အပိုင်း (10) Uni/Zawgyi

35.6K 956 41
                                    

မောင့် မူပိုင်ရှင်
အပိုင်း(10)

"ဟင့်အင်း လွှတ် ငါ့ကိုလွှတ် ကိုဇေ အဟင့်အဟင့်!"

မူပိုင် ငိုရင်း ရုန်းရင်း ဇိမ်း ဆွဲခေါ်ရာနောက်သို့ ပါလာခဲ့သည်။ ဇိမ်း နောက်က လိုက်လာသော လူတွေကို ကြည့်လိုက်၍ အရှေ့သို့ ဆက်ပြေးလျှင် လမ်းဆုံးသွားသဖြင့် ပြေးပေါက်ပိတ်ကာ
ဇိမ်းလည်း ရှေ့တည့်တည့်က ဂိုထောင် အပျက်ထဲသို့ ၀င်ပြေးလိုက်၏။

ထိုအခါ နောက်မှလိုက်လာသော လူတွေက ထိုဂိုထောင်ထဲသို့လိုက်ရန် အပြုမှာ ဆူဆူညံညံအသံတွေကြောင့် ရပ်ကွက်ထဲကလူတွေကလည်း တုတ်တွေ ဓာတ်မီးတွေနဲ့လိုက်လာကြသဖြင့်ထိုလူတွေ ဂိုထောင်တံခါးကိုပိတ်ကာ သော့ခက်ပြီး ပြေးကြလေ၏။

ဂိုထောင်ထဲမှာ ဇိမ်းနှင့်မူပိုင် ပိတ်မိနေသည်အား ထိုလူတွေမှအပ မသိနိုင်။

"အင်း ဟင့် ဟင့် တံခါးဖွင့်ပေးပါ တံခါးဖွင့်ပါ အထဲမှာ လူရှိတယ် အဟင့်အဟင့်"

မူပိုင် အော်ငိုကာ ဂိုထောင်တံခါးကြီးကို တဗုန်းဗုန်းထုလေ၏ ။ ကိုယ့်ရှေ့မှာပဲ ချစ်သူ သေသွားသည်ကိုမြင်လိုက်ရသည်မို့ သူမဘယ်လောက်ထိပူလောင်စွာခံစားနေရမလဲဆိုတာ ဘေးကကြည့်ရသောဇိမ်းကိုယ်တိုင်လည်း ကိုယ်ချင်းစာမိပါသည်။

ဒုန်း ဒုန်း

"အဟင့် ဟင့် ကိုဇေ ကိုဇေ မသေရဘူး အီး ဟီး တံခါးဖွင့်ကြပါ "

ဇိမ်း အနောက်မှရပ်ကြည့်နေရာမှ မနေနိုင်တော့တာကြောင့် လက်သီးဆုပ်လေးတွေရဲနေအောင် တဒုန်းဒုန်းထုနေသော သူမလက်တွေကို ဆွဲချုပ်လိုက်သည်။

"တော်တော့ ဘယ်သူမှလာဖွင့်မှာ မဟုတ်ဘူး လက်နာနေပြီမဟုတ်လား"

ဖြန်း!

မူပိုင် သူချုပ်ထားသော လက်ကိုရုန်းကာ စိတ်ရှိလက်ရှိ သူ့ပါးကို ရိုက်ထည့်လိုက်သည်။

ဇိမ်း မျက်နှာ လည်ထွက်သွားပေမဲ့ မျက်လုံးမှိတ်ကာ ကြိတ်ခံလိုက်သည် ။

ပါးတစ်ဖက်လည်းရဲတက်သွားပြီး သူမလက်လည်း အတော်နာသွားမည်။

"မထိနဲ့ ငါ့ကို မထိနဲဘ မင်းကြောင့် မင်းကြောင့် ဖြစ်တာ အဟင့် !"

မောင့် မူပိုင်ရှင် (Completed) OCWhere stories live. Discover now