ကိုကို့ကားလေးမြင်ကွင်းမှပျောက်သွားသည်နှင့် ချမ်း,တစ်ယောက်ကိုကိုမသွားခင်မှာခဲ့သည့် "နားနားနေနေ,နေ" ဟူသောစကားကိုအပီအပြင်လိုက်နာဖို့အတွက် မနေ့ကလျှော်ထားသည့်အဝတ်များကိုမီးပူတိုက်ရန်ဝရန်တာခန်းလေးဆီလှမ်းလာခဲ့၏။
ဝရန်တာခန်းလေးဆီရောက်တော့ပေပွနေသည့်အိပ်ရာခင်းကိုမြင်မှအရှက်သည်းစွာဖြင့်အောက်နှုတ်ခမ်းအားဖိကိုက်မိပြီးတစ်ဆက်တည်းမှာပဲ ထိုအိပ်ရာခင်းအားလျှော်ရန်အတွေးပေါ်လာရပြန်သည်။
သွေးအနည်းငယ်ကွက်နေသည့်နေရာကိုဆပ်ပြာခရင်မ်နည်းနည်းပွတ်ပေးပြီးမှ ထိုအိပ်ရာခင်းကိုအဝတ်လျှော်စက်ထဲထည့်လိုက်ပါ၏။ ရေခဲသေတ္တာထဲမှာကြက်သားနဲ့ဒိန်ချဥ်ရယ် ကိုက်လန်ရယ်တွေ့ထားတာမို့ အဝတ်လှည့်နေစဥ်အတွင်းဟင်းချက်ရန်အကြံရပြန်သည်။ ထမင်းစားပြီးလို့အစာဟောင်းစွန့်တဲ့အခါ နာမည့်ဝေဒနာကိုလည်းတွေးပူမနေနနိုင်တော့ပါ။
(ပြောင်းဖူးဆိုဒ်တောင်သာယာနိုင်တာပဲ အဲ့တော့သာသာယာယာပဲစွန့်ထုတ်လိုက်ပေါ့ ချမ်း,ရာ )
တွေးမိတွေးရာတွေးပြီးနည်းနည်းတော့ခေါင်းကျိန်းပါသည်။ မတတ်နိုင်ပါ သူထမင်းကိုအရမ်းလွမ်းနေပြီမဟုတ်ပါလား။
ဆပ်ပြာမှုန့်ဘူးယူရန်ဗီဒိုလေးဖွင့်အကြည့်...မျက်စိရှေ့မှာကြိုဆိုနေတဲ့ lubeဘူးနဲ့ကွန်ဒုံးတစ်ဖာ။ ချမ်း,ခေါင်းအသာယမ်းမိပြီး
(ရေချိုးခန်းထဲလည်း ကြံစည်ထားပြန်ပြီ...)
ကြက်သားကိုဓားရာနည်းနည်းပေးပြီး အရောင်တင်မှုန့်၊အရသာမှုန့်၊ငံပြာရည်နှင့်အတူဒိန်ချဥ်နဲ့ရောနယ်နှပ်ထားပြီးသကာလ တစ်ဖက်မှလည်းအဖြူအနီဂျင်းအား ပျဥ်းတော်သိမ်နှင့်ဆီသတ်နေစဥ် မြည်လာတဲ့ဖုန်းသံကြောင့်...
"ဟဲလို ကိုကို..."
("ချမ်း...တရှဲရှဲနဲ့ဘာတွေလုပ်နေလဲ")
"အင်း...ဟင်းချက်နေတာ"
("နားပါဆိုတာကိုကွာ...")
"နားနေရင်အာရုံကအဲ့ဒီကိုရောက်နေမှာ ကိုကိုရဲ့...ရတယ်ဘာမှမဖြစ်ဘူး"
YOU ARE READING
ဘုန်းပြည့်ချမ်းဟန် (Complete)
Fantasyဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022