Professor's Bad Guy
Zawgyi
ပြတင်းမှန်များဖွင့်လှစ်ထားခြင်းကြောင့် လိုက်ကာစတွေမှတစ်ဆင့် မျက်နှာပြင်ပေါ်သို့ ကျရောက်လာသည့်အလင်းရောင်မှုန်မွှားမွှားကြောင့် နှိုးလာရသော်လည်း တင်းကြပ်စွာဖက်ခံထားရသည့် သူ၏ကိုယ်လုံးလေးမှာ အနည်းငယ်နာကျင်လာရသည်။ အခန်းပေါင်းများစွာရှိနေသည့်သုံးထပ်အိမ်ဖြူတော်ကြီးကိုမှ မျက်နှာပြောင်တိုက်စွာ အခန်းတွေမရှိဘူးဆိုသည့် ပရော်ဖက်ဆာဝမ်ကြောင့် ဒေါသထွက်စွာဖြင့် ဆိုဖာပေါ်အိပ်ရန်ပြင်နေသည့်သူ့အား ကုတင်ပေါ်ပွေ့ချီ၍ တင်းကြပ်စွာပွေ့ဖက်ခံထားရခြင်းနှင့်အတူ လည်တိုင်ပေါ်သို့ကျရောက်လာသည့် အနမ်းများနှင့် အိပ်စက်ခဲ့ရသည်။
မနက်အလင်းရောင်ထွက်စပြုနေသည်အချိန်ထိ ဖယ်ခွာခြင်းမပြုသေးသည့်လက်တွေကြောင့် အတင်းရုန်းကန်သော်လည်းလွှတ်ပေးခြင်းမပြုသည်မို့ လက်သီးကိုဆုပ်ကာ ပရော်ဖက်ဆာဝမ်ရဲ့ညီတော်မောင်တည့်တည့် နောက်ပြန်ထိုးချပစ်လိုက်၏။
"အာ့!!!. . ."
ဖက်ထားသည့်လက်တွေပြေလျော့သွားခြင်းနှင့်အတူ နာကျင်ဟန်ဖြင့် နှိုးထလာသည့်ပရော်ဖက်ဆာဝမ်ကိုကြည့်၍ ခပ်ဟဟရယ်ကာ ရေချိုးခန်းထဲဝင်ခဲ့လိုက်သည်။ ဘယ်လိုဘယ်ပုံဖြင့်ကျန်ရစ်ခဲ့မည်ဆိုတာ မမြင်ရသော်လည်း နာကျင်သည့်ငြီးငြူသံကြီးက ရေချိုးထဲကပင် အတိုင်းသားကြားနေရ၏။
"အသားယူချင်နေတာကို ခံပေါ့"
"ဒုန်း!. . .ဒုန်း!"
"ရှောင်ကျန့်!"
"ဒုန်း!. . .ဒုန်း!. . .ဒုန်း!"
"ရှောင်ကျန့် တံခါးဖွင့်စမ်း!!!"
ရေချိုးရန်အင်္ကျီချွတ်နေချိန် တံခါးထုလိုထု၊ တံခါးလော့ခ်အား ဆွဲဖွင့်နေသည့် ပရော်ဖက်ဆာဝမ်ကိုလျစ်လျူရှုကာ အဝတ်အစားတွေအကုန်ချွတ်၍ Bathtubထဲရေဝင်စိမ်နေလိုက်သည်။ အပြင်မှအော်ဟစ်သံနဲ့တံခါးထုသံသည်လည်း ညောင်းသွား၍ထင် ဘာသံမှမကြားရတော့။ Bathtubထဲမှထွက်ကာ ရေပန်းအောက်၌သန့်စင်လိုက်ပြီး Bathrobeဝတ်၍ အိပ်ခန်းထဲဝင်ခဲ့တော့ ဆိုဖာ၌ခြေချိတ်ထိုင်ကာ စီးကရက်၏အငွေ့တွေကို တစိုက်မတ်မတ်မှုတ်ထုတ်နေသည့် ပရော်ဖက်ဆာဝမ်သည် အဖြူရောင်ရှပ်လက်ရှည်ကို တံတောင်ဆစ်နားထိခေါက်တင်ထားသည်ကြောင့် ဖြိုင်းဖြိုင်းထနေသည့်သွေးကြောမျှင်တွေက ထင်ထင်ရှားရှားပေါ်လွင်နေ၏။ ကြယ်သီးတပ်ဆင်ထားခြင်းမရှိသည့် အင်္ကျီအဖြူရောင်ကြောင့် ကျစ်လစ်သောဝမ်းဗိုက်ကြွက်သားအမြောင်းမြောင်းတွေက ရှစ်ခု။
"ကိုယ့်ကိုကြည့်လို့မဝသေးရင် နောက်မှထပ်ကြည့်လို့ရတယ် ဘေဘီ၊ ခုတော့ အအေးမပတ်အောင် အဝတ်စားအရင်ဝတ်လိုက်၊ ကိုယ် အဆင်သင့်ထုတ်ထားပေးတယ်"
