အပိုင်း(၅၉)'ရူးသွားတဲ့သိင်္ခ'

7K 628 87
                                    


Unicode
~~~~~~~

တဖြည်းဖြည်းနဲ့ ပြုတ်ထွက်တော့မယောင်
နာကျင်လာတဲ့ ခြေထောက်တွေကြောင့်
'သိင်္ခ' ကြမ်းပြင်ပေါ်ကိုစိတ်ပျက်စွာနဲ့ထိုင်ချလိုက်ရတယ်။ ဒီခြေထောက်အခြေအနေနဲ့ဆို သူဘာမှလုပ်လို့ရတော့မှာမဟုတ်ဘူး။ အခုချိန်မှာ သူအလိုအပ်ဆုံးက 'ကျောက်ခဲ'ပဲ။ သူ တစ်စုံတစ်ယောက်ကို အကူအညီတောင်းရမယ်၊ 'ကျောက်ခဲ' ဘယ်မှာရှိနေလဲ၊ အဆင်ပြေရဲ့လားဆိုတာကိုသူအတည်ပြုဖို့လို့တယ်။

မရပ်စဲနိုင်သေးတဲ့မျက်ရည်တွေကို
သူလက်ခုံနဲ့ပွတ်သုတ်လိုက်ပြီး သူ့ရဲ့အစီအစဉ်အတွက် အသုံးချရမဲ့လူတွေကို စဉ်းစားကြည့်လိုက်တယ်။သူငိုနေလို့မဖြစ်ဘူး၊ အမြဲတမ်း 'ကျောက်ခဲ ' ကပဲသူ့ကိုကာကွယ်နေရတာ...အခုတစ်ခါတော့ သူလဲ'ကျောက်ခဲ'နဲ့ထိုက်တန်ကြောင်းကိုပြဖို့လိုနေပြီလို့ထင်မိတယ်။ဘာကြောင့်လဲဆိုတော့ သူ့ဘဝမှာအကြောက်ဆုံးက'ကျောက်ခဲလေး'က သူ့ကိုအထင်သေးပြီး၊ယုံကြည်မှုမပေးတော့မှာကိုပဲ။

'သိင်္ခ' တစ်ယောက် သူ့ရဲ့မျက်လုံးတွေကို လှုပ်ရှားရင်း အခန်းတစ်ဝိုက်ကို အကြမ်းဖျင်းလေ့လာလိုက်တော့ရှုပ်ပွနေတဲ့ ပစ္စည်းတွေကိုကြည့်ပြီး ချက်ချင်းဆိုသလိုအတွေးသိဒ္ဓိပေါက်သွားရတယ်။

သူသာဥာဏ်ကောင်းရင် အရာအားလုံးက အေးအေးဆေးဆေးပြီးသွားလိမ့်မယ်၊ကိုယ့်ကိုယ်​လဲမိခင်ဖြစ်သူရဲ့အကြံအစည်တွေအောက်ကနေ ကာကွယ်နိုင်သလို၊ သူတို့နှစ်ယောက်အပေါ် နာကျင်စေခဲ့တဲ့ လူတွေကိုလဲ ပြန်ပြီးတုံ့ပြန်ခွင့်ရမှာ။

'ကျောက်ခဲ' ကိုချိုးချိုးနှိမ်နှိမ်မောင်းထုတ်ခဲ့တဲ့အမေရော၊ကျန်တဲ့ဟာတွေအကုန်လုံး 'ကျောက်ခဲ'လေးကိုဒူးထောက်ပြီးပြန်ခေါ်ရအောင်လုပ်ပစ်နိုင်မဲ့နည်းလမ်း။အဲ့ဒီနည်းလမ်းကတော့ လူမြင်ကွင်းမှာ သူဟာရူးနေတဲ့ လူတစ်ယောက်အဖြစ် သရုပ်ဆောင်နေဖို့ပဲ။

'ကျောက်ခဲ နဲ့ ခွဲချင်တာပေါ့
ကြိုးစားကြည့်ကြလေ၊ ရူးနေတဲ့လူက ဘယ်လောက်အထိလုပ်နိုင်စွမ်းရှိသလဲဆိုတာပြရတော့မှာပေါ့။'

အဲ့ဒီနောက်မှာတော့ အကြံကြီးတဲ့အပြုံးရိုင်းတစ်ခုက
'သိင်္ခ'ရဲ့မျက်နှာလှလှမှာ ထွက်ပေါ်လာခဲ့တယ်။

"Dear Kyauk Khal"(Complete)Where stories live. Discover now