အပိုင်း (1) Uni/Zawgyi

145K 2.1K 27
                                    

မောင့် မူပိုင်ရှင်
အပိုင်း(1)

"မူပိုင် စောင့်ရတာကြာသွားလား "

မဂ္ဂဇင်းစာအုပ်ဖတ်နေသည့် မိတ်ကပ်ရောင် မြန်မာအင်္ကျီဝမ်းဆက်နဲ့ မိန်းကလေးတစ်ယောက် မော့ကြည့်လိုက်လာသည်။

"သြော် ချယ်ရီ ဟင့်အင်း မကြာသေးပါဘူး လာထိုင်လေ ရော့ ဒီမှာ သံပုရာရည်လေးမှာထားတယ်"

မူပိုင် ဆိုသည့်မိန်းကလေးက မဂ္ဂဇင်းစာအုပ်လေးပိတ်၍ တစ်ဖက်ကချယ်ရီဟူသော မိန်းကလေးရှေ့သို့ သံပုရာရည်ခွက်ကလေးရွေ့ပေးသည်။

"Sorry ပါ မူပိုင် ရယ် နင်ကသာမကြာဘူးပြောတာ နာရီကိုကြည့်ပါဦး ၄၅မိနစ်တောင် ငါနောက်ကျတယ် "

သူငယ်ချင်းချယ်ရီက လက်ကနာရီကိုငုံ့ကြည့်ရင်းပြော၏။

"ငါက စာအုပ်ဖတ်ရင်းစောင့်နေတာ ကြာလို့ကြာမှန်းမသိဘူး ဆိုပါဦး နောက်ကျရတဲ့ကိစ္စ"

"ဒီလိုပါဟယ် ငါ Guideပြနေတဲ့ ကျောင်းသားလေ သိပ်ဆိုးတယ် "

မူပိုင်ဆိုသည့်မိန်းကလေးက မျက်လုံးဝိုင်းကလေးနဲ့ နားထောင်နေသည်။

"ဟုတ်လား ဘယ်လောက်တောင်ဆိုးလို့လဲ "

"ဟူး... မပြောချင်ပါဘူးဟယ် သူတို့အိမ်ကလည်း တော်တော်ချမ်းသာတယ်ဟ သူ့သားကို Guide ဘယ်နှယောက်နဲ့ သင်မှန်းတောင်မသိဘူး ငါတာ၀န်ယူရတာက Chemistry ရယ် Physicsရယ် Bioရယ် ၃ဘာသာတည်း"

ချယ်ရီဟူသည့် မူပိုင့်သူငယ်ချင်းသည် Chemistry မေဂျာနှင့်ပြီးထားပြီး တက္ကသိုလ်မှာ ဆရာမလုပ်နေသူတစ်ဦးပင်။ ဆယ်တန်းကျောင်းသားများအား Guide ပြသည့်ဆရာမတစ်ဦးလည်းဖြစ်၏။

"အင်း ၃ဘာသာတည်းဆိုတော့ ပိုင်ပိုင်နိုင်နိုင်ပြနိုင်တာပေါ့"

"အဲ့တာထက် အိမ်က ချမ်းသာတော့ အရမ်း အလိုလိုက်ထားခဲ့ပုံရတယ် ၁၀တန်းကိုတစ်နှစ်ကျပြီးသား ဒီနှစ်လည်း မသေချာဘူး နှစ်၀က်ကျိုးနေပြီ ဘာစာမှမလုပ်ဘူး စိတ်ညစ်ပါတယ် "

"ဒီလိုပါပဲ ကလေးတွေက သိပ်စိတ်မ၀င်စားကြဘူး အတင်းမောင်းမှဖြစ်တာ"

"ပြီးတော့ ရိုင်းလည်းရိုင်းတယ် ငါစာသင်နေတုန်းဆို ငါ့ကိုမလေးစားတဲ့အပြင် သူလုပ်ချင်တာလုပ်နေတာ အိပ်ချင်အိပ်တယ် မဟုတ်ရင် ငေးနေတယ် အို... စုံနေတာပဲ"

မောင့် မူပိုင်ရှင် (Completed) OCWhere stories live. Discover now