Part-32- Heavenic (Uni)

56.9K 3K 2K
                                    

ညကစောစောအိပ်ပျော်သွားလို့ထင်တယ်။ ချမ်း,နိုးလာတော့မနက်၆နာရီတောင်မထိုးသေးဘူး။ ကိုကိုကတော့ငယ်ငယ်တုန်းကလိုပဲခြေတွေလက်တွေနဲ့ခွဖက်ထားပြီးအိပ်ပျော်နေတုန်း။ ညကအိပ်ပျော်သွားတဲ့အတိုင်း နိုးလာတော့လည်းဒီတိုင်းဆိုတော့ အိပ်နေတုန်းနည်းနည်းလေးတောင်မလှုပ်တဲ့သဘောပေါ့။

မျက်လုံးရှေ့မှာမြင်နေရတဲ့ရင်အုပ်ကိုခိုး နမ်းလိုက်ပြီးအသာရုန်းထွက်လိုက်၏။ ပြေလျော့နေတဲ့လက်အစုံကြောင့် ချမ်း,လွယ်လွယ်ကူကူပဲထထိုင်လိုက်နိုင်ပါသည်။ လက်တစ်ဖက်ကကုတင်ပေါ်အားပြုထောက်ကာ ပုံ့ပုံ့လေးထိုင်ရင်းခေါင်းစောင်းပြီးအိပ်နေသူကိုငေးကြည့်နေမိသည်။

(အိပ်နေတဲ့အချိန်ပဲငယ်ငယ်ကကိုကိုလို့ခံစားရတယ်..အခုကိုကိုကအများကြီးပြောင်းလဲသွားတယ်...)

နောက်ဆက်တွဲတွေကိုဆက်မတွေးနိုင်တော့သော ညှိုးရော်ရော် မျက်နှာလေးနှင့်သူသည်ကကုတင်ပေါ်ကနေ လိုက်ကာပိတ်တစ်ဝက်ပွင့်တစ်ဝက်ဖြစ်နေသည့်မှန်နံရံတွေဆီအကြည့်အရောက် ‌ လာရောက်ထိမှန်နေတဲ့မိုးစက်ပေါက်တွေကြောင့်အတွေးတချို့ဝင်
ရောက်လာပြန်ပါသည်။

(ဟင်!!! ဝါမှမကျွတ်သေးတာ...အဲ့ဒါကိုဘာကိုလက်မှတ်ထိုးမှာလဲ)

အတွေးတို့မဆုံးခင်သိလိုစိတ်ကကြီးစိုးလာတာကြောင့်...အိပ်နေသူကိုအတင်းလှုပ်ယမ်းနှိုးမိ၏။

"ကိုကို...! ကိုကို ထဦး...ကိုကို ထပါဦးဆို!"

"ဟင်...အင်း အင်း အင်း.....ကျွတ်ကျွတ်ကျွတ်"

နိုးတစ်ဝက်လူက တအင်းအင်းအသံပြုရင်း..ချမ်း,ကျောပြင်တွေကိုလှမ်းကုတ်ပေးလာတယ်။ သိတာပေါ့...ဒီအပြုအမူကငယ်ငယ်ကသူအိပ်လို့မရလို့ဂျီတိုင်း ကိုကိုကကျောပြင်ကိုကုတ်ပေးတဲ့အခါဇိမ်ယူရင်းအိပ်ပျော်သွားတတ်တဲ့ရင်းနှီးပြီးသားအမူအကျင့်တွေပဲဟာ။

ချမ်း,ကုတ်ပေးနေတဲ့လက်ကိုဆွဲယူလိုက်ကာ ဆတ်ခနဲကိုက်ချလိုက်၏။ ထိုအခါမှအလန့်တကြားငုတ်တုတ်ထထိုင်လာပြီး...

"ဟင်...! ချမ်း...ဘာဖြစ်တာတုန်း! ဘာဖြစ်တာတုန်း..ဘာကောင်ကိုက်လို့လဲ"

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now