ညှောင်..ခွီး..!!
"အား...!"
ရေချိုးခန်းထဲမှထွက်ထွက်ချင်းကြားလိုက်ရသည့်အသံများ။ ရေချိုးပြီးအရင်ထွက်သွားသူ၏ 'အား' ခနဲအသံကြောင့် သူပျာသွားရပြီးရေချိုးခန်းမှအလောတကြီးထွက်လေတော့ တွေ့လိုက်ရသည်ကအခန်းထဲမှထွက်ပြေးသွားသည့်ကြောင်တစ်ကောင်ရယ်..ကုတင်နားတွင်ဘယ်ဖက်လက်ကောက်ဝတ်အားအုပ်ကိုင်ပြီးရပ်နေသောဘုန်းပြည့်ရယ်အားတွေ့လိုက်ရ၏။ကြောင်ကုတ်သွားခြင်းဖြစ်ရမည်။
မည်သည့်ကြောင်ကအိမ်ထဲရောက်လာသနည်း။
သူအနားရောက်သွားတော့ မျက်နှာငယ်လေးနဲ့လက်ကောက်ဝတ်ကိုပြလာရင်း ..
"အဟင့်...ကိုကို ကြောင်ကုတ်သွားလို့"
ဘုန်းဟန်,ညီလေးလက်ကောက်ဝတ်အားအသာဆွဲယူကြည့်လိုက်တော့ သွေးစို့နေသောအစင်းရာသုံးခုအားတွေ့လိုက်ရသည်။ မျက်ခုံးတွေတွန့်ချိုးသွားသူက သက်ပြင်းအသာအယာချလိုက်ရင်း...
"ဟင်း...သိတယ် ဘာလို့သွားကိုင်လဲ"
"ချစ်စရာလေးမို့"
မျက်ခုံးပင့်ကြည့်လိုက်ချိန်ခေါင်းငုံ့သွားတဲ့ကောင်လေးက သူထပ်ပြီးဆူမည်ကိုကြိုတွေးလိုက်သည့်အလား။ညီလေးပုံစံကြောင့်သူမဆူရက်တော့ဘဲ ကုတင်ပေါ်မှာထိုင်စေလိုက်ပါ၏။ ထို့နောက်အခန်းထဲရှိ နံရံကပ်ဆေးဗီဒိုလေးမှအရက်ပြန်ဘူး ဂွမ်း ဘီတာဒိုင်းနှင့်ပလာစတာတချို့အားယူလိုက်ပြီး ညီလေးဒဏ်ရာအားဆေးထည့်ရန်ပြင်ဆင်လေသည်။ သာမန်ထိခိုက်ရှနာဒဏ်ရာမျိုးဆိုလျှင်ကိုယ်တိုင်ဆေးထည့်တတ်ရန် အမေကသင်ပေးထားပြီး ဆေးဗီဒို လေးပါလုပ်ပေးထား၏။
"ပိုးမဝင်အောင်အရက်ပြန်ထည့်ရမှာမလို့နည်းနည်းစပ်မယ်..ဘုန်းပြည့်ကနာမှာစိုးရင် ကိုကို့လက်မောင်းကိုကိုက်ထား"
ဟုတ်..ဟုဆိုလာပြီးကောင်လေးကသူ့အနားတိုးလာသည်။ ဘုန်းဟန်,ညီဖြစ်သူ၏လက်ကောက်ဝတ်အားချုပ်ယူလိုက်ပြီး ဒဏ်ရာပေါ်အရက်ပြန်ဆွတ်ထားသောဂွမ်းစဖြင့်ဖိသုတ်လိုက်သောအခါ ညီလေးကသူ့ညာဘက်ပခုံးစွန်းအားကိုက်ချလိုက်ပါတော့သည်။
YOU ARE READING
ဘုန်းပြည့်ချမ်းဟန် (Complete)
Fantasyဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022