မောင့် မူပိုင်ရှင်
အပိုင်း(28)"ဇိမ်း?"
မူပိုင်ခပ်တိုးတိုးခေါ်လိုက်မိ၏။ ဇိမ်းနှင့်နေရီ တို့ မူပိုင်နှင့်ခန့်တည်ကြည်တို့၏ရှေ့သို့မျက်နှာချင်းလာဆိုင်ပါသည်။ ဇိမ်း မူပိုင့်ကို မသိမသာပြုံးပြလိုက်သည်။"ကဲ ရောက်လာပြီဆိုတော့ သွားကြတာပေါ့ ထုတ်ကုန်လိုက်ကြည့်လေ"
ခန့်တည်ကြည် ကပြောလည်းပြော နေရီ့ကိုလည်း တစ်ချက်ကြည့်၍ အပြုံးမဟုတ်သောအပြုံးတစ်ခုပြလိုက်သည်။
"ဒီဘက်ကိုလာပါ "
မူပိုင် ကဦးဆောင်ကာ ခေါ်သွားပေးလိုက်သည်။ နေရီ နှင့်ဇိမ်း က မူပိုင့်နောက်မှ စက်ရုံထဲသို့ဝင်လာခဲ့ကြသည်။ ထုတ်လုပ်သည့်ပုံစံကိုလိုက်ပြကြရင်း နေရီ လှည့်လည်ကြည့်ရှုကာ စိတ်ကျေနပ်ပုံရ၏။နေရီ ဂျက်ဖာတွေ ဆင့်ထပ်ထားသော နားမှာ ဇိမ်းနှင့်အတူရပ်လိုက်ပြီး တစ်ဖက်က မူပိုင်နှင့် ခန့်တည်ကြည်ကိုလက်ပိုက်ကာ ပြုံးပြလိုက်သည်။
"မဆိုးပါဘူး ကောင်းတယ်လို့ပဲ ပြောရမှာပေါ့ "
ထိုအခါ မူပိုင်က သူမထက်ချိုသောအပြုံးမျိုးနှင့်
"ဟုတ်ကဲ့ ဒါဆို မူပိုင်တို့ဘက် ဘာများဆက်စီစဉ် ပေးရမလဲ"
နေရီ ကခေါင်းတစ်ချက်ညိတ်လိုက်ကာ
"သိပ်မလိုပါဘူး ဒီပစ္စည်းတွေကို ကျွန်မတို့ တောင်းတဲ့ရက်ပိုပေးနိုင်ရမယ် "
"ဟုတ်ကဲ့ ဒါကတော့ မူပိုင်တို့ဘက်က အတတ်နိုင်ဆုံးအဆင်သင့်ဖြစ်အောင်စီစဉ်ပေးမှာပါ"
ဇိမ်း မူပိုင့်ရဲ့ အလုပ်အတွက်စိတ်နှစ်ကာအဆင်ပြေအောင်ပြောဆိုဟန်ကိုသာ ငေးနေမိရင်း
မတ်မတ်က အလုပ်လုပ်တာသိပ်တိကျတာပဲ သိပ်စိတ်ရှည်ပြီးစနစ်ကျတယ်။
ဒီလိုလေးတွေးမိလိုက်ကာအလိုလိုပြုံးမိလိုက်သည်။ နေရီ ကခန့်တည်ကြည် ဆီသို့ မျက်လုံးတို့ရောက်သွားသည့်အခါ မျက်ခုံးတွေပင့်ပြ၍ ခပ်မဲ့မဲ့ပြုံးပြနေသည်မို့ ချက်ချင်းအကြည့်လွှဲပစ်လိုက်သည်။
"ဒါဆိုရင် ဒါတွေ...."
နေရီ ကသူမအနောက်က ဂျက်ဖာတွေဆင့်ထားသည်အား တိုက်မိလိုက်သဖြင့်
ပြိုကျလာရာ
YOU ARE READING
မောင့် မူပိုင်ရှင် (Completed) OC
Romance" ခင်ဗျားကို ကျွန်တော် မယူရင် ဘယ်သူက ယူမှာလဲ " " မင်း မိုက်ရိုင်းလှချည်လား " ပါးပေါ်သို့စပ်ဖျင်းဖျင်းနဲ့ ကျရောက်လာတဲ့ သူမ လက်ဝါးနဲ့က မစိမ်းသက်တော့ပါဘူး "မာနတွေသိပ်ကြီးမပြနဲ့ ဒေါ်မူပိုင်ရှင် ခင်ဗျားကို အစ်ကို့ မိန်းမမို့လို့ အလျော့ပေးနေတာ နောက်ဆိုရ...