Part-49 ☕ (U+Z)

39.3K 2.2K 372
                                    


နဖူးတည့်တည့်မှာခေါင်းပေါင်းစတစ်ထောင်ထောင်နဲ့ဖြစ်နေတဲ့သူက စပ်ဖြဲဖြဲရယ်ပြလာပြီးနောက်လက်ယက်လှမ်းခေါ်၏။

"အဟီးး ချမ်း...လာလာလာ တရားလာနာ အေ့!! ကိုကိုနဲ့အတူနိဗ္ဗာန်တက်ရအောင်နော် လာ လာ အေ့!!"

ချမ်း,ထိုအမူးသမားကိုကြည့်ကာ စိတ်ပျက်လက်ပျက်ခေါင်းယမ်းခါမိရင်းသက်ပြင်းချမိသည်။

(ငါ့နှယ်...ဒုက္ခပဲ တစ်ပတ်လောက်စကားမပြောဘဲပစ်ထားမလို့ပါဆို အခုကလေးထိန်းရဦးမယ်)

ထို့နောက် ချမ်း,ခေါင်းထဲအကြံတစ်ခုရလာတာကြောင့် ထိုအကြံအားအကောင်အထည်ဖော်ရန်အိပ်ခန်းထဲရှိဖုန်းအားပြန်သွားယူပါ၏။ ပြန်ထွက်လာတော့ အမူးသမားကလက်အုပ်ချီပြီးတရားနာနေလျက်ရှိတုန်း။ တရားနာနေလား အိပ်ငိုက်နေလားသူကိုယ်တိုင်ပဲသိပါလိမ့်မည်။ ချမ်း,တီဗွီနားလျှောက်သွားပြီး ရီမုဖြင့်ပိတ်လိုက်တော့ အမူးသမားကမျက်လုံးမပွင့်တစ်ပွင့်ဖြင့်မော့ကြည့်လာပြီးနောက် တင်ပလ္လင်ခွေထိုင်ကျသွား၏။ ချမ်း,သူနှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်ပြီးနောက်...

"ဒီမှာ..."

အမူးသမားကခေါင််းမော့ကြည့်လာပြီးနောက် အာလေးလျှာလေးဖြင့်...

"အင်...ကိုကို့ကို ဒီမှာလို့ခေါ်လိုက်တာလား... ဘာလို့လဲ အေ့!! ဘာလို့စိမ်းကားနေတာလဲ အချစ်ရယ် အေ့!! ကိုကို ရေစက်တောင်မချရသေးဘူး တရားလည်းပိတ်ပစ်လိုက်တယ် ဘာလဲ  ကိုကို့ကိုနတ်ပြည်မရောက်စေချင်တာလား ဟင်.."

ပြောချင်တာတွေပြောပြီး ခေါင်းငိုက်စိုက်ကျသွားပြန်သည်။

(စကားများလိုက်တာ...ဒီလူ စကားတော့ဖြောင့်အောင်ပြောနိုင်သေးတာပဲ...)

ချမ်း,လည်းစိတ်အချဥ်ပေါက်လာတာနဲ့...

"ခင်ဗျား ကျုပ်ကိုကွာရှင်းပေး"

ထိုအခါ ခေါင်းငိုက်စိုက်ကျနေသူကဆတ်ခနဲပြန်မော့ကြည့်လာကာ...

"အို့ ...မကြားဝံ့မနာသာတွေ ဘာစကားတွေပြောနေတာလဲ အချစ်ရယ်...ဘာကိစ္စကွာရမှာလဲ အေ့!! ကိုကိုမင်းကိုတာဝန်ယူထားတာ ကွာဖို့မှမဟုတ်တာ..နှလုံးသားကနုလို့အဲ့လိုစကားကြမ်းကြမ်းကြီးတွေနဲ့မနှိပ်စက်ပါနဲ့ကွာ"

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now