"ဒီခွေးသားကတော့ လူမှားငြိတာပဲ...!"
စကားတွေနဲ့ခနဲ့နေသူက လျှပ်တစ်ပြက်အတွင်းမှာပင်စကားသံတွေပျောက်ဆုံးကာခွေးကျ,ကျလေသည်။ ထိုစဥ် ပြေးဝင်လာသောလူသုံးယောက်။ ပထမဆုံးရောက်လာသူ၏ရင်ဝအား ခြေတံရှည်တစ်ဖက်ဝင်သွားပြီးနောက် ,ဒုတိယတစ်ယောက်၏ခေါင်းကအရက်ပုလင်းဖြင့်မိတ်ဆက်သွားရသည်။
ဖုန်းးးး !!! "အင့်...အဟွတ်!!"
ခွမ်းး !!! "အား !!! "
တတိယတစ်ယောက်က နေရာမှာပင်ရပ်တန့်သွားပြီးသူ့အားကြောင်ကြည့်နေစဥ်...ဘုန်းဟန် သူ့အနားရောက်သွားကာထိုသူ၏မျက်နှာတစ်ခြမ်းအားအုပ်ကိုင်ပြီး ဘေးဘက်အုတ်နံရံနှင့်ပစ်တိုက်လိုက်ပါ၏။
ဒုန်းး !!! "......" ထိုတစ်ယောက်မည်သည့်အသံမှမထွက်နိုင်တော့ဘဲလောကကြီးနှင့်အဆက်အသွယ်ပြတ်သွားလေသည်။ ထို့နောက် ဘုန်းဟန်သည် မှန်စတွေနှင့်ရောထွေးလဲကျနေပြီး တအားအားညည်းညူနေသူနားပြန်ရောက်သွားကာ ထိုသူအားဂုတ်မှဆွဲကာ dancing floorဆီပစ်သွင်းလိုက်ပါ၏။
အာချောင်နေသူအားဆုံးမဖို့ သူထိုင်သောက်နေသည့်နေရာက အရမ်းကျဥ်းလွန်းသည်မဟုတ်ပါလား။
အလဲလဲအပြိုပြိုနဲ့လူတစ်ယောက်ဝင်လာတာကြောင့် က,နေသည့်သူများသံစုံအော်ဟစ်ကာဘေးသို့ရှဲသွားကြလေ၏။ တားဖို့ပြေးဝင်လာကြသောလုံခြုံရေးသုံးလေးယောက်မှာလည်းပုံမှန်စိတ်မရှိသောသူကိုမတားနိုင်လိုက်ပေ။
ထို့နောက်style pantအနက်၏ဘောင်းဘီအိတ်ထဲ လက်တစ်ဖက်ထည့်လျက်တစ်လှမ်းချင်းလှမ်းဝင်လာသော ဘုန်းဟန်သည် ကြမ်းပေါ်ရှိလူအားမျက်လုံးအောက်စိုက်လျက်တစ်ချက်ကြည့်ပြီးနောက် မတိုင်ခင်ကသူပြောခဲ့သောစကားများအားပြန်ကြားယောင်လာရသဖြင့် အံတစ်ချက်ကြိတ်လိုက်ပြီး ထိုသူ၏မျက်နှာအားဖြတ်ကန်လိုက်ပါတော့သည်။
ဖြောင်းးး !!!
"အားးး !! အောင်..အောင်ဘုန်းဟန် မင်း"
ဒုတ် ...!
ရင်ဝသို့ခြေဦးဖြင့်ပိတ်ကန်လိုက်သည့်အသံခပ်အုပ်အုပ်။
YOU ARE READING
ဘုန်းပြည့်ချမ်းဟန် (Complete)
Fantasyဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022