Unicode
~~~~~~~ဘုန်းကြီးကျောင်းဝန်းထဲမှာ အလှူအတွက်ထင်းခွဲနေတဲ့ရွာသားတွေနဲ့ ကြက်သွန်ဖြူ ၊ ကြက်သွန်နီတွေကို
အခွံချွတ်နေကြတဲ့ အမျိုးသမီးအုပ်စုကိုတွေ့လိုက်ရတာမို့ 'ဒေါ်ရွှေဇင်ညိမ်း'လဲ ထိုအမျိုးသမီးအုပ်ထဲ
ဝင်ပြီး ကြက်သွန်တွေဝိုင်း'သင်'ပေးဖို့လုပ်လိုက်တယ်။သူကြီးနဲ့ဦးရွှေမောင်တို့ကတော့ ပန်းကနုတ်တွေ
စီချယ်ထားပြီး၊ပန်းပုရုပ်ကြွတွေထွင်းထုထားတဲ့
ကျွန်းလှေကားကြီးအတိုင်း ကျောင်းပေါ်ကိုတက်လာခဲ့ကြလေရဲ့။ ရှေးကျတဲ့ ကုန်းဘောင်ခေတ်လက်ရာ
တွေကကျောင်းအပြင်မှာပါမက၊ကျောင်းပေါ်မှာလဲရှိကာ၊ လုံးပတ်ကြီးမားတဲ့ကျွန်းတိုင်ကြီးတွေကလဲ
ခန့်ခန့်ထည်ထည်ရှိလှတယ်။အမိုးဘက်က လေးဘက်လေးလံ တွဲလောင်းကျနေတဲ့ပန်းကနုတ်ခတ်ကြီးတွေကလဲ ကျောင်းရဲ့အသရေတွေထဲကတစ်ခု။သူကြီးတို့ဟာ ကျောင်းဝရောက်တာနဲ့
ဆရာတော်ဘုရားဆီ လျှောက်သွားပြီး
ညီညီညာညာနဲ့ ဂါရဝပြုလိုက်ကြတယ်။"အိမ်း အိမ်း သာဓု ကွယ် သာဓု သာဓု။"
ဆရာတော်ဘုရားဟာ သက်တော်ကိုးဆယ်
ကျော်ပြီဖြစ်ပေမဲ့ ကျန်းမာရေးကောင်းမွန်တာကြောင့်
တရားအားထုတ်နိုင်ဆဲဖြစ်တယ်။ကျောင်းပေါက်ဝ
ရှိရာဆီတစ်ချက်လှမ်းကြည့်ရင်း ခေါင်းလေးတညိတ်ညိတ်ဖြင့်မေးလာသည်က။"ဒကာမကြီးဒေါ်ရွှေဇင်ညိမ်းကိုရော
မတွေ့ပါလားကွယ့်။""ကျောင်းအောက်မှာ လုပ်အားပေးတဲ့အဖွဲ့ထဲ
ဝင်ရှုပ်ရင်းကျန်နေခဲ့ပါတယ်ဘုရား။"'ဦးရွှေမောင်'က ထိုသို့လျှောက်လိုက်တော့
ဆရာတော်က သဘောကျသယောင်ပြုံးလေတယ်။"တပည့်တော်တို့ အလှူအတွက်သာမက
ဒီရွာကစေတီကို ထုံးသင်္ကန်းကပ်ဖို့နဲ့ ထီးတော်အသစ်
တင်ဖို့အတွက်လဲ ပါဝင်လှူဒါန်းချင်လို့ပါဘုရား။""အိမ်း အိမ်းကောင်းကွယ့်။ဘုန်းကြီးကလဲဝမ်းပန်းတသာကြိုဆိုပါတယ် ဒကာရွှေမောင်ရယ် ။
ဘုန်းကြီးတို့ရွာတစ်ဝိုက်မှာလဲ ဒီလိုငွေကြေးများများစားစားတတ်နိုင်တဲ့မိသားစုကလဲရှားတယ် မဟုတ်လား။ လက်လုပ်လက်စား မိသားစုတွေများတာမို့ ဘုန်းကြီးကဒီကိစ္စနဲ့ပတ်သက်ပြီး ရွာသားတွေကိုနှိုးဆော်ဖို့ အားနာနေမိတာ။
ဒကာက အခုလိုကမကထပြုပြီးထည့်ဝင်တော့
ဘာပဲဖြစ်ဖြစ်ရွာကလူတွေလဲအများကြီးကုန်ကျစရာမလိုတော့ဘူးပေါ့ကွယ်။"
YOU ARE READING
"Dear Kyauk Khal"(Complete)