မောင့် မူပိုင်ရှင်
အပိုင်း(30) <3 ဇာတ်သိမ်းပိုင်း <3မူပိုင် ဇိမ်းအား တအံ့တသြငေးကြည့်နေမိသည်။ ၄နှစ်တဲ့ သူ၄နှစ်လုံး မူပိုင့်ကိုချစ်ခဲ့တာတဲ့
"ဒါ ဒါ ဆို အဲ့ဒီနေ့က ငါ မင်းတို့အိမ်ကိုပထမဆုံးလာတဲ့နေ့က..."
ဇိမ်းက ခေါင်းညိတ်သည် ။
"ဟုတ်တယ် အဲ့ဒီနေ့က မတ်မတ် နောက်ကနေ လိုက်လာခဲ့တာ ကျွန်တော်ပဲ အဲ့ဒီနေ့ကကိုယ့်ကိုယ်ကိုယ်တောင် မယုံနိုင်ဘူး ဘာကြောင့် မတ်မတ်ရဲ့နောက်ကိုလိုက်လာမိပါလိမ့်လို့ "
မူပိုင် မျက်ရည်ကြည်တွေဝေ့သီသော မျက်ဝန်းတို့ဖြင့် အကြင်နာပြည့်စွာ ဇိမ်းကို ကြည့်နေမိရာ
ဇိမ်းက သူမကို ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည်။"ယုံပါ တကယ် ကျွန်တော် မတ်မတ်တစ်ယောက်တည်းကိုပဲချစ်ခဲ့တာပါ ဒါကြောင့် ကွာရှင်းဖို့ဆိုတဲ့မဖြစ်နိုင်တဲ့ကိစ္စကြီးကို နောက်ထပ် ထာဝရထပ်မပြောရင်ကောင်းမယ် "
တကယ်ဆိုရင် မူပိုင် ကိုယ်တိုင် အဲ့အချိန်ကဒီကောင်လေး ကို စိတ်ထဲမှာမတင်မကျနှင့် သူမကိုစိတ်လှုပ်ရှားစေခဲ့တာမဟုတ်လား။
မူပိုင် သူ့ခါးကို ပြန်ဖက်တွယ်မိလိုက်ပြီး
"ချစ်လို့ပါမောင်ရယ် "
မသဲမကွဲ သူမအသံလေးကာ ဇိမ်းကိုပို၍ ရင်ခုန်လာစေသည်။
"မောင်က မတ်မတ်မှမဟုတ်ရင် မချစ်တတ်တော့သူပါ မတ်မတ်နဲ့မှချစ်တတ်ပြီး မတ်မတ်ကိုမှစွဲလမ်းမိတာ "
ပို၍တင်းကြပ်အောင် ပွေ့ဖက်ထားလိုက်ပြီး ဇိမ်း သူမဆံပင်တွေကြားမှာတိုးဝှေ့နမ်းရှိုက်နေမိသည် ။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
"ကဲ ဆိုပါဦး စောစောစီးစီး ကျွန်မကိုဘာကြောင့် ခေါ်ရတာလဲ"
နေရီ ပိုက်ဆံအိတ်ကိုစားပွဲပေါ်သို့တင်၍ ခန့်တည်ကြည်ရဲ့အရှေ့မှာဝင်ထိုင်လိုက်သည်။
"တစ်နေ့က ကိုယ့်စက်ရုံမှာ မင်းထိခိုက်သွားခဲ့တာလေ အဲ့တာကြောင့် မင်းကိုbreakfast ဝယ်ကျွေးတာ"
ŞİMDİ OKUDUĞUN
မောင့် မူပိုင်ရှင် (Completed) OC
Romantizm" ခင်ဗျားကို ကျွန်တော် မယူရင် ဘယ်သူက ယူမှာလဲ " " မင်း မိုက်ရိုင်းလှချည်လား " ပါးပေါ်သို့စပ်ဖျင်းဖျင်းနဲ့ ကျရောက်လာတဲ့ သူမ လက်ဝါးနဲ့က မစိမ်းသက်တော့ပါဘူး "မာနတွေသိပ်ကြီးမပြနဲ့ ဒေါ်မူပိုင်ရှင် ခင်ဗျားကို အစ်ကို့ မိန်းမမို့လို့ အလျော့ပေးနေတာ နောက်ဆိုရ...