မောင့် မူပိုင်ရှင်
အပိုင်း(14)နေရောင်ခြည်ထွက်စနံနက်ခင်းအချိန် ၆နာရီဆိုလျှင် အလိုလို မျက်လုံးပွင့်လာတတ်သော မူပိုင် မနေ့ညက သူဆိုဖာပေါ်မှာအိပ်ရသည်။
ဆိုဖာက ခပ်ကြီးကြီးဖြစ်သည်မို့ သက်တောင့်သက်သာရှိပါသည်။ မူပိုင် စောင်ဖယ်ကာ ထ၍ မျက်နှာသစ်ရန် ရေချိုးခန်းသို့လျောက်လာရင်း အိပ်ယာပေါ်က ၀မ်းလျားမှောက်လျှက်အိပ်မောကျနေသော သူမအမြင်ကပ်သည့် ကောင်လေး။တစ်နည်းအားဖြင့် သူမ၏ခင်ပွန်း။
"အိပ်နေပုံကလည်း ကုလားသေ ကုလားမော အိပ်မက်မက်တုန်းထင်ပါတယ် "
မူပိုင် မျက်စောင်းထိုးကာ ရေချိုးခန်းထဲ၀င်သွား၏။ မျက်နှာသစ် သွားတိုက်ကာ ရေသုတ်ရင်း ထွက်လာသည်အထိ မောင်မင်းကြီးသားက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလျှက်ပင်။
မူပိုင် မနက်စာတစ်ခုခုလုပ်ဖို့ အောက်ဆင်းဖို့ ခြေလှမ်းပေမဲ့
"ကျစ် ပြီးရင် အလုပ်နောက်ကျလို့ အဆူခံရလိမ့်ဦးမယ် "
မူပိုင် ပြန်လှည့်ကာ အိပ်ယာနားထိလျှောက်လာ၍
"ဟိတ် ဟဲ့ ထတော့ ၆နာရီထိုးပြီးနေပြီ "
အော်နှိုးပေမဲ့ ကုလားသေကုလားမော ဇိမ်း တို့ကတော့ တုတ်တုတ်မှမလှုပ်။
"ဟဲ့ အလုပ်နောက်ကျလိမ့်မယ် ထတော့ "
မူပိုင် တစ်ခွန်းမရ နှစ်ခွန်းမရမို့ စိတ်တိုလာသည်။
"ကျစ် အဲ့လောက် အိပ်နေရအောင် မနေ့ညက မင်း ကင်းစောင့်ရလို့လား စိတ်ညစ်ပါတယ် ဟဲ့ ထလို့"
မူပိုင် သူ့ကိုထိချင်တာလည်းမဟုတ် ဒီတိုင်းလည်းမနိုးသဖြင့် အပေါ်ကခြုံထားသော စောင် ကိုဆွဲလှန် လိုက်သည်။
"........"
ရုတ်တရက် ထတော့ လို့ပြောမယ့် စကားပင် သူမစွံ့အသွားရသည်။
အင်္ကျီမပါပဲ အိပ်နေသည့် သူရဲ့ ဖွေးစွတ်နေသောကျောပြင်ကြောင့် မူပိုင် မျက်လုံးပါပြူးသွားပြီး ယောကျာ်းလေးတစ်ယောက် အင်္ကျီချွတ်တာမြင်ဖူးတာဆို မရင်းနှီးခဲ့ဖူးသောမူပိုင်။
YOU ARE READING
မောင့် မူပိုင်ရှင် (Completed) OC
Romance" ခင်ဗျားကို ကျွန်တော် မယူရင် ဘယ်သူက ယူမှာလဲ " " မင်း မိုက်ရိုင်းလှချည်လား " ပါးပေါ်သို့စပ်ဖျင်းဖျင်းနဲ့ ကျရောက်လာတဲ့ သူမ လက်ဝါးနဲ့က မစိမ်းသက်တော့ပါဘူး "မာနတွေသိပ်ကြီးမပြနဲ့ ဒေါ်မူပိုင်ရှင် ခင်ဗျားကို အစ်ကို့ မိန်းမမို့လို့ အလျော့ပေးနေတာ နောက်ဆိုရ...