မောင့် မူပိုင်ရှင်
အပိုင်း(4)"အန်တီ ဖုန်းလာနေတယ်!"
ပေါက်စမ ကဧည့်ခန်းထဲက မှန်စားပွဲပေါ်တွင် တင်ထားသော ဖုန်းကို ဒေါ်ခင်သက် အခန်းထဲသို့ယူလာပေးသည်။"အေး အေး"
ဒေါ်ခင်သက်က ပေါက်စမ လက်ထဲကဖုန်းကိုယူလိုက်ရာ သူ၏ခင်ပွန်း ဦးမိုးအောင် ပင်။"ဟယ်လို"
"အေး သက်ရေ မင်း မနေ့က သားငယ်ကို ဘော်ဒါပို့ဖို့ လက်မခံမှာစိတ်ညစ်နေတယ်ဆို"
"ဟုတ်တယ်လေ ကိုမိုးရယ် နှစ်၀က်ကျိုးမှလာအပ်တော့ လက်ခံပါ့မလား ငွေလိုသလောက်ပေးပါမယ်ဆိုရင်တောင် သူတို့ဘက်က ..."
"ကိုယ် စီစဉ်ထားတယ် ABS ကိုယ်ပိုင်ကျောင်း ကဘော်ဒါမှာ သွားအပ်လိုက် ကိုကျော်ခေါင်ကကျောင်းပိုင်ရှင်ဆိုတော့အဆင်ပြေသွားတာ ကိုယ့်သူငယ်ချင်း သူအူရောင်တုန်းက ကို ကိုယ်တိုင်ကုသပေးခဲ့တော့ မျက်နှာရှိတဲ့အနေနဲ့ လက်ခံပေးမယ်တဲ့ ဒါပေမယ့် တန်ကြေးကတော့ပိုပေးရလိမ့်မယ် !"
"ဘယ်လောက်ပေးရ ပေးရပါ လက်ခံမယ်ဆိုရင်ကို၀မ်းသာပါတယ် "
"အေး ဖြစ်နိုင်ရင် မနက်ဖြန်သွားလိုက် "
"အင်း မြန်နိုင်သမျှမြန်မှရှင့် "
"အေးကွာ ကိုယ် အလုပ်ရှိသေးတယ် သားကြီးစေ့စပ်ဖို့အတွက် မင်းလည်းအလှုပ်ရှုပ်နေမှာပေါ့"
"ချွေးမလောင်းလေးက တကယ့်သိမ့်သိမ့်မွေ့မွေ့လေး သားဇေ ကသိပ်ရှာတတ်တာပဲ သူတို့ဘက်ကလည်း သဘောတူတော့ ဟုတ်တယ် စေ့စပ်ဖို့အတွက်ရော အငယ်ကောင်အတွက်ရော ရှုပ်နေပြီ "
"ကဲကဲ မင်းလည်းနားလေ ကိုယ် အလုပ်ရှိတယ် ဖုန်းချလိုက်တော့မယ်"
"အင်းအင်း ဂရုစိုက်ဦးနော် "
ဒေါ်ခင်သက်တစ်ယောက် သား၂ယောက်အတွက်နဲ့ အမြဲ ပူပန်ရသည်။
သားကြီးက လိမ္မာသလောက် သားငယ်ဆိုးတာ တစ်ရပ်ကွက်လုံးသိနေပါပြီ။°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
တနင်္ဂနွေနေ့မို့ ကျောင်းပိတ်သဖြင့် ဇိမ်းတို့တစ်ဖွဲ့လုံး လူစုံနေကြသည်။ လူစုံရင် အမြဲလက်ဖက်ရည်ဆိုင်ထိုင်နေကျပေ။
![](https://img.wattpad.com/cover/284865684-288-k533048.jpg)
YOU ARE READING
မောင့် မူပိုင်ရှင် (Completed) OC
Romance" ခင်ဗျားကို ကျွန်တော် မယူရင် ဘယ်သူက ယူမှာလဲ " " မင်း မိုက်ရိုင်းလှချည်လား " ပါးပေါ်သို့စပ်ဖျင်းဖျင်းနဲ့ ကျရောက်လာတဲ့ သူမ လက်ဝါးနဲ့က မစိမ်းသက်တော့ပါဘူး "မာနတွေသိပ်ကြီးမပြနဲ့ ဒေါ်မူပိုင်ရှင် ခင်ဗျားကို အစ်ကို့ မိန်းမမို့လို့ အလျော့ပေးနေတာ နောက်ဆိုရ...