Part-22 (U+Z)

49.5K 3.5K 336
                                    

ဦးမြတ်ဟန် laptop screenပေါ်တွင်ပြနေသောသားကြီးကား၏ GPS locationကိုမမှိတ်မသုန်ကြည့်မိရင်းသက်ပြင်းသာသာချမိသည်။ ယနေ့ ရန်ကုန်ကိုပြနေသော အမှတ်အသားလေးသည်မနေ့တစ်နေ့ကတော့ ဟားခါးမှာရှိနေခဲ့သည်မဟုတ်ပါလား။

ထိုင်နေရာမှထလိုက်ရင်း တစ်ဖက်မှန်ပြတင်းမှတစ်ဆင့်မြင်ရသည့် ရေကူးကန်ပြာပြာလေးကိုကြည့်နေမိ
သည်။ ရေနစ်နေသောကြောင်လေး ဝရန်တာပေါ်မှသားကြီးမျက်နှာ ကြောင်ကုတ်ခံလိုက်ရသောသားငယ်ရဲ့လက် စတာတွေကအာရုံထဲမှာပြန်ပေါ်လာတော့ခေါင်းကိုအသာခါယမ်းလိုက်မိသည်။

(ဘာလို့ညာတာလဲ သား... သားငယ်ကိုသွားတွေ့တာပါလို့ပွင့်ပွင့်လင်းလင်းပြောလာခဲ့ရင်တောင် အဖေက
အံ့ဩရုံပဲရှိမှာပါ.. အခု သားက,ညာတော့အဖေစိတ်တွေလေးတယ် သားရယ်...)

ဦးမြတ်ဟန် ယခုသားကြီးရှိမည်ဟုထင်သည့်အခန်းကိုဖြည်းဖြည်းမှန်မှန်လျှောက်သွားလိုက်သည်။ အခန်းတံခါးဖွင့်ဝင်လိုက်တော့ ထင်သည့်အတိုင်းပင်
ကုတင်ပေါ်အိပ်မောကျနေသည့် သားကြီးအားတွေ့လိုက်ရသည်။

ဦးမြတ်ဟန် သားဖြစ်သူ၏ဆံပင်များကိုသပ်တင်ပေးရင်းမိမိနှင့်အလွန်တူသောသားကိုငေးကြည့်နေမိ
သည်။ ဖြည်းဖြည်းမှန်မှန်အသက်ရှုရင်းအိပ်မောကျနေပုံက ပီဘိကလေးတစ်ယောက်နှယ်။

(ပင်ပန်းနေမှာပေါ့ သားရယ်... လူပင်ပန်းတာကအနားယူရင်ပုံမှန်ပြန်ဖြစ်တယ် သား...အဖေကတော့
ငါ့သားတွေစိတ်ပင်ပန်းမှာပဲကြောက်တယ်)

ထို့နောက်ဦးမြတ်ဟန်သည် ခါးလယ်ရောက်နေသောစောင်ပါးလေးကိုသားကြီး၏ပုခုံးထိရောက်အောင်လွှမ်းခြုံပေးလိုက်သည်။ စားပွဲပေါ်ကသီချင်းသံတိုးတိုးထွက်နေသောဖုန်းကိုပါပိတ်ပေးလိုက်ရင်းအခန်းထဲမှပြန်ထွက်ခဲ့လိုက်တော့သည်။
========================

(Good night ကိုကို...ဇွတ်တရွတ်တွေသိပ်မလုပ်ပါနဲ့ကျွန်တော်ကြောက်လို့ပါ။)

ဖုန်းမှန်သားပြင်မှာမြင်နေရသည့် ကိုကို့နှုတ်ခမ်းပါးများကိုသာသာထိတွေ့နေရင်းစိတ်ထဲမှပြောမိလေသည်။ မိမိအသက်၁၆နှစ်မှာသူ့အပေါ်ခံစားချက်တွေရှိလာ၏။သူကမိမိထက်အရင် မိမိအပေါ်ခံစားချက်တွေရှိနေတော့ ထပဲ,ကရမလား...သန်းခေါင်စာရင်းထဲကအစ်ကိုကချစ်ခွင့်ပန်တော့ ထွက်ပဲပြေးရမလား ထိုင်ပဲငိုရမလား အလွန်လမ်းပျောက်ပါသည်။ မိမိအဖြစ်က All Dထွက်ပြီးဆေးကျောင်းမမီသလို ထီပေါက်ပြီးထီလက်မှတ်ပျောက်သလို မခံချိမခံသာအီလည်လည်ကြီးဖြစ်နေသည်။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now