Unicode
~~~~~~~ဒီရက်တွေမှာ ကျုပ်နဲ့အစ်ကိုလဲ အလှူအတွက်
ဝိုင်းကူနေရင်းနဲ့ အချိန်တွေကုန်သွားလိုက်တာ
မြို့တက်ရမဲ့ရက်ကို ရောက်လာခဲ့တယ်။
ထုံးစံအတိုင်း မနက်အစောသွားရမှာမို့ ကျုပ်လဲပြင်ဆင်စရာရှိတာတွေပြင်ပြီး လှည်းတပ်လို့
သူကြီးအိမ်ဘက်ကိုမောင်းလာခဲ့လိုက်တယ်။"အောက်အီးအီးအွတ်...အောက်အီးအီအွတ်!။"
မနက်ဝေလီဝေလင်းအချိန်၊ အလင်းရောင်ကလဲ
မရတရနဲ့ အရှေ့ဘက်ကခေါင်းပြူနေတဲ့
နေမင်းကိုသာ'သိင်္ခ'စိုက်ကြည့်နေမိတယ်။
အခုချိန်ရန်ကုန်မှာဆို အိပ်လို့ကောင်းနေတုန်း
အခုတော့ဖြင့်အိပ်ဖို့မပြောလေနဲ့ နာရီပြန်
လေးချက်ထိုးလောက်ကတည်းက နိုးနေတာ။ အဝတ်အစားသုံးစုံရယ်၊ငွေတွေရယ်၊ ချောကလိတ် တောင့်တွေရယ်ကိုမမေ့မလျော့နဲ့ အိတ်ထဲထည့်ပြီးတော့၊ သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ဆင်ပြီး ခြံထဲမှာထိုင်စောင့်နေခြင်း။'ကျောက်ခဲလေး'နဲ့တူအောင်
ချည်တိုက်ပုံကိုဝတ်ထားပြီး၊ ဖျင်တဘက်လေးနဲ့
ခေါင်းကိုလဲပေါင်းထားသေးတယ်။ခြံထဲက ကွပ်ပျစ်ပေါ်မှာရေနွေကြမ်းလေး
ထိုင်သောက်နေလိုက်ရင်းက ရွာလမ်းမဆီကကြားလိုက်ရတဲ့ ခလောက်သံသဲ့သဲ့ကြောင့်
သူထိုင်ရာကနေထပြီးခြံဝကိုအမြန်သွားကြည့်မိတယ်။သပ်သပ်ရပ်ရပ်ဝတ်စားထားပြီး ကျော့ရှင်းနေတဲ့မျက်နှာလေးနဲ့ နွားလှည်းကိုမောင်းလာတဲ့
'ကျောက်ခဲလေး'ကိုမြင်တော့ 'သိင်္ခ' လက်လှမ်း
ပြလိုက်တယ်။"အစ်ကိုက တယ်ဟုတ်ပါလား
အစောကြီးနိုးနေတာပဲ။"'ကျောက်ခဲ'က နွားလှည်းကိုခြံပြင်မှာ
ရပ်ရင်းနဲ့သူ့ကိုမေးလာတယ်။"ဟုတ်တယ် ကိုယ်စိတ်တွေလှုပ်ရှားနေတာ။"
"အစ်ကိုကတော့ နောက်ရော့မယ်
မြို့ပေါ်မှာ အဲ့လောက်စိတ်ဝင်စားစရာမရှိပေါင်ဗျာ။
အစ်ကိုတို့ ရန်ကုန် နဲ့အကွာကြီးပါ။""ဘယ်လိုပဲဖြစ်ဖြစ်လေ ဒါကမင်းနဲ့ကိုယ်
နှစ်ယောက်တည်းသွားရမဲ့ ပထမဆုံးခရီးမလား။"
YOU ARE READING
"Dear Kyauk Khal"(Complete)