မောင့် မူပိုင်ရှင်
အပိုင်း(15)မူပိုင်တို့အိမ်ထောင်ကျတာ ၂ ပတ်ရှိခဲ့ပြီ။
ဒီနှစ်ပတ်အတွင်း ရင်းနှီးမှုရခဲ့လားလို့မေးရင် အရင်တိုင်းပါပဲ ဆက်ဆံရေးမတိုးတက်ခဲ့လာခဲ့ဘူး။
မနေ့ညနေကတောင် မူပိုင်နဲ့သူနဲ့ရန်ဖြစ်ကြသေးတယ်။ဘယ်လိုဖြစ်လဲဆိုလျှင် မူပိုင် အိမ်ပြန်ရောက်ရောက်ချင်း အရင်လိုပဲ ညနေစာအတွက်ပြင်ခဲ့ပါသည်။ ၅နာရီထိုးပြီးသည့်အခါ မူပိုင် ထိုင်စောင့်နေပါသေးသော်လည်း
"ကျစ် ဒီနေ့နောက်ကျလှချည်လား ခါတိုင်းဒီအချိန် ပြန်ရောက်နေပါပြီ "
မူပိုင်လည်း နာရီကြည့်၍ သူမလာခင် ရေချိုးပြီးနှင့်တာ ကောင်းလိမ့်မယ် ဟူ၍ သူမခပ်သုတ်သုတ်ရေသွားချိုးလေသည်။ရေချိုးပြီးလို့ သူမ ဆံပင်တွေဖြီးရှင်းနေစဉ်
"ဟင် ဆိုင်ကယ်သံ!"
မူပိုင် မှန်တင်ခုံရှေ့ကထ ပြီး ပြတင်းပေါက်နားသို့ပြေးကြည့်ရာ
"သူ ပြန်လာပြီပဲ"
မူပိုင် အထဲပြန်၀င်ဖို့ပဲရှိသေး။
သူကဆိုင်ကယ်ဦးထုပ်ချွတ်ပြီး အိမ်ထဲသို့လှမ်းကြည့်ကာ
"ဟင် အောက်ထပ်မှာမရှိဘူးလား "
ဇိမ်း "ကျစ်" စုပ်သပ်၍ ပြန်လှည့်ထွက်သွားသဖြင့် မူပိုင် ပြတင်းပေါက်နေ ကြည့်မြဲပင်။
"ဟင်.. ဘယ်သွား....."
မူပိုင် စကားပင်မဆက်တော့ပဲ သဘောပေါက်သွားသည်။ မူပိုင်တို့အိမ်နဲ့ ၃အိမ်ကျော်လောက်မှာ ကားအနီ လေးရပ်ထားပြီး ဟိုတစ်နေ့က သူနဲ့လမ်းထိပ်မှာ တွေ့ခဲ့ကောင်မလေး စောင့်နေသည် ။ အိမ်အပေါ်ထပ်ကကြည့်နေသည်မို့ သူတို့က မမြင်ရဘူးထင်သော်လည်း မူပိုင်မြင်နေရ၏။
"သူ့ကောင်မလေး စောင့်နေတာကိုး"
မူပိုင် အသက်မပါပဲ ပြုံးလိုက်ပြီး ဇိမ်း ကားအနီထဲ၀င်သွားမှ ပြတင်းပေါက် အခန်းစီးပြန်ပိတ်လာခဲ့၏ ။
တကယ်တော့ဇိမ်း အလုပ်ကပြန်အလာကို ကေကေး ကလမ်းထိပ်မှစောင့်နေတာပင်။ ဇိမ်းပြန်မထွက်လာရင် အိမ်ထိလိုက်လာမည်ဟု ဆိုသောကြောင့် ဇိမ်း ချက်ချင်း ပြန်ထွက်သွား၏။
YOU ARE READING
မောင့် မူပိုင်ရှင် (Completed) OC
Romance" ခင်ဗျားကို ကျွန်တော် မယူရင် ဘယ်သူက ယူမှာလဲ " " မင်း မိုက်ရိုင်းလှချည်လား " ပါးပေါ်သို့စပ်ဖျင်းဖျင်းနဲ့ ကျရောက်လာတဲ့ သူမ လက်ဝါးနဲ့က မစိမ်းသက်တော့ပါဘူး "မာနတွေသိပ်ကြီးမပြနဲ့ ဒေါ်မူပိုင်ရှင် ခင်ဗျားကို အစ်ကို့ မိန်းမမို့လို့ အလျော့ပေးနေတာ နောက်ဆိုရ...