မောင့် မူပိုင်ရှင်
အပိုင်း(16)"နောက်တစ်ခါ အရမ်းလှအောင် မပြင်ပါနဲ့ အခုလိုသူများနဲ့လည်းပြန်မလာနဲ့ ကျွန်တော် စိတ်မချတော့ဘူး "
မူပိုင် မျက်နှာလေးငုံ့ကျသွားကာ အတင်းလိုက်ကြည့်နေတဲ့ သူ့အကြည့်စူးစူးတွေကို ရှောင်ဖယ်ရင်း
"အ၀တ်အစားလဲ လိုက်ဦးမယ် အပြင်ခဏထွက်ပေး"
ဇိမ်းက ပြုံးလိုက်၍ ရင်ခွင်ထဲသို့ သူမခန္ဓာကိုယ်တစ်ခုလုံးကိုဆွဲသွင်းလိုက်သည်။
"ဟင်!"
အတင်းကြပ်နေအောင်ဖက်ထားပြီး
"အသည်းယားလိုက်တာ မတ်မတ်ရယ်"
မူပိုင် သူ့ရင်ခွင်ထဲကနေမရုန်းထွက် ပြန်ဖက်ထားခြင်းမရှိပေမဲ့ သူ့အပြောလေးတွေနဲ့ ဖက်ထားတာကို သဘောကျမိ၏။
"လွှတ်တော့ အပြင်ခဏထွက်ပေး ငါ အ၀တ်လဲရဦးမယ် "
ဇိမ်းကလွှတ်ပေးလိုက်ပေမဲ့ အပြင်မထွက်ပဲ မွေ့ယာပေါ်မှာ လက်ပြန်ထောက်ကာထိုင်နေသည်။
မူပိုင်ကအင်္ကျီကြယ်သီးဖြုတ်ရင်း မထွက်သေးတဲ့သူ့ကြောင့်"ဘာလုပ်နေတာလဲ ထွက်လေ"
ဇိမ်းက ခေါင်းခါသည်။
"ထွက်ချင်ဘူး"
"ထွက်လို့"
"လင်မယားပဲဘာဖြစ်လဲ ဒီတိုင်း"
"ဇိမ်း မင်းနော် ကပ်တီးကပ်တတ်နဲ့ မထွက်ချင်လည်းနေ "
မူပိုင် အင်္ကျီယူကာ ရေချိုးခန်းထဲ၀င်သွားလေ၏။ ဇိမ်းကသွားစွယ်လေးပေါ်အောင်ရယ်လိုက်ပြီး မွေ့ယာပေါ်သို့ပစ်လှဲလိုက်ပါသည်။
ဒီနေ့ သူမွေ့ယာပေါ်မှာအိပ်ရမယ့်နေ့မဟုတ်လား။
မူပိုင် ပြန်ထွက်လာလျှင် သူက စောင်ခြုံကာ ၀မ်းလျှားမှောက်လျက်မူပိုင် စောင်ကိုလဲ ဆွဲမခွာရဲ။ သူစောင်ခြုံရင် အင်္ကျီချွတ်ထားမှာကြောက်နေရသည်။
"ဟဲ့ မင်း ထမင်းမစားဘူးလား"
"အင်း ဗိုက်မဆာတော့ဘူး ""အဲ့တာဆိုလည်း ဟိုဘက်တိုး"
ရုတ်တရက်ဇိမ်း ထထိုင်လိုက်ပြီး မူပိုင်ကို ခပ်ပြူးပြူးကြည့်ကာ မချိုမချဉ်ပြုံးလိုက်သဖြင့် မူပိုင်လည်း မျက်ခုံးများတွန့်ချိုးသွားရသည်။
YOU ARE READING
မောင့် မူပိုင်ရှင် (Completed) OC
Romance" ခင်ဗျားကို ကျွန်တော် မယူရင် ဘယ်သူက ယူမှာလဲ " " မင်း မိုက်ရိုင်းလှချည်လား " ပါးပေါ်သို့စပ်ဖျင်းဖျင်းနဲ့ ကျရောက်လာတဲ့ သူမ လက်ဝါးနဲ့က မစိမ်းသက်တော့ပါဘူး "မာနတွေသိပ်ကြီးမပြနဲ့ ဒေါ်မူပိုင်ရှင် ခင်ဗျားကို အစ်ကို့ မိန်းမမို့လို့ အလျော့ပေးနေတာ နောက်ဆိုရ...