မောင့် မူပိုင်ရှင်
အပိုင်း(17)စျေးအပြန်မှာ တစ်ယောက်နှင့်တစ်ယောက် တစ်ခွန်းတစ်လှည့်စီ တုန့်ပြန်စကားနိုင်လုရင်း အိမ်သို့ရောက်လာခဲ့ကြသည်။ မူပိုင်က ဇိမ်းတံခါးဖွင့်ပေးသည့် သူတို့နေအိမ်ထဲသို့ ၀င်သွားသည်။ မူပိုင်စျေးခြင်းတောင်းကို မီးဖိုခန်းထဲမှာ ထားခဲ့၍ အိမ်ပေါ်တက်သွားလေ၏ ။
ဇိမ်းလည်းဧည့်ခန်းထဲကဆိုဖာမှာခြေပစ်လက်ပစ်ထိုင်ချပြီး TVဖွင့်ကြည့်လေလျှင် တစ်အောင့်အကြာမှာ မူပိုင်ကသူ့ဆံပင်အရှည်ကြီးကို အပေါ်သို့မြှောက်တင်ထုံးဖွဲ့ရင်း
အသားအေးစေမည့် စပန့်သား အင်္ကျီနှင့် ထဘီကိုလဲ၀တ်လာခဲ့သည်။မူပိုင် မီးဖိုခန်းထဲ၀င်သည့်အခါ ဇိမ်းက ဆိုဖာပေါ်ကမထပဲလှမ်းမေးသည်မှာ
"ကျွန်တော် ကူလုပ်ပေးရဦးမလား"
"မလိုပါဘူး လာမရှုပ်နဲ့ ကိုယ့်ဟာကိုယ်အေးဆေးနေ"
မူပိုင်က စျေးခြင်းထဲမှ ဟင်းချက်စရာတွေအား စားပွဲပေါ်သို့ပြောင်းလဲတင်ယူရင်း တုန့်ပြန်ဖြေဆိုလိုက်သည်။
ဇိမ်းကTVလိုင်းတွေတစ်ခုပြီးတစ်ခုနှိပ်ပြောင်းရင်းသူမရဲ့တုန့်ပြန်စကားကို ပြုံးလိုက်သည်။
ထို့နောက် ထိုင်ရာမှ၍ TV တင်ထားသည့်စားပွဲ အောက်မှ DVDစက်ကိုဖွင့်လိုက်ကာ ခါးကြားထဲထိုးထည့်လာသည့် အခွေ ကိုထုတ်ပြီး စက်ထဲထည့်လိုက်၏။ အမှန်တကယ်တော့ ဇိမ်း ဆိုသည်မှာ အခွေ ၀ယ်ကြည့်နေမယ့်သူမျိုးမဟုတ်။ သူမနဲ့စျေးလိုက်ရင်း သီချင်းခွေ တစ်ခွေ သူမမသိအောင်ခိုး၀ယ်လာခြင်းဖြစ်သည်။
၀ယ်လာသည့် ခွေမှာ တခြားမဟုတ် Double J ရဲ့သီချင်းခွေဖြစ်သည်။TVပိတ်ကာ သီချင်းခွေထည့်ဖွင့်ပြီး Sound Boxအသံကို မြှင့်ကာ သူက သူမရှိသောမီးဖိုခန်းထဲသို့ရောက်လာသည်။
💙💙 🎼🎼💙💙
🎼အရွယ်ကွာလွန်းတဲ့ မိန်းကလေးတစ်ယောက်ကိုချစ်မိတာ အပြစ်မရှိတာမို့🎼
သီချင်းသံအကျယ်ကြီးကြောင့် မူပိုင် ထမင်းအိုးတည်ဖို့ဆန်ရေဆေးနေရင်းပင် ရုတ်တရက်လန့်သွားရသည်။
![](https://img.wattpad.com/cover/284865684-288-k533048.jpg)
YOU ARE READING
မောင့် မူပိုင်ရှင် (Completed) OC
Romance" ခင်ဗျားကို ကျွန်တော် မယူရင် ဘယ်သူက ယူမှာလဲ " " မင်း မိုက်ရိုင်းလှချည်လား " ပါးပေါ်သို့စပ်ဖျင်းဖျင်းနဲ့ ကျရောက်လာတဲ့ သူမ လက်ဝါးနဲ့က မစိမ်းသက်တော့ပါဘူး "မာနတွေသိပ်ကြီးမပြနဲ့ ဒေါ်မူပိုင်ရှင် ခင်ဗျားကို အစ်ကို့ မိန်းမမို့လို့ အလျော့ပေးနေတာ နောက်ဆိုရ...