မောင့် မူပိုင်ရှင်
အပိုင်း(20)မူပိုင့်လက်ကိုလာဆွဲသောအခါ ခန့်တည်ကြည်က ပြူးတူးပြဲတဲနှင့် တားဖို့ကြံစည်စဉ်မှာ
မူပိုင် လက်ကို ခပ်တင်းတင်းဆွဲသွားသည်။
မူပိုင် ရုန်းလိုက်လျှင် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားမည်စိုးသောကြောင့် အသာလိုက်ခဲ့၏။ ဇိမ်း ဆိုင်ကယ်ပေါ် တက်ခွပြီး စက်နှိုးလိုက်ပါသည်။ မူပိုင် ဆရာ့ကိုလှမ်းကြည့်၍ဘယ်လိုရှင်းပြရမလဲပင် ။"တက်လေ"
ဇ်ိမ်းဆိုလိုက်သောကြောင့် မူပိုင် ခပ်မြင့်မြင့်ဆိုင်ကယ်ပေါ်သို့ ဘေးတစောင်းလေးထိုင်လိုက်၏။ ဇိမ်း ခန့်တည်ကြည် အားလှမ်းကြည့်ကာ မူပိုင် လက်နှစ်ဖက်ကို သူ့ခါးသို့ ဆွဲဖက်စေလိုက်ပြီး ထို့နောက်ဆိုင်ကယ်ကို စောင့်ထွက်လိုက်ရာ မူပိုင် ကြောက်ပြီး ပို၍ တင်းကြပ်စွာဖက်ထားလိုက်သည်။
ဘာကိုမှနားမလည်စွာ နဲ့ကျန်ရစ်ခဲ့သည့် ခန့်တည်ကြည် လည်း ရုံးထဲသို့သာ ပြန်၀င်လာခဲ့သည်။ ခန့်တည်ကြည် ၀င်လာသည့်အခါ လူအတော်အများက မှန်ပြတင်းနားမှာစုနေကြပြီး
မကြာမီက အဖြစ်အပျက်ကို ကြည့်ပြီးဝေဖန်နေကြသည်ထင်ပါရဲ့။မသီက ခန့်တည်ကြည် ၀င်လာသည်အား မြင်လိုက်၍ ပြတင်းနားက သူများအားလက်တို့လိုက်သည်။ ရုံးဆင်းချိန်ကျော်နေပြီ ၄နာရီ၃၀မိနစ်ရှိပေမဲ့ ဆရာနှင့်မူပိုင် မလာသေးသည်မို့ အားလုံးမပြန်ရသေးပေ
။
"ဆရာ အဆင်ပြေခဲ့ရဲ့လား "ခန့်တည်ကြည် မျက်နှာမကောင်းသည်က အမှန်ပင်။
"အင်း မနက်ဖြန်မှ အသေးစိတ်ပြောကြတာပေါ့ မူပိုင် လည်း ပြန်......"
ခန့်တည်ကြည် စကားရပ်သွားပြီ အကြံတစ်ခုရသည့်ပုံနှင့်
"မသီတို့ ခုနက မူပိုင့်ကို ကောင်လေးတစ်ယောက်ဆွဲခေါ်သွားတာမြင်လိုက်ပုံပဲ"
အားလုံးက ခေါင်းညိတ်လိုက်ကြပါသည်။
"ဘာလို့ဆွဲခေါ်သွားတာလဲ...မဟုတ်ဘူး... အဲ့ဒီထက်အရေးကြီးတာက မူပိုင်နဲ့ဘယ်လိုပတ်သတ်သလဲ"
ခန့်တည်ကြည် ရဲ့မေးခွန်းသည် ဒေါသဘက်သို့အနည်းငယ်လဲနေသည်ကို အားလုံးသတိမိကြမည်ထင်ပါသည်။
YOU ARE READING
မောင့် မူပိုင်ရှင် (Completed) OC
Romance" ခင်ဗျားကို ကျွန်တော် မယူရင် ဘယ်သူက ယူမှာလဲ " " မင်း မိုက်ရိုင်းလှချည်လား " ပါးပေါ်သို့စပ်ဖျင်းဖျင်းနဲ့ ကျရောက်လာတဲ့ သူမ လက်ဝါးနဲ့က မစိမ်းသက်တော့ပါဘူး "မာနတွေသိပ်ကြီးမပြနဲ့ ဒေါ်မူပိုင်ရှင် ခင်ဗျားကို အစ်ကို့ မိန်းမမို့လို့ အလျော့ပေးနေတာ နောက်ဆိုရ...