"ဘုန်းပြည့်လေး...!"သူ့မှတ်ဥာဏ်ထဲမှာစွဲထင်နေတဲ့ ညီလေးနဲ့ပတ်သက်တဲ့အရာလေးကအံ့ဩစရာကောင်းလောက်အောင် ထိုကောင်လေးမှာရှိနေခဲ့သည်။ ကြောင်ကြည့်နေတဲ့သူ့ကိုထိုကလေးလေးက ငေးကြောင်ကြောင်လေးပြန်ကြည့်လာသည်။ သူထိုကလေးနားလျှောက်သွားကာဘေးမှာဝင်ထိုင်လိုက်ရင်းသေချာကြည့်နေမိပြန်သည်။ သူ့မျက်စိရှေ့မှကောင်လေးသည် အဘယ်ကြောင့်ညီလေးနှင့်အလွန်တူနေရပါသနည်း။ သေချာတာကတော့ထိုကောင်လေးသည် သူ့ညီလေးမဟုတ်ပါ။ သူ့ညီလေးသည် ဘယ်တော့မှပြန်မလာနိုင်တော့မှန်းသူသိပါသည်။
သူ့အားသေချာပြန်ကြည့်နေသောကောင်လေးအားပြုံးပြလိုက်ပြီးနောက်...
"မင်းကဘာလို့ဒီမှာထိုင်ငိုနေရတာလဲ"
သူ့ကိုကြည့်နေသောကောင်လေးသည် ရေကန်ဘက်မျက်နှာပြန်မူလိုက်ပြီးဖြေလာသည်က...
"တနားရို့..."
"ဟင်...ဘယ်သူ့ကိုလဲ"
"နားရေးဒွေဂို..."
"ဟမ် ! ဘာကြီးကို"
ထိုကလေး၏မပီကလာပီကလာစကားလုံးတွေကိုသူနားမလည်ပါ။
"နား...နား ဖစ်ချစ် ဖစ်ချစ်"
"မင်းဘာပြောချင်တာလဲကွာ...မင်းရဲ့ဂြိုလ်သားစကားတွေငါနားမလည်ဘူး"
ထိုအခါအငိုတိတ်သွားပြီဖြစ်တဲ့ကောင်လေးက မျက်ခုံးတန်းပိစိလေးတွေကိုစုကျုံ့လိုက်ပြီး...
"နားပါရှို...ရေတန်ထဲမှာနေဒဲ့နားရေ ဒါရေးတောင်တိဝူးရား"
လက်ညှိုးသေးသေးလေးကရေကန်ကိုညွှန်ပြပြီးပြောလာတာကြောင့် ထိုကလေးဘာကိုပြောချင်သည်မှန်းသဘောပေါက်သွားရသည်။
"အော်...ငါးကိုပြောတာလား ဖစ်ရှ်ပါကွမင်းကလည်း..အေးလေ မင်းကကလေးပဲရှိသေးတော့စကားဘယ်ပီပါ့မလဲ...ဒါနဲ့ ဘာလို့ငါးကိုသနားတာလည်း ပြောပါဦး"
"နားရေးဒွေချမ်းနေမှာချိုးရို့"
"ဟမ် !! ငါးကချမ်းတတ်တယ်လို့မင်းကိုဘယ်သူပြောတာလဲ"
"မနက်ဂ တားရေအချောရီးချိုးရဒါ...အချောရီးချိုးတော့အေးတယ်ရေ...အဲ့ဒါ နားရေးဒွေဂရေထဲမှာပဲနေရတော့ပိုအေးနေမှာ တနားပါဒယ်"
YOU ARE READING
ဘုန်းပြည့်ချမ်းဟန် (Complete)
Fantasyဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022