အပိုင်း (6) Uni/Zawgyi

33.1K 1K 43
                                    

မောင့် မူပိုင်ရှင်
အပိုင်း(6)

ကိုဇေ သွားတာ ၅လ တောင်ရှိပါပြီ။
ဒီ၅လ လုံးမှာ အလုပ်တွေကိုအာရုံစိုက်ရင်း အလွမ်းတွေဖြေဖျောက်ခဲ့ပါသည်။

တစ်ခါတစ်ရံတော့ မူပိုင် အန်တီသက် ဆီကို သွားလည်ဖြစ်ပါသည်။ ၂ပတ်၁ခါ တနင်္ဂနွေ နေ့တို့မှာ သွားဖြစ်ပြီးအန်တီသက်ကလည်း မူပိုင့်ကိုမျှော်မျှော်နေတတ်၏။

March လရောက်လာပြီဆိုတော့တက္ကသိုလ်၀င်တန်း စာမေးပွဲကြီးလည်း ဖြေပြီးခဲ့ကြပြီပေါ့။

မူပိုင်တို့အိမ်နားက ကလေးတွေလည်း ဖြေနိုင်လား မဖြေနိုင်လား မိဘတွေလည်း စိတ်ပူစွာနှင့် အားလုံး ပလူပျံစွာ။

တက္ကသိုလ်၀င်တန်းစာမေးပွဲဆိုတာ ဘ၀တစ်ဆစ်ချိုးမဟုတ်လား။

မူပိုင်တို့အိမ်ဘေးက မချိုတို့အိမ်မှာ သူ့သမီးလေး မဖြေနိုင်လို့ဆိုပြီး စိတ်ပူနေကြတော့ မူပိုင် ရုတ်တရက် ဟိုကောင်လေးကို သတိရသွား၏။

"သူရော ဖြေနိုင်ရဲ့လား "
မူပိုင် စိတ်ထဲမှာလေးသွားရသည်။
ဒါ ဒီကောင်လေးကို စိတ်ပူနေတာလား။

"မူပိုင်ရေ "
မူပိုင် စျေးကပြန်လာပြီး နောက်ဖေးမှာ မေမေ့ကို ကူလုပ်ပေးနေသည်။

"ရှင် !"
ထမင်းအိုးကို မီးဖိုပေါ်တင်လိုက်ပြီး
အိမ်ရှေ့သို့ထွက်လာခဲ့သည်။ ဖေဖေ ကလှမ်းခေါ်တာပင်ဖြစ်၍

"ဖေဖေ မူပိုင် ရောက်ပါပြီ "

"အေး သမီး စာမေးပွဲပြီးတာပဲ ၂ရက်ရှိပြီ မောင်ဇေ့ ညီလေး ဖြေနိုင်လား သမီး မေးမကြည့်ဘူးလား"

"ရှင် ဟုတ် မူပိုင် အန်တီသက် ကို မေးမလို့ပါပဲ မသွားဖြစ်သေးလို့ "

"အေးကွယ် ဟိုတစ်ပတ်က မခင်သက် အိမ်လာတုန်းကလည်း သူ့သားလေးအခြေအနေကို မမေးမိဘူး ဒီနေ့ သမီးသွားဖြစ်ရင် မေးခဲ့ဦး "

"ဟုတ်ကဲ့ သမီး နေ့ခင်းပိုင်းမှာသွားလိုက်ပါ့မယ် "

ဖေဖေက ကထိကပီပီ ကလေးတွေရဲတက္ကသိုလ်ဝင်တန်းစာမေးပွဲကိုအရမ်းစိတ်ဝင်စားသည်။ အခုက သူ့သမက်လောင်းရဲ့ညီဆိုတော့ ပိုသိချင်နေတာပေါ့။

မောင့် မူပိုင်ရှင် (Completed) OCWhere stories live. Discover now