မောင့် မူပိုင်ရှင်
အပိုင်း(3)မူပိုင် ဒီနေ့မနက်အတွက်ရုံးသွားရန် ပြင်ဆင်ရပါသည်။ မနက်တိုင်း၆နာရီဆို အလိုလိုနိုးနေတတ်တဲ့ မူပိုင်က မေမေ့ကိုကူလုပ်ပြီးမှ
ကိုယ့်အတွက်လိုအပ်တာတွေပြုလုပ်လေ့ရှိသည်။အပြာရောင်ပေါ်မှာအဖြူရောင် Sportပျောက်လေးတွေပါတဲ့ ရင်စိအင်္ကျီတံတောင်ဆစ်ဖုံးသည် ခါးတိုလေးသာဖြစ်သည်။ ၀မ်းဆက်၀တ်နေကျသူမအတွက်တော့ရိုးသွားတယ်မရှိ။
ဆံပင်ရှည်ရှည်တွေကိုအမြဲဖြန့်ချထားတတ်သူမို့ အမြဲရှုပ်ထွေးမနေအောင်ရှင်းလင်းထား၏။
စလင်းဘတ်အိတ် အပြာလေးကိုလွယ်ကာအခန်းထဲကထွက်လာလာချင်း ဧည့်ခန်းမှာထိုင်နေသည့် ဖေဖေနဲ့မေမေကလှည့်၍ ဖေဖေကပြောသည်။"သမီး ဒီမှာခဏထိုင်"
မူပိုင်လည်း မေမေနဲ့မျက်နှာချင်းဆိုင်မှာ စလင်းဘတ်အိတ်ကလေးအား ပုခုံးမှဖြုတ်၍ ပေါင်ပေါ်တင်ကာထိုင်လိုက်သည့်အခါ မေမေကပဲ မူပိုင့်ကိုစမေးသည်။
"သမီး မနေ့ မစိမ့်ပြောသွားတဲ့ ကောင်လေးနဲ့ တကယ်ဘာမှမပတ်သတ်ပါဘူးနော်"
မူပိုင် ကမျက်လုံးဝိုင်းလေးနှင့်
"အို... မေမေရယ် တကယ်မူပိုင်နဲ့မပတ်သတ်ပါဘူး မူပိုင်တကယ်ကိုမသိပါဘူး""အေးပါကွယ် မစိမ့်ပြောသွားတဲ့ပုံစံက ကောင်လေးက တကယ့်လမ်းသရဲပုံလေးမို့ပါ"
"ဟုတ်ကဲ့ပါ မူပိုင် ကအဲ့လို ယောက်ျားမျိုးနဲ့မပတ်သတ်နိုင်တာ မေမေတို့လည်းသိတာပဲ"
ဦးမြင့်ဦးက ခန္ဓာကိုယ်ကိုမတ်လိုက်ပြီး
"သမီးမှာ ချစ်သူတွေဘာတွေရှိနေပြီလား ရှိရင်လည်း သင့်တော်မတော် ဆုံးဖြတ်ရအောင်ဖေဖေတို့ကိုပြောထား"ဖေဖေ့ဘက်က မူပိုင့်ကို ပြောဖို့အခွင့်အရေးပေးလာသည့်အတွက် မူပိုင် ကိုဇေ နဲ့ကိစ္စကို ပြောလိုက်ဖို့ဆုံးဖြတ်လိုက်သည်။
"ဟုတ် ဟုတ်ကဲ့ မူပိုင့်မှာ ရည်ရွယ်ထားတဲ့သူရှိပါတယ် "
မူပိုင် ခေါင်းလေးငုံ့ပြီးမရဲတရဲဆိုသည်။"ဟုတ်လား သမီး ဘယ်သူလဲ ဘယ်ကလဲ သမီးနဲ့ဘယ်လိုတွေ့ကြတလဲ"
မေမေက သိချင်ဇောနဲ့ တစ်ခုတစ်ခုဆက်တိုက်မေးသွားရာ မူပိုင် ပြုံးလိုက်သည်။
YOU ARE READING
မောင့် မူပိုင်ရှင် (Completed) OC
Romance" ခင်ဗျားကို ကျွန်တော် မယူရင် ဘယ်သူက ယူမှာလဲ " " မင်း မိုက်ရိုင်းလှချည်လား " ပါးပေါ်သို့စပ်ဖျင်းဖျင်းနဲ့ ကျရောက်လာတဲ့ သူမ လက်ဝါးနဲ့က မစိမ်းသက်တော့ပါဘူး "မာနတွေသိပ်ကြီးမပြနဲ့ ဒေါ်မူပိုင်ရှင် ခင်ဗျားကို အစ်ကို့ မိန်းမမို့လို့ အလျော့ပေးနေတာ နောက်ဆိုရ...