မောင်ဘုန်းပြည့်ချမ်းဟန်
အသက် (၁နှစ် ၂လ ၂၁ရက်)
(၂၇.၁၁.၁၉၉၃) နေ့တွင်ကွယ်လွန်သည်။အထက်ပါစာတန်းလေးများထိုးထားသော အုတ်ဂူအဖြူသေးသေးလေးရှေ့တွင် အမျိုးသားတစ်ဦး၊အမျိုးသမီးတစ်ဦးနှင့် ထိုအမျိုးသမီးလက်ကိုဆွဲထားသော ၃နှစ်အရွယ်ကောင်လေးတစ်ယောက်တို့ရပ်နေကြ၏။
သူတို့သုံးယောက်နဲ့မလှမ်းမကမ်းမှာတော့ အနက်ရောင်ထီးကိုယ်စီကိုင်ထားသောလူနှစ်ယောက်ထပ်ရှိနေပါသည်။ အုတ်ဂူရှေ့တွင်ရပ်နေကြသောသုံးယောက်ထဲမှအမျိုးသားကတော့ ယောက်ျားသားပေမို့မျက်ရည်မကျပေမဲ့ ရင်ထဲမှတဆစ်ဆစ်ဝေဒနာဖြင့်အုတ်ဂူလေးအားကြည့်နေမည်မှာ မလွဲဧကန်ပါ။
မျက်ရည်လား...မကျဘဲနေမလား ကျတာပေါ့။ ဒါပေမဲ့ မျက်လုံးကကျတဲ့မျက်ရည်တော့မဟုတ်ဘူး...နှလုံးသားကကျလာတဲ့သွေးမျက်ရည်...နာကျင်ရလွန်းလို့ နာလို့နာမှန်းတောင်မသိတော့ဘဲ နှလုံးသွေးတွေခန်းခြောက်ကုန်ပြီထင်ပါရဲ့။
အုတ်ဂူထဲမှာငြိမ်သက်နေတာသူ့ရင်သွေးလေး။ လောကကြီးထဲမှာ ၄၄၇ရက်ပဲနေခွင့်လေးရသွားတဲ့ သားငယ်လေး။ ဒီအဖေရင်မကျိုးဘဲနေမလား။ ဒါပေမဲ့ အခုထပ်ပြီးပြိုလဲပြနေရင် ချစ်ရတဲ့ "မေ" နဲ့ကမ္ဘာငယ်လေးဆောက်တည်ရာမဲ့သွားမှာပေါ့။ ပြီးတော့ သူထပ်ငိုနေရင် သားငယ်လေးသွားမဲ့လမ်းမှာပူလောင်နေလိမ့်မယ်။
"ဖေ့...မေ့ ထုန်းကျေ့ရေး(ဘုန်းပြည့်လေး) တားတားတို့နဲ့ကျန်ရိုက်တော့ဝူးရား ... ထုန်းကျေ့ရေးကိုဘယ်ခေါ်တွားကြတာရဲ"
မပီကလာပီကလာစကားသံအဆုံး ငုံ့ကြည့်လာကြသူများက ဖေ မေ ဟုနာမ်စားတပ်ခေါ်ခံရသူများ။ ထိုသူများကတော့ "ဟန်" လုပ်ငန်းစု၏ဥက္ကဋ္ဌဖြစ်သူ ဦးမြတ်ဟန် နှင့်ဇနီး ဒေါက်တာဒေါ်မေသူအောင်။
"သားရယ်..." ဟုသာမိခင်ဖြစ်သူပြောနိုင်ပြီးနောက် ကျုံ့ကျုံ့လေးထိုင်ချကာသားဖြစ်သူကိုဖက်ထားရင်း တိတ်တိတ်လေးမျက်ရည်ကျပါတော့သည်။ ထိုစဥ် ဦးမြတ်ဟန်သည်သားဖြစ်သူ၏ခေါင်းလေးကို ဖွဖွပွတ်ပေးရင်းပြောလာသည်က...
YOU ARE READING
ဘုန်းပြည့်ချမ်းဟန် (Complete)
Fantasyဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022