မောင့် မူပိုင်ရှင်
အပိုင်း(2)"အင်းပါ မူပိုင် ပြောထားမယ်စိတ်ချ မူပိုင့်ဖေဖေနဲ့ မေမေ လည်း သဘောတူမယ်လို့ထင်ပါတယ်"
ဇေ ကခေါင်းတစ်ချက်ငြိမ့်ပြီးပြုံးပြသည်။
Ring>>>Ring >>> Ring >>>
ဖုန်းမြည်သံကြောင့် ဇေ ကသူ့မလက်ကိုဆုတ်ကိုင်ထားသည့်လက်ကလေးလွှတ်ပြီး နားကြပ်တပ်လိုက်သည်။
"ဟယ်လို "
".............""ဟင် ဟုတ်လား"
".............""အေး ငါအခု ဆေးရုံရှေ့နားမှာ ရောက်ခါနီးပြီ "
".............""အေးအေး "
ဇေ့ရဲ့ စကားပြောပုံကြောင့် မူပိုင် ဇေ့အား စူးစမ်းသလိုကြည့်လိုက်သည်။"မူပိုင် ကို့ လူနာ ဖောက်နေလို့ ဆေးရုံခဏ၀င်မှဖြစ်မယ် "
မူပိုင် လမ်းကိုကြည့်တော့ ဒါ ဇေ အလုပ်လုပ်တဲ့ ဆေးရုံ ရှိတဲ့လမ်းပဲဖြစ်သည်။
ဇေက နာရီ ကိုတစ်ချက်ကြည့်တော့ ၆ နာရီ ၄၅မိနစ်။
မူပိုင် ပြုံးပြလိုက်ပြီး
"ရပါတယ် ကို ရဲ့ မူပိုင် Taxi နဲ့ပြန်လိုက်ပါ့မယ် လူ့အသက်တစ်ချောင်းက မူပိုင့် ထက်ပိုအရေးကြီးတာပဲ""ကို့ ကိုနားလည်ပေးတာ ကျေးဇူးတင်ပါတယ် မူပိုင် "
ဇေ က ဆေးရုံ ရှေ့မှာ ပါကင် ထိုးပြီး ကားရပ်လိုက်သည်။"မူပိုင် ကို စိတ်ချမယ်နော်"
"အို.... ကိုကလည်းမူပိုင် ကလေး မဟုတ်ပါဘူး""အင်း အင်း ကို စိတ်ပူလို့ပါ ဂရုစိုက်နော် "
"စိတ်ချ လက်ချ လူနာကိုသွားကြည့်ပါ ကို ရယ်"သူ့ကိုစိတ်မချနိုင်တဲ့ ကိုယ့်ချစ်သူ ဇေ့ ကိုကြည့်ပြီး မူပိုင်ကြည်နူးမိသည်။
ကို သိပ်ချစ်တာ မူပိုင် သိပါတယ် ကိုရယ်။
မူပိုင် စလင်းဘတ် အိတ်ကလေးက မြဲအောင် သေချာပြန်လွယ်ပြီး လမ်းမ မှာ လက်ကလေးပြကာ Taxi တားလိုက်သည်။
မူပိုင်က ၆နာရီနား၀န်းကျင်ဆို အိမ်ပြန်နေကျမို့
ညမိုးချုပ်ရင် မေမေတို့ကစိတ်ပူသလို ကိုယ့်ကိုယ်ကိုယ်လည်းမလုံခြုံလို့ အပြင်ထွက်လေ့မရှိဘူး။
YOU ARE READING
မောင့် မူပိုင်ရှင် (Completed) OC
Romance" ခင်ဗျားကို ကျွန်တော် မယူရင် ဘယ်သူက ယူမှာလဲ " " မင်း မိုက်ရိုင်းလှချည်လား " ပါးပေါ်သို့စပ်ဖျင်းဖျင်းနဲ့ ကျရောက်လာတဲ့ သူမ လက်ဝါးနဲ့က မစိမ်းသက်တော့ပါဘူး "မာနတွေသိပ်ကြီးမပြနဲ့ ဒေါ်မူပိုင်ရှင် ခင်ဗျားကို အစ်ကို့ မိန်းမမို့လို့ အလျော့ပေးနေတာ နောက်ဆိုရ...