိပ်ပျော်နေတဲ့
ကောင်ငယ်လေးရဲ့မျက်နှာကို
အနမ်းဖွဖွခြွေလိုက်တယ်။မနေ့ညကမိုးပြေးလေး
ဖြတ်သွားတာမို့ အခုလောက်ဆို
ပိတောက်တွေပွင့်နေလောက်ရောပေါ့၊ ဒီနှစ်ရဲ့
ပထမဆုံးသောပိတောက်တွေကို 'ကျောက်ခဲလေး'
ရဲ့ခေါင်းမှာသူကိုယ်တိုင်ပန်ဆင်ပေးချင်တယ်လေ။အတိတ်မှာကျန်နေခဲ့တဲ့ 'ဗညားသိင်္ခ'အတွက်ကတော့
သင်္ကြန်ဆိုတာ တစ်နှစ်တစ်ခါပြန်ပြီးပျော်ပါးလေ့ရှိတဲ့
ပွဲတော်တစ်ခုအပြင်မပိုခဲ့ဘူး။လက်ရှိအခြေအနေမှာတော့ ယခုနှစ်သင်္ကြန်ဟာ 'ကျောက်ခဲ'နဲ့သူ
အတူတူဖြတ်သန်းမဲ့ပထမဆုံးသောသင်္ကြန်
ဖြစ်တာကြောင့် ထူးခြားကာရင်ဖိုဖွယ်ကောင်းလို့နေတယ်။ရန်ကုန်သင်္ကြန်ကို တစ်ခါမှသေချာမဆင်နွှဲခဲ့ရတဲ့
ကောင်ငယ်လေးကို ဒီနှစ်မှာတော့နေရာအနှံ့လိုက်ပြဖို့အစီအစဉ်တွေဆွဲထားခဲ့ပေမဲ့လဲ
တစ်ဖက်လူကတော့ရွာကိုသာပြန်လိုကြောင်း
ပြောလာတာမို့သူလဲမငြင်းဆန်နိုင်ခဲ့။
အလုပ်တွေကိုသာလူယုံနဲ့လွှဲခဲ့ရပြီး
ချစ်သည်းညှာအားခေါ်ဆောင်လို့
ရွာငယ်လေးကိုပဲပြန်လာခဲ့ရတယ်။ပုံမှန်ဆို စောစောနိုးတတ်တဲ့သူက ခရီးပန်းလို့ထင်
အခုထိအိပ်ပျော်နေဆဲဖြစ်တာကြောင့်
ကောင်ငယ်လေးကိုစောင်သေချာခြုံခဲ့
ပေးလိုက်ပြီး အိပ်ခန်းထဲကနေထွက်လာ
ခဲ့လိုက်တော့တယ်။"ဟဲ့...အရှေ့ကဘယ်သူတုံး...ငကျောက်ခဲလား။"
အိမ်နောက်ဖေးမှာ ဆွမ်းချက်နေတဲ့ 'ဒေါ်သိမ်းကြည်'
ကအိမ်အရှေ့ဘက်ကကြားလိုက်ရတဲ့
ရေကျသံကြောင့် လှမ်းမေးလိုက်ခြင်းဖြစ်တယ်။
YOU ARE READING
"Dear Kyauk Khal"(Complete)