Professor's Bad Guy
Zawgyi
ဧည့်ခန်းထဲ သတင်းစာထိုင်ဖတ်နေသည့် ပါး,ရဲ့အနား ဝင်ထိုင်ကာ သူပါသတင်းစာတစ်စောင် ကောက်ယူဖတ်လိုက်သော်လည်း သတင်းစာထဲပါရှိသည့်အကြောင်းအရာတွေက အလွန်ပျင်းစရာကောင်းလွန်းသည်ကြောင့် သတင်းစာကို စားပွဲပေါ် ဘတ်ခနဲပစ်ချလိုက်တော့ ပါး,က မျက်လုံးလှန်ကြည့်၏။
မျက်လုံးလှန်ကြည့်ပြီး သူ့ကိုကျောပေးထိုင်သွားသည့် ပါး,က သူတစ်ခုခုလုပ်မှာကို စိုးရိမ်သည့်နှယ်။ ရန်လေးမဆိုသလောက်ဖြစ်တာနဲ့ နောက်ဆုံးအဆင့်တွေရတာကလွဲရင် သူက လိမ္မာပါတယ်၊ တစ်ခါတစ်လေ Night Outထွက်ပြီး ပြဿနာရှာတာကလွဲရင်ပေါ့လေ. . .
"ပါး"
". . . . ."
"ပါးလို့"
"ဘာလဲ"
"ကျွန်တော် မေးစရာရှိတယ်"
"ပေါက်ကရမေးခွန်းတွေကလွဲရင် ကျန်တာမေးလို့ရတယ်"
သူ့ဘက်လှည့်၍ သတင်းစာကိုခေါက်ပြီး စားပွဲပေါ်ချကာ ပြောလာသည့်ပါး,ကြောင့် ခပ်ရေးရေးပြုံးလိုက်သည်။
ရှောင်ဇီ သူ၏သားမျက်နှာပေါ်က အပြုံးကြီးကြောင့် မျက်ခုံးကခပ်လှုပ်လှုပ်၊ သင်းအဲဒီလိုပြုံးလိုက်တိုင်း ဒီအဖေမှာ လန့်နေရတယ်ဆိုတာ သင်းမသိလေရော့သလား၊ ဒီသားချောသားဆိုးလေးကို ဆုံးမပဲ့ပင်နိုင်မယ့် သူတစ်ယောက်မရှိတော့ဘူးလား. . .
"ပါး ကျွန်တော်တို့ကျောင်းက ပရော်ဖက်ဆာကို သိလား"
"မင်းတို့ကျောင်းမှာ ပရော်ဖက်ဆာတွေ ဒီလောက်များတာ ငါကဘယ်တစ်ယောက်ကို သိရမှာလဲ"
"ပရော်ဖက်ဆာဝမ်လေ နာမည်က ဝမ်ရီပေါ်"
ပါး,က သေချာစဉ်းစားနေသော်လည်း သိမည့်ပုံမပေါ်သောကြောင့် အိပ်ခန်းထဲသွားရန် ထလိုက်သည်။ ပါး,ကဘယ်လိုသိမှာလဲ ပါး,ကစီးပွားရေးသမား၊ ပရော်ဖက်ဆာဝမ်က ကျောင်းဆရာ လမ်းကြောင်းမတူတဲ့ဒီနှစ်ယောက်ကို သိလားလို့မေးမိတာကိုက သူ့အမှား ဟူး. . .
"သားကျန့်"
နောက်ပါးဆီမှ ပါးရဲ့ခေါ်သံကြောင့် ဘာလဲဟူသော အသံတိတ်ဖြင့် မေးဆက်ထူးလိုက်တော့ ပါးက လက်ယပ်ခေါ်ပြန်သည်ကြောင့် ဆိုဖာတွင်ပြန်ထိုင်လိုက်သည်။

YOU ARE READING
𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫'𝐬 𝐁𝐚𝐝 𝐆𝐮𝐲
Fanfiction𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫 𝐖𝐚𝐧𝐠 𝐘𝐢𝐛𝐨 𝐒𝐜𝐡𝐨𝐨𝐥 𝐁𝐚𝐝 𝐁𝐨𝐲 𝐗𝐢𝐚𝐨 𝐙𝐡𝐚𝐧 𝐘𝐢𝐳𝐡𝐚𝐧 𝐅𝐚𝐧𝐟𝐢𝐜 (𝐍𝐨𝐭 𝐙𝐡𝐚𝐧𝐲𝐢)