အပိုင်း(၁၅)"ထန်းရည်သုံးခွက်သောက်ပြီးမှောက်သွားခြင်း"**

9.5K 1K 128
                                    

Unicode
~~~~~~~

"ဆက်မသောက်နဲ့တော့...တော်သင့်ပြီ။ "

'သိင်္ခ'သူ့အရှေ့မှာနှစ်ခွက်သောက်ပြီး ခေါင်းစိုက်နေတဲ့ကောင်ငယ်လေးဆီက ထန်းရည်ခွက်ကို လှမ်းယူပြီးပြောလိုက်တယ်။ဒါတောင် ထန်းရည်အိုးကို
အချို နဲ့အခါးလဲပေးထားလိုက်လို့၊ စလာချင်းနှစ်ခွက်သောက်ပြီးကတည်းက ခေါင်းစိုက်နေတာ။

"ပြန်ပေးပါ~~~ကျုပ်သောက်နိုင်ပါသေးဒယ်။"

"မရဘူး ပြန်ကြမယ်။"

မျက်နှာငယ်လေးနဲ့ပြောလာတဲ့အမူးသမားလေးအား
သူခက်ခက်ခဲခဲလျစ်လျူရှုလိုက်ရပြီး ကောင်ငယ်လေးကိုဆွဲထူဖို့လုပ်လိုက်တယ်။

"အစ်ကို~~။"

သူ့ရဲ့ပုဆိုးစကိုဆွဲပြီး မျက်လုံးရွဲကြီးတွေနဲ့ခေါ်လာတဲ့ကောင်ငယ်လေးကြောင့်'သိင်္ခ'နားထင်ကြောတစ်ခုလုံးကိုသွေးတို့ပင်ဆောင့်တက်သွားရတယ်။
ညိုအိအိပါးလေးနှစ်ဖက်နဲ့ နှာခေါင်းထိပ်လေးက
စတော်ဘယ်ရီသီးလေးလိုရဲနေတဲ့ ကောင်ငယ်လေးရဲ့
ချစ်စရာကောင်းမှုကြီးက သူယောင်ယမ်းပြီးမျက်လုံးတွေမှိတ်ပစ်လိုက်ရတဲ့အထိစွမ်းအားကြီးလွန်းတယ်။ဒီကောင်လေးဟာ သူ့ကိုရူးသွပ်သွားစေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်နေလေသလား။

"ကျုပ်မမူးသေးပါဘူး~~~အစ်ကိုပြန်ထိုင်လေ
ဆက်သောက်ရအောင်။"

သူ့ရဲ့ခြေထောက်ကိုဖက်ပြီး လက်ကလဲ
အငြိမ်မနေပွတ်သပ်နေတဲ့'ကျောက်ခဲ'ကြောင့်
'သိင်္ခ'မျက်နှာကြီးရဲတက်လာရတယ်။

"မောင်ရင်...ကျောက်ခဲလေးကမူးနေတာလား။"

ထန်းရည်ဆိုင်ပိုင်ရှင်ဦးလေးကြီးက မေးလာတာမို့
'သိင်္ခ'လဲခေါင်းညိတ်ပြလိုက်တယ်။ဦးကြီးက
သူ့စကားကိုကြားတာနဲ့ ထန်းရည်အိုးတွေကိုချပြီး
သူ့တို့ဆီလျှောက်လာကာ 'ကျောက်ခဲလေး'ကိုတွဲ
လိုက်တာမို့သူလျင်​မြန်စွာနဲ့ပဲကောင်ငယ်လေးကို
သူ့ဘက်ပြန်ဆွဲလိုက်ရတယ်။

"ရ....ရပါတယ်။ကျွန်တော်ပဲသူ့ကို
ပြန်ပို့ပေးလိုက်ပါ့မယ်။"

သူကအရူးမို့လို့ ဒီကလေးကိုသူများလက်ထဲကို
ထည့်ပေးလိုက်ရမှာလား အိမ်မက်မက်နေလိုက်
ဦးလေးကြီး။

"Dear Kyauk Khal"(Complete)Where stories live. Discover now