အပိုင်း (8) Uni/Zawgyi

32.2K 992 15
                                    

မောင့် မူပိုင်ရှင်
အပိုင်း(8)

တစ်ရက်ပြီးတစ်ရက် တစ်ပတ်ပြီးတစ်ပတ် တစ်လပြီးတစ်လကုန်ဆုံးခဲ့၍ ထို့နောက် တစ်နှစ် ပြည့်သွားပြန်သည်။

၂နှစ်ရှိပါပြီ။
အတိအကျဆိုရင် ၂နှစ်နဲ့၆လ။
ဒီကာလအချိန်အတွင်းမှာ ကိုဇေ နဲ့မူပိုင် နည်းနည်းလေးမှ အဆက်အသွယ်မပြတ်ခဲ့ကြ။

ဖုန်းခေါ်ကြ Video call ပြောကြ တစ်ခါတစ်ရံဆို တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ငိုနေမိကြသေးသည်။

"၄ နာရီထိုးနေပြီ မူပိုင် မပြန်သေးဘူးလား"

မန်နေဂျာဒေါ်သီ ကမူပိုင့်အလုပ်စားပွဲရှေ့မှာလာရပ်ပြီးမေးလိုက်တော့မှ မူပိုင်လည်းကိုဇေ့ကိုလွမ်းပြီးအတွေးနယ်ချဲ့နေရာကနေရပ်တန့်သွားရသည်။

"ဟင် ဟုတ်သားပဲ မူပိုင် နာရီမကြည့်မိတာ "

"အလုပ်ကြိုးစားချက် "
"တစ်ခါတစ်လေပါ မသီရယ် "

မူပိုင်က စစ်လက်စစာရင်းစာအုပ်တွေကို စီစီရီရီထပ်ကာ ဆလင်းဘတ်အိတ်ကလေးကို ကောက်လွယ်လိုက်သည်။

"ကျေးဇူးပဲ မသီ မူပိုင့်ကိုစောင့်ပေးလို့ "
"ပြောရမယ့်လူကျနေတာပဲ "

မူပိုင်နဲ့မသီတို့ စကားတပြောပြောနှင့် ရုံးထဲမှထွက်လာခဲ့ကြသည်။

"ဟယ်တော် ဒီနေ့ ငါက မူပိုင်နဲ့ပြန်ပါဆိုမှ အမျိုးသားကလာကြိုနေပြန်ပြီ"

"အို..မသီကလည်း မူပိုင်က ရပါတယ် အစ်မ ယောကျာ်းစိတ်မကောင်းဖြစ်သွားလိမ့်မယ် လိုက်သွားပါ"

"မနက်မှတွေ့ကြတာပေါ့ သွားပြီနော် မူပိုင်"

မသီဆိုတဲ့​ခပ်၀၀အမျိုးသမီးကသူ့အမျိုးသားရဲ့ဆိုင်ကယ်နောက်မှထိုင်လိုက်သွားလေသည်။
မူပိုင်လည်း အချိန်တစ်နာရီလောက်ရသေးတာနဲ့ ပျင်းသည်နှင့် ချယ်ရီဆီသို့ဖုန်းဆက်ခဲ့သည်။

"ဟယ်လို!"
"ဟယ်လို မူပိုင် နောက်မှပြန်ခေါ်မယ်နော် ငါစာသင်နေလို့ "

"သြော် အေးအေး အရေးမကြီးဘူးရယ် ရတယ်"

မူပိုင် အားနာသွားကာ ဖုန်းချလိုက်၍
"ဟူး ကို ပြန်မလာသေးဘူးလား မူပိုင် တစ်ယောက်တည်း သိပ်အထီးကျန်တာပဲ"

မောင့် မူပိုင်ရှင် (Completed) OCWhere stories live. Discover now