ဘုန်းဟန် notice စာကိုသေချာဖတ်လိုက်ပြီးမှစားပွဲပေါ်ပြန်တင်လိုက်၏။ တည်သောမျက်နှာထားဖြင့်ခုံပေါ်ကျောမှီလိုက်ပြီးမှန်နံရံမှတစ်ဆင့်အပြင်သို့အကြည့်ပို့လိုက်သည်။
ခေါင်းထဲမှာအတွေးပေါင်းများစွာလူးလားခေါက်ပြန်ပြေးလွှားနေလျက်။ အဘယ့်ကြောင့်ထိုကွန်ဒိုဒီဇိုင်းကSkyနဲ့သွားတူနေရသလဲ။ လုပ်ငန်းစတာနှစ်လအကြာမှာမှဘာ့ကြောင့်ဒီလို noticeစာရောက်လာရသလဲ။ လွင်ဦးမောင်ဆိုတဲ့ကောင်ကအပိုင်ကွက်မရှိဘဲ
တည့်မစိန်ခေါ်ရဲလောက်ဘူး။ ဘုန်းဟန် စားပွဲပေါ်ရှိဖုန်းပေါ်မှနံပါတ်တချို့အားနှိပ်လိုက်ပြီးနောက်..."Design က headကိုငါ့ဆီအခုလာဖို့ပြောလိုက်"
ဘုန်းဟန်,စားပွဲကိုလက်ညှိုးဖြင့်တစ်ချက်ချင်းတစ်တောက်တောက်ခေါက်နေရင်း ထိုသူအလာကိုစောင့်နေလိုက်၏။ ငါးမိနစ်ခန့်အကြာတံခါးခေါက်သံတစ်ခုထွက်ပေါ်လာသဖြင့်...
"ဝင်ခဲ့ပါ"
တံခါးပွင့်သွားပြီး ဝင်လာသူကြောင့်ဘုန်းဟန်မျက်မှောင်ကုတ်မိရသည်။ သူသိသော Design Dept; ၏ headသည်ယခုဝင်လာသူမဟုတ်ပါ။
"ကျွန်တော်ရောက်ပါပြီ CEO"
ဘုန်းဟန် မိမိရှေ့လက်ချင်းယှက်ရပ်နေသူအားခပ်စိမ်းစိမ်းတစ်ချက်ကြည့်လိုက်ရင်း...
"မင်းကဘယ်သူလဲ"
"ကျွန်တော် လက်ထောက်headပါခင်ဗျ"
"ဘာ !"
သူ့ 'ဘာ' ကြောင့်အရှေ့မှတစ်ယောက်တုန်ခနဲဖြစ်သွားပြီး အလန့်တကြားကြည့်လေ၏။
YOU ARE READING
ဘုန်းပြည့်ချမ်းဟန် (Complete)
Fantasyဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022