အပိုင်း (25) Uni/Zawgyi

38.7K 1K 46
                                    

မောင့် မူပိုင်ရှင်
အပိုင်း(25)

ရေစိုနေသော သူမရဲ့ခန္ဓာကိုယ်လေးအား အချမ်းပြေအောင် ရင်ခွင်ထဲမှာသိမ်းဖက်ထားလိုက်သည် ။

"အရမ်းချမ်းနေလား မိုးကတိတ်မယ့်ပုံတော့မပေါ်ဘူး"

ဇိမ်း ရင်ခွင်ထဲကသူမကို ငုံ့ကာမေးလိုက်ခြင်းက သူမအရမ်း တုန်နေတာကြောင့်ဖြစ်သည်။
မူပိုင် ဘာမှ ပြန်မပြောပဲ မိုးတွေချိန်းသည့်အခါ သူ့ရဲ့ခါးကို တင်းကြပ်စွာဖက်ပြီး မျက်လုံးစုံမှိတ်ထားပါသည်။

"Taxi ငှား ပြီးပြန်ကြမလား မတ်မတ် အရမ်းချမ်းနေတာ ဒီတိုင်းတော့မဖြစ်တော့ဘူး"

ဇိမ်း ပြောလည်းပြော မိုးသည်းမှာ သူမလက်ကိုဆွဲကာ လမ်းမပေါ်သို့ပြေးထွက်ခဲ့သည်။လမ်းမပေါ်ရောက်သည့်အခါ အချို့သော ကားတွေကရပ်ထားသလို အချို့ကားတွေကလည်း သွားနေကြ၏ ။ဇိမ်း Taxi လှမ်းတားလိုက်ပြီး

"မတ်မတ် လာ !"

ဇိမ်း မူပိုင့်အား ကားထဲသို့အရင်ဝင်စေခဲ့ပြီးမှ သူဝင်လာပြီး သူမကို ရင်ခွင်ထဲမှာမြုပ်နေအောင်ဖက်ထားလိုက်သည် ။Taxiမောင်းသော လူကြီးအား သူတို့နေသောရက်ကွက်သို့ပြောလိုက်ပြီး မူပိုင့် ပိုက်ဆံအိတ်ထဲက ရေစိုနေသော ပိုက်ဆံ ၅ထောင်တန်ထုတ်ထားလိုက်သည်။

"အစ်ကို Sorryဗျာ မိုးရွာနေတော့ ပိုက်ဆံတွေကရေစိုကုန်ပြီ "

"ရပါတယ်ကွာ မပြဲရင် ပြီးရော ရေစိုတာက ခြောက်ရင်သုံးလို့ရပါတယ် "

"ကျေးဇူးဗျာ "
မိနစ် ၃၀လောက် ကားစီးပြီးမှ မူပိုင်တို့အိမ်လမ်းထိပ်ထိရောက်လာသည်။

"ညီလေး မိုးရွာနေတော့ လမ်းကြားထဲထိဝင်ဖို့ခက်လိမ့်မယ်ကွ "

"အာ ရတယ် အစ်ကို ကျွန်တော်တို့ဆင်းလျောက်လိုက်မယ် "

ဇိမ်း မူပိုင့်ကိုဆွဲခေါ်ပြီး လမ်းကြားထဲသို့ ပြေးလာခဲ့ကြသည် ။

"မတ်မတ် အိမ်သော့?"
"ငါ့အိတ်ထဲမှာ"

မူပိုင် လက်ပိုက်ကာ တုန်နေသဖြင့် ဇိမ်းကပဲ မူပိုင့်အိတ်ထဲမှ သော့ကိုရှာဖွင့်လိုက်သည် ။

မောင့် မူပိုင်ရှင် (Completed) OCWhere stories live. Discover now