"ကို မင်းကိုချစ်တယ် ချမ်း~~~"မျှော်လင့်ထားတဲ့စကားဆိုပေမဲ့ ဒီလောက်မြန်မြန်ကြီးကြားရလိမ့်မယ်လို့တော့မထင်မှတ်ထားချေ။အကယ်၍သူသာမတူညီသောမိသားစုမှသားတစ်ယောက်ဆိုပါက ဤစကားကြားသည်နှင့် ကမ္ဘာမှာအပျော်ဆုံးလူသားကသူပါဟုလက်သီးလက်မောင်းတန်းပြီးကြွေးကြော်မိမှာအမှန်။ ယခုတော့ထိုလူသားနှင့်တစ်မိသားစုတည်းမှာဆုံဆည်းခွင့်ပေးခဲ့သည့် ကံကြမ္မာကိုပဲယိုးမယ်ဖွဲ့ရပါတော့မည်။
မမြင်ရတဲ့ကံကြမ္မာဆိုတာကြီးကလည်း နေရင်းထိုင်ရင်းကျေးဇူးတင်ခံရလိုက် အပြစ်တင်ခံရလိုက်နှင့် ကံကြမ္မာသာစကားပြောတတ်ပါက သောက်ကျိုးနည်းပရမ်းပတာလူသားတွေ ဟုထပြောမည်ထင်သည်။
ဖေဖေနဲ့မေမေမျက်နှာမြင်ယောင်တော့ ချမ်း,ကိုကို့ထံပါးမှမရမကရုန်းထွက်မိသည်။ အတင်းရုန်းကန်နေသူကြောင့် ကိုကိုကအသာလွှတ်ပေးလိုက်ရင်း သူ့ကိုတွေတွေလေးကြည့်လာ၏။
"ကိုကို...ဘယ်တုန်းကပြန်ရောက်တာလဲ ကျွန်တော့်ကိုဘာမှလည်းမပြောဘူး"
ပြောပြီးမှ သူ့ခေါင်းသူပိတ်ထုချင်သွားသည်။ ကိုကိုပို့ထားတဲ့စာတွေသူမှဝင်မကြည့်တာ။ကိုကို့ထံမှမထီတထီရယ်သံလေးထွက်လာပြီး...
"ငါ မနေ့ကပြန်ရောက်တာ"
ဆတ်ခနဲမော့ကြည့်လာတဲ့မျက်နှာလေး။ ကိုကို့ကိုအဲ့ဒါတွေကြောင့်လန့်တာ လေဆိပ်ကနေကိုယ့်ဆီတန်းလာပုံရသည်။ အဲ့လိုထင်ရာတွေကြပ်ကြပ်လုပ် ကျွန်တော်တို့မိသားစုလေးရဲ့အေးချမ်းနေမှုလေးတွေ နိတ္ထိတံသွားမယ်ကိုကိုရဲ့။ကျွန်တော့်ကိုဘယ်လိုသားမျိုးဖြစ်စေချင်နေတာလဲ။မော့ကြည့်ပြီးနှုတ်ဆိတ်နေတဲ့သူ့ကိုကိုကိုကမျက်လုံးတွေတည့်တည့်ကြည့်လာရင်း...
"စာတွေပို့ပြီးအသိပေးထားပါရက်နဲ့ ဒီလိုမေးလာတည်းက မင်းငါ့ကိုတမင်ရှောင်နေတာပဲ ချမ်း"
ချမ်းမှာပြောစရာစကားတွေအစရှာမရဖြစ်နေသည်။
"ကိုကိုပိုထွားလာတယ်.."
"ကျစ်!!! စကားလမ်းကြောင်းမလွှဲနဲ့ မင်းငါ့ကိုဘာလို့ရှောင်နေတာလဲ ဒီနှစ်တွေမှာ မင်းကိုကို့ကိုတအားစိမ်းတယ်... လုံးဝအဆက်အသွယ်မလုပ်တာငါးလရှိတော့မယ် ငါပြန်ပြေးလာချင်တာသေတော့မယ် လွှတ်လို့မရတဲ့အလုပ်တွေနဲ့ ဘာဖြစ်လို့ဖြစ်နေမှန်းမသိတဲ့မင်းကိုတွေးပူပြီး ငါဟိုမှာဘယ်လောက်ပြိုလဲ
လည်း မင်းသိလား !!!"
YOU ARE READING
ဘုန်းပြည့်ချမ်းဟန် (Complete)
Fantasyဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022