Part-12 (U+Z)

51.9K 4.1K 269
                                    

ပုဇွန်ငါးပိရောင်ဘက်သန်းသော ‌Formal shirt ကိုတံတောင်ဆစ်အောက်ထိခေါက်ဝတ်ထားသူကဘယ်ဘက်လက်ကောက်ဝတ်မှာနီညိုရောင်ကြိုးနဲ့နာရီတစ်လုံးပတ်ထားတော့ ဝင်းဖန့်နေတဲ့သူ့အသားအရည်နဲ့ပနံသင့်နေတော့တာပေါ့။ အနက်ရောင်အကွက်သေးတွေပါတဲ့ပုဆိုးထဲအင်္ကျီထည့်ဝတ်လာသူက ကျောပိုးအိတ်ကိုတစ်ဖက်တည်းလွယ်လာရင်း ခြေလှမ်းမှန်မှန်လျှောက်လာတော့ သူဖြတ်သွားရာတစ်လျှောက် တီးတိုးတီးတိုးဆူညံသံတွေဖြစ်လာတာကတော့ထုံးစံလိုပင်ဖြစ်နေပြီ။

"နေ့တိုင်းတွေ့နေတာတောင် မြင်တိုင်းငေးချင်တုန်းပဲ"

"ကောင်းလိုက်တဲ့အသားအရည် မိန်းကလေးဖြစ်တဲ့ငါနဲ့များကွာပါ့ "

"ဟဲ့..အဲ့ဒါဘယ်သူလဲ "

သူငယ်ချင်းထံသို့အလည်လာသော အခြားကျောင်းမှကောင်မလေးကမေးလိုက်ခြင်း...

"ငါပြောတဲ့တစ်ယောက်လေ Eco second year ကအောင်ဘုန်းဟန်ဆိုတာ "

"အော်...HAN Group ရဲ့သားဆိုတာပေါ့..."

ထိုမိန်းကလေးနှင့်ပါလာသောတစ်ယောက်မှ...

"အဲ့ဒါဆို ခရိုနီသားပေါ့ "

"No No ငါ့ဦးလေးပြောဖူးတာက HAN ကအဲ့လိုမဟုတ်ဘူးတဲ့ မျိုးရိုးစဉ်ဆက်ချမ်းသာလာတာဆိုပဲ"

တခြားအုပ်စုမှတစ်ယောက်ကလည်း...

"ဟဲ့...ဟိုမှာ Kingနေရာငြင်းလိုက်တဲ့တစ်ယောက်"

"ဟင် ဟုတ်လား .. ဒါဆိုလက်ရှိ Second year kingတော့ဂွမ်းတာပေါ့..."

"Second year king ကသူ့ကိုလိုက်နေတာတဲ့လေ.."

"အရမ်းချေတာပဲနော်..."

"သူက gay လား.."

"အဲ့လိုလည်းမပြောထားဘူး...ဘယ်သူနဲ့မှလည်းမတွဲဘူး...သူ့ဟာသူနေနေတာ"

မနာလိုသောယောက်ျားလေးအချို့ကလည်း...

"ရွှေဇွန်းကိုက်မွေးလာတဲ့ကောင်တွေဆိုတော့လည်းသောက်ဘဝင်ခပ်မြင့်မြင့်ပေါ့ကွာ"

"အလကားပါကွာ မိဘပိုက်ဆံနဲ့အရောင်ထွက်နေတဲ့ကောင်တွေအထင်ကြီးစရာမရှိဘူး"

ဪ...ကဲ သူတို့တောင်မိဘပိုက်ဆံနဲ့ကျောင်းတက်နေတာမဟုတ်ဘူးလား..လူတွေကလည်းခက်သားနော်..။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now