မောင့် မူပိုင်ရှင်
အပိုင်း(26)"ဒီနေ့ ပြန်လာတာ စောသားပဲ"
"မတ်မတ် နဲ့တွေ့ချင်လို့"
"အပိုတွေ"မူပိုင် ခေါင်းလျှော်ထားသဖြင့် ဆံပင်တွေအား Dryerဖြင့်မှုတ်နေသည်။
"ရေချိုးလိုက်ဦးမယ် ပြီးမှ ထမင်းအတူတူစားမယ် "
"အင်း စောင့်မယ်"
ဇိမ်း ရေချိုးခန်းထဲသို့ဝင်သွားသည်။မနက်က ကေကေး ကိုမြင်သွားလို့ စိတ်ဆိုးနေမယ်ထင်ထားတာ မူပိုင် ဘက်က အရင်လို ကြည်ကြည်ဖြူဖြူ နှင့်မို့ ဇိမ်း ရင်ထဲချောင်သွားရသည်။
မူပိုင် သူရေချိုးပြီးလျှင် စားဖို့ရန် အဆင်သင့် ထမင်းခူးထားသော်လည်း အတော်နဲ့ဆင်းမလာသော ကြောင့်
"ဇိမ်း ဇိမ်းရေ ကြာလိုက်တာ ဟင်းတွေအေးကုန်လိမ့်မယ် "
မူပိုင် အော်လို့မှ မဆုံးသေး ဂုတ်ထောက်နေသောဆံပင်တွေ မစည်းပဲ ချလာသည်။
"မင်းကလည်းကြာလိုက်တာ "
ဇိမ်း ခုံတွင်ဝင်ထိုင်၍
"မင်း မင်း နဲ့မပြောစမ်းပါနဲ့ စိမ်းကားလိုက်တာ"
မူပိုင် လည်း သူမနေရာမှထိုင်လိုက်ပြီး
"အဲ့တော့ ဘယ်လိုပြောရမှာလဲ မင်းက ငါ့ထက်ငယ်လို့ မင်းလို့ ပြောတာ "
"မောင် လို့ပြော "
မူပိုင် သူ့ကိုတစ်ချက်ကြည့်လိုက်၍
"ပြောချင်ပါဘူး ဇိမ်းကဇိမ်း ပဲ ဘာမှ မမောင်ဘူး"
"နေလေ မခေါ်နဲ့ပေါ့ ဒီကလည်း မောင် လို့မခေါ်ရင် မထူးဘူးဒါပဲ"
မူပိုင် ပြုံးလိုက်ပြီးမှ သူမမြင်အောင် ခေါင်းငုံ့လိုက်ပြီး
"မင်း ကလေးကလားသိပ်လုပ်တာပဲ"
"ပြောပြီးပြီ မောင် လို့မပြောရင် အဲ့တာ ကျွန်တော့်ကိုပြောတယ်လို့မယူဆဘူး"
မျက်ခုံးတစ်ချက်ကိုပင့်ပြရင်း သူမ ဂျိုကြည့်ကြည့်နေသောကြောင့် မူပိုင် ခေါင်းရမ်းပြီး ထမင်းသာဆက်စားလေသည်။ မူပိုင် ပန်းကန်ဆေးရင်း ကျန်နေရစ်၍ ဇိမ်း မှာ ဧည့်ခန်းဆိုဖာသို့သွားလေပြီ။ မူပိုင် လည်း အားလုံးသိမ်းဆည်းပြီးမှ အိမ်ပေါ်တက်လေ၏။
YOU ARE READING
မောင့် မူပိုင်ရှင် (Completed) OC
Romance" ခင်ဗျားကို ကျွန်တော် မယူရင် ဘယ်သူက ယူမှာလဲ " " မင်း မိုက်ရိုင်းလှချည်လား " ပါးပေါ်သို့စပ်ဖျင်းဖျင်းနဲ့ ကျရောက်လာတဲ့ သူမ လက်ဝါးနဲ့က မစိမ်းသက်တော့ပါဘူး "မာနတွေသိပ်ကြီးမပြနဲ့ ဒေါ်မူပိုင်ရှင် ခင်ဗျားကို အစ်ကို့ မိန်းမမို့လို့ အလျော့ပေးနေတာ နောက်ဆိုရ...