Part-64 (U+Z)

32.6K 1.7K 343
                                    

အာ့းး ဖြည်းဖြည်း အသားတွေပါသွားဦးမယ် အချောရဲ့"

ထောက်....!

"မပါပါဘူး အကိုရ...ကျွန်တော်သေချာကြည့်ညှပ်နေတာပါဗျ"

"အင်း အင်း"

ယနေ့နှစ်ဆန်းတစ်ရက်နေ့မို့ ညိုချောတစ်ယောက်သူ့ထက်ကြီးတဲ့ကျွန်တော့်ကို မနက်တည်းကရေချိုးခေါင်းလျှော်ပေးပြီး ယခုခြေသည်းလက်သည်းညှပ်ပေးနေကာကုသိုလ်ယူနေခြင်း။ သူ အဲ့လိုတွေလုပ်ပေးမှ ကိုယ့်ကိုကိုယ်လူအိုကြီးလိုခံစားလာရသည်။

"အကို စောစောကစကားဆက်ပါဦး"

"အင်းအင်း ဆက်မယ်"

ကျွန်တော်တို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးကတော့ထွေထွေထူးထူးဘာမှမရှိပါဘူးဗျာ။ တစ်နေ့တာရဲ့အစ မိုးလင်းလာရင်နှစ်ယောက်သားမနက်စာအတူစားသောက်ပြီး သူကရုံးသွား၊ကျွန်တော်ကဆေးရုံသွား  ဆေးရုံကိုတော့အရင်လိုက်ပို့ရတာပေါ့။ နေ့ခင်းရောက်ရင် video call ခေါ်ပြီးနှစ်ယောက်သား နေ့လယ်စာစားကြတာပေါ့။ တစ်ခါတလေ အချောအလုပ်ပါးတဲ့နေ့တွေဆိုရင်တော့ ဆေးရုံမှာပဲလက်ဆုံစားဖြစ်ကြပြန်တယ်။ ညနေဆိုသူကကျွန်တော့်ကိုလာကြို အိမ်မပြန်ချင်သေးရင်ဟိုဟိုဒီဒီလျှောက်သွား လျှောက်စားပြီးရင်အိမ်ပြန်လာ ရုပ်ရှင်ကြည့်ပြီးတော့အိပ်ရာဝင် ဒါပါပဲ။ ရိုးရိုးရှင်းရှင်းလေးပေါ့။ ပိတ်ရက်တွေဆိုရင်တော့ နှစ်ယောက်သားဟင်းချက်နည်းအသစ်တွေလက်တည့်စမ်းကြည့် မုန့်လေးတွေလုပ်စားကြည့်လိုက်နဲ့ပျော်စရာအတိပါ။ စကားများလွန်းတဲ့ကျွန်တော့်ရဲ့ပင်တိုင်နားသောတဆင်သူကတော့ စကားနည်းတဲ့ကျွန့်တော့်အချော။ အခုလည်းကျွန်တော် ဟိုအတွဲအကြောင်းပြောပြနေတာကို ခြေသည်းညှပ်ပေးရင်းနားထောင်နေတော့တာပေါ့။

"စောစောကပြောနေတာဘယ်ရောက်သွားပြီလဲ အချောလေး"

"ဂျပန်သွားတော့မဲ့ကိစ္စ"

"အော်...ဟုတ်ပြီ ဟုတ်ပြီ အဲ့ဒါ သူတို့ဒီရက်ပိုင်းအတွင်းသွားမယ်ပြောနေတာ...မင်းကိုရော ဟိုကောင်ဘာမှမပြောဘူးလား"

"ပြောထားတာကြာပြီလေ အကိုရယ်...အကိုလေးကရုံးအလုပ်တွေတောင်အကုန်ဖြတ်ပြီးနေပြီ"

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now