မောင့် မူပိုင်ရှင်
အပိုင်း(19)"အဟမ်း မေမေတို့ ဘယ်တုန်းကရောက်နေကြတာလဲ"
"မကြာသေးပါဘူး "
ဇိမ်း လည်း မူပိုင့်ဘေးသို့သွားရပ်ကာ
ခုံမှာထိုင်ဖို့လက်တို့သည်။ အဖေနဲ့အမေရဲ့ရှေ့က မျက်နှာချင်းဆိုင်မှာ ၀င်ထိုင်လိုက်ကြ၏။"အဆင်ပြေရဲ့လားလို့ လာကြည့်တာပါ မင်းအရင်လိုဆိုးသေးလားလို့"
ဦးမိုးအောင် က ပြောလိုက်လျှင် ဇိမ်းက မူပိုင့် ပုခုံးပေါ်လက်တင်ဖက်လိုက်ပြီး
"ပြေပါတယ် ဆိုးမဆိုးက ဒေါ်မူပိုင်ရှင့် ကိုမေးကြည့်"
မူပိုင် သူမပုခုံးပေါ်က ဇိမ်းရဲ့လက်ကို ဖယ်ချကာ
"အဆင်ပြေပါတယ်ဖေဖေ သူကတော့ အကျင့်အတိုင်း ဂျစ်ကန်ကန်ပါပဲ"
"သား အရင်လိုလူလွတ်မဟုတ်ဘူးနော် အိမ်ပြန်မအိပ်တာတို့ဘာတို့ မလုပ်ရဘူး အရင်ကလို သွားချင်တဲ့နေရာလျောက်သွားနေလို့မရတော့ဘူး"
မေမေကလည်း ၀င်ပြောသည့်အခါ
"အိပ်ပါတယ် အမေရဲ့ ကျွန်တော်နေ့တိုင်း အိမ်မှာပဲအိပ်တယ် ညအပြင်မထွက်ဘူး ""မူပိုင့်ကိုစိတ်ဆင်းရဲအောင်မလုပ်နဲ့နော် မူပိုင် သည်းခံရင်တောင် အမေကတော့ မင်းကို သည်းမခံဘူး"
ဇိမ်းက ခေါင်းညိတ်လိုက်သည်။"မေမေ တို့ တစ်ခါတည်း ထမင်းစားသွားပါ့လား နောက်မှာအသင့်ပြင်ထားတယ် "
မူပိုင်က ဒေါ်ခင်သက် ကိုခေါ်သည့်အခါ
"နေပါစေကွယ် မေမေတို့ကအိမ်ကစားခဲ့ပြီ သမီး တို့ထမင်းစားမယ်ဆိုစားကြတော့လေ နောက်ကျနေလိမ့်မယ် မေမေတိုလည်း ခုပဲပြန်တော့မလို့"
"ဟင် ပြန်တော့မှာလား "
"အဆင်ပြေလားလာကြည့်တာပါကွယ် ထမင်းစားကြတော့ နောက်တော့မှ အိမ်လာခဲ့ကြပေါ့ "
"ဟုတ်ကဲ့ "ဇိမ်းနှင့်မူပိုင် ဖေဖေနဲ့မေမေ့အား အိမ်ရှေ့အထိလိုက်ပို့ခဲ့ကြသည်။
"ကဲ ကောင်းကောင်းနေခဲ့ကြနော် ဇိမ်း မင်းကအဓိက"
"မေမေတို့လည်း ကျန်းမာရေးဂရုစိုက်ပါ မူပိုင်တို့အားတဲ့တစ်ရက်မှ အိမ်လာခဲ့မယ်"
YOU ARE READING
မောင့် မူပိုင်ရှင် (Completed) OC
Romance" ခင်ဗျားကို ကျွန်တော် မယူရင် ဘယ်သူက ယူမှာလဲ " " မင်း မိုက်ရိုင်းလှချည်လား " ပါးပေါ်သို့စပ်ဖျင်းဖျင်းနဲ့ ကျရောက်လာတဲ့ သူမ လက်ဝါးနဲ့က မစိမ်းသက်တော့ပါဘူး "မာနတွေသိပ်ကြီးမပြနဲ့ ဒေါ်မူပိုင်ရှင် ခင်ဗျားကို အစ်ကို့ မိန်းမမို့လို့ အလျော့ပေးနေတာ နောက်ဆိုရ...