အပိုင်း (12) Uni/Zawgyi

31.1K 957 46
                                    

မောင့် မူပိုင်ရှင်
အပိုင်း(12)

"ရော့!"

ဇိမ်း သူရရဲ့အိမ်သို့ရောက်လျှင် ရောက်ချင်း
မင်းသန့်နှင့်သူရ ထိုင်နေသည့် စားပွဲပေါ်သို့ စာအိတ်၂အိတ်ပစ်တင်လိုက်၏။

"ဘာတွေလဲ"

သူရက စာအိတ်တစ်အိတ်ကိုကောက်ယူ၍
ဇိမ်းကိုမော့ကြည့်ရင်းမေးသည်။ဇိမ်း က မင်းသန့်ထိုင်နေသည့်ခုံလက်ရန်းမှာ မှီလိုက်ပြီး

"သိချင်ရင် ဖွင့်ဖတ်ပေါ့ကွာ"

ပြောလည်းပြော စားပွဲပေါ်က မီးခြစ်ကိုလှမ်းယူကာ စီးကရက်မီးညှိလိုက်သည် ။

သူရ ကစာအိတ်ကို ဖွင့်ကာ ဖတ်ကြည့်၍

"ဟမ်... မင်း မင်း မင်္ဂလာဆောင်တော့မယ်?"

သူရစကားကြောင့် မင်းသန့် ကပါ သူရဆီကလုဖတ်သည်။

"ဟင် တကယ်ကြီး  မူ မူ ပိုင်ရှင် နဲ့?  မင်းအစ်ကိုရဲ့ရည်းစားမဟုတ်ဘူးလား "

ဇိမ်းက ဆေးလိပ်ငွေ့တို့အားရှိုက်ထုတ်ပြီး

"အင်း အခု ငါသူနဲ့လက်ထပ်မယ်"

"ဟာ မင်း ဘယ်လိုတောင်လား ကွာ"
"အင်း မင်းတို့သတင်းတွေကြားနေတယ်မလား "

"အေး ဒါပေ​မဲ့ မဟုတ်ဘူးလေ ငါတို့သိတယ်"
"မရှင်းပြချင်ဘူး ဖိတ်စာထဲကရက်ရောက်ရင် လာခဲ့ "

သူရရောမင်းသန့် တကယ်ကြောင်နေမိသည်။

"ဗြုန်းစားကြီးကွာ မပြေမဆိုနဲ့ မင်းက "

"အေး ဒါပေမဲ့ ဒီကိစ္စကို ကေကေး ကိုတော့အသိပေးသင့်တယ် ဇိမ်း"

ဇိမ်း ကခေတ္တ ငြိမ်သွားလိုက်သည်။

"ငသန့်ရ ကေကေး က ဘန်ကောက်သွားတယ်လို့ ပြောသွားတယ်လေ "

ဇိမ်းက စီးကရက် ကို ပြာခွက်ထဲသို့ထည့်လိုက်ပြီး

"ကြိုပြောစရာလိုလို့လား ငါနဲ့သူကဘာပတ်သတ်နေလို့လဲ နောက်လည်းသိမယ့်ကိစ္စပဲ"

"ဟင်း.... အေးပါကွာ မင်းကပြောလည်း လုပ်မယ့်သူမှ မဟုတ်တာ"

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မောင့် မူပိုင်ရှင် (Completed) OCWo Geschichten leben. Entdecke jetzt