သူ့မျက်လုံးတွေပွင့်လာတော့မြင်ရတဲ့အနေအထားအရ အခန်းထဲမှာဖြစ်ကြောင်းသိလိုက်ရသည်။ ညကညီလေးကိုပုံပင်ပြောပြနေရင်းအိပ်ပျော်သွားတာကြောင့် အဖေတို့ချီပြီးပို့ပေးထားတာပဲဖြစ်ရမည်။ ဒါဆို ညီလေးကရော ??? အတွေးဖြင့်ဘေးသို့လှည့်အကြည့်မည်သူမှရှိမနေတာကြောင့် သူငေါက်ခနဲထထိုင်မိလိုက်သည်။ ထို့နောက် အခန်းထဲမှထွက်ကာအောက်ထပ်သို့အလျှင်စလိုပြေးဆင်းလာရင်း...
"ဘုန်းပြည့်ရေ ! ဘုန်းပြည့်ဘယ်မှာလဲ !! "
ထိုအခါ ထမင်းစားခန်းထဲတွင်ကြီးမှုံခွံ့ကျွေးနေသောပဲပြုတ်ထမင်းကြော်ကိုသေချာဝါးစားနေသောကောင်လေးသည် ရေနွေးကြမ်းနွေးနွေးကိုမော့သောက်လိုက်ပြီးမှ...
"ဂျာ ! ညီရေးဒီမှာ ! "
ထမင်းစားခန်းထဲမှအသံကြောင့်အပေါ်ထပ်မှ တဒုန်းဒုန်းပြေးဆင်းလာသူသည်ချက်ချင်းဆိုသလို ထမင်းစားခန်းဝသို့ရောက်လာ၏။ ရောက်ရောက်ချင်းညီလေးနားတိုးကပ်လာသောကောင်လေးသည်...
"အမေ ညကဘုန်းပြည့်ဘယ်မှာအိပ်တာလဲ သားနဲ့တူတူအိပ်တာလား"
"ဟုတ်တယ်လေ သားရဲ့..ညကသားတို့အောက်မှာအိပ်ပျော်သွားလို့အမေတို့အပေါ်ပို့ပေးထားတာလေ"
"ဟုတ်လား နိုးလာတော့ဘုန်းပြည့်ကိုမတွေ့လို့ပါ နေပါဦး မင်းကဘာလို့အစောကြီးနိုးနေတာလဲ..ငါ့တောင်မစောင့်ဘဲမနက်စာစားနေတယ်ပေါ့"
"ဟီးးး တားဗိုက်ချာရို့"
"ကဲပါ သားကြီးကလည်းညီလေးဗိုက်ဆာလို့စားနေတာကို သွား..မျက်နှာသွားသစ် မနက်စာစားပြီးရင်အဖေတို့ဘုရားသွားကြမယ်"
သူ့စကားကြောင့်မျက်နှာလေးပြုံးသွားတဲ့သားကြီးကမျက်နှာသစ်ဖို့ထွက်သွားလေရဲ့။ ကျန်ခဲ့တဲ့သားငယ်ကတော့ ထမင်းကြော်ကိုစိတ်ပါဝင်းစားစွာစားနေဆဲ။
ခေတ္တအကြာမျက်နှာသစ်ပြီးပြန်ရောက်လာသောသားကြီးက သားငယ်စားနေတဲ့ထမင်းကြော်ကိုကြည့်ပြီး...
"လူကြီးလားမင်းက...ရေနွေးကြမ်းတွေဘာတွေနဲ့ ဖွားမှုံသားကိုလည်းထမင်းကြော်ကျွေးပါ"
YOU ARE READING
ဘုန်းပြည့်ချမ်းဟန် (Complete)
Fantasyဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022