အပိုင်း (27) Uni/Zawgyi

36.4K 938 31
                                    

မောင့် မူပိုင်ရှင်
အပိုင်း(27)

"ဒီနေ့တော့ စောစောစီးစီး ဝင်အိပ်လို့ပါလား "

၉နာရီသာရှိသေးသည့် ညအချိန်တွင်ဇိမ်း မွေ့ယာပေါ်၌နေရာယူပြီးနေပြီမို့ မူပိုင် နောက်လိုက်သည်။

"အင်း မနက်တိုင် မတ်မတ် ကိုရုံးလိုက်ပို့ချင်လို့ သေချာ အစောကြီး အိပ်တာ "

"ဟုတ်ပါပြီရှင် ကောင်းတာပေါ့ ဒါပေမဲ့ ရုပ်ရှင် မကြည့်ရတာ ငါ့ကြောင့်လို့တော့ မပြောနဲ့နော် မင်းဟာမင်း အစောကြီး အိပ်တာ"

"မတ်မတ်ပြောမှ သတိရတယ် ဒီရုံးပိတ်ရက် ဖြစ်ဖြစ် တစ်ညနေ ဖြစ်ဖြစ် ရုပ်ရှင်သွားကြည့်ရအောင် "

မူပိုင် သူ့ဘေးနားမှာ ဝင်လှဲ ရင်း

"ရုပ်ရှင်?"
"အင်း မတ်မတ် နဲ့ မကြည့်ဖူးသေးဘူး"

"မကြည့်ချင်ပါဘူး "

"ဘာလို့လဲ မောင် နဲ့မကြည့်ချင်လို့လား "

သူမဘက်သို့ချက်ချင်းလှည့်လာပြီး ကျောပေးထားသော သူမအား အနောက်မှ ပွေ့ဖက်ပြီး

"ကြည့်ရအောင်ပါ"
"ဘာကားမို့လို့လဲ"

"မသိဘူးလေ မောင် လည်းရုပ်ရှင်ရုံမရောက်တာကြာပြီ ဘာလဲ လိုက်ကြည့်မလို့လား "
"မပြောပါဘူး ကြည့်မယ်လို့"

"မရတော့ဘူး ကြည့်ဖို့စိတ်ပါရဲ့သားနဲ့ မလိမ်နဲ့ မနက်ဖြန်ညနေသွားကြည့်မယ် နော် "

မူပိုင် လည်း ခေါင်းညိတ်ကာ

"အင်း အင်း ငါလည်း တစ်နေ့တခြား ကလေးထိန်း နဲ့ပိုတူလာသလိုပဲ "

"ပြောထားပေါ့ သူများကို ကလေးကလေးနဲ့
သူကဖြင့် ရုပ်ရှင် တောင်မကြည့်ဘူးပဲ "

"ပြီးတော့ စကားကိုလည်း တစ်ခွန်းမကျန်ပြန်ပြန်ပြောတယ် "

"အဲ့ဒီတော့ ဒေါ်မူပိုင်ရှင် ကဇိမ်းကိုချစ်သွားရောတဲ့လား "

"ဟယ် မဆီမဆိုင် တော်ပြီ လေပေါလိုက်တာ အိပ်တော့ "

မူပိုင့်စကားအဆုံးမှာ သူအသံလည်းမကြားရတော့သလို မလှုပ်မယှက်နှင့် အိပ်ပျော်သွားသည်ထင်ပါရဲ့။

မောင့် မူပိုင်ရှင် (Completed) OCWhere stories live. Discover now