စီးကရက်လိပ်ကိုင်ထားသည့်လက်ဖြင့် ကုတင်ပေါ်၌တင်ထားသော အဝတ်စားတို့ကို ညွှန်ပြနေသည့်ပရော်ဖက်ဆာဝမ်ပုံစံက မိန်းကလေးတွေအတွက်တော့ ရင်ခုန်စရာကောင်းမည်မှာအမှန်။
"ဘေဘီနဲ့အံကိုက်ဖြစ်မယ့်အဝတ်စားတွေ ကိုယ့်ဆီမှာမရှိလို့ မနေ့ကတည်းက လူလွတ်ပြီးဝယ်ခိုင်းလိုက်တာ"
ခေါင်းညိတ်အသိမှတ်ပြုရုံသာ တုန့်ပြန်ချက်ရလိုက်သည်မို့ ကောင်ငယ်လေးစိတ်အနှောင့်အယှက်မဖြစ်ရအောင် ဆေးလိပ်ထိုင်ဖွာရင်း အဝတ်စားလဲနေတာကို ထိုင်ကြည့်နေလိုက်သည်။ Bathrobeအပေါ်ပိုင်းချွတ်လိုက်ခြင်းကြောင့် ဖြူဖွေးသည့်ကျောပြင်သေးသေးလေးက အမှတ်အသားလေးတွေပေးချင်စရာအတိ။ ထို့နောက် အောက်ပိုင်းကိုတော့ချွတ်မချပဲ အပေါ်မှထပ်ဝတ်ဆင်လိုက်သည်မို့ အမြင်ချင်ဆုံးအရာလေးကို မမြင်တွေ့လိုက်ရ။
"ကိုယ်နဲ့အတူသွားမယ် ခဏစောင့်"
ပြာခံခွက်ထဲသို့ စီးကရက်ကိုချကာ မျက်လုံးတစ်ဖက်မှိတ်ပြရင်း ရေချိုးခန်းထဲသို့ဝင်သွားသည့် ပရော်ဖက်ဆာဝမ် တံခါးပိတ်လိုက်သည်နှင့် စားပွဲခုံပေါ်မှသူ့အတွက်ဟုယူဆသော Gucci Brandကျောင်းလွယ်အိတ်ကို ကောက်ကိုင်ကာ အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။
အောက်ထပ်၌မည်သူ့အရိပ်အယောင်မှမတွေ့ရသလို ခြံဝန်းထဲတွင်လည်းမည်သူ့အရိပ်အယောက်မှ မတွေ့ရ။ ပိတ်ထားသည့်ခြံတံခါးကြီးအား ပွင့်လာစေရန် ပရော်ဖက်ဆာဝမ်ကိုစောင့်နေရုံမှအပ မတတ်နိုင်သော်လည်း ဒီခြံကြီးနဲ့ဝေးရာသွားချင်နေပြီ။ တံတိုင်းကြီးတွေမှာလည်း သူ၏အရပ်ထက်နှစ်ဆပိုမြင့်နေသယောင်။
"တီ!. . .တီ!"
အနောက်တည့်တည့်မှ ကားဟွန်းတီးသံကြီးကြောင့် အနောက်လှည့်ကြည့်မိတော့ ပရော်ဖက်ဆာဝမ်သည် ပြောင်လက်နေသည့်အနက်ရောင်ကားပေါ်မှနေ၍ သူ့အားလက်ယပ်ခေါ်နေ၏။ ပရော်ဖက်ဆာဝမ်ထိုင်နေသည့် ကားအနောက်ခန်းဘေးတစ်ဖက်တွင် ဝင်ထိုင်လိုက်သည်နှင့် သူ၏ခြေထောက်တွေဟာ ပရော်ဖက်ဆာဝမ်၏ပေါင်ပေါ်သို့ မ,တင်ခြင်းခံလိုက်ရသည်။
"ဘာလုပ်တာလဲ လွှတ်"
"ငြိမ်ငြိမ်နေစမ်း ဘေဘီ"
ပြောပြောဆိုဆို သူ၏ဖိနပ်မှာအချွတ်ခံလိုက်ရပြီး နောက်ထပ်အဖြူရောင်ဖိနပ်တစ်ရံ ဝတ်ဆင်ပေးခြင်းခံလိုက်ရသည်။ Adidas Brandဖိနပ်အဖြူရောင်မှာ သူ၏ခြေထောက်နှင့်အံဝင်ခွင်ကျရှိလှ၏။ ကားလေးသည်ခြံဝန်းထဲမှ ဖြည်းဖြည်းမှန်မှန်မောင်းထွက်သွားသည်နှင့် သူ၏ခြေထောက်အား အသာအယာအောက်သို့ချပေးကာ ပကတိအတိုင်း တည်ကြည်စွာ Laptopတစ်လုံးဖြင့်အလုပ်ရှုပ်နေပြန်သည်။
Laptopပေါ်သို့ပြေးလွှားနေသည့် လက်ချောင်းရှည်ရှည်ကြီးများက အကြောဖြိုင်းဖြိုင်းထကာ လက်ဖဝါးမှာလည်း သူ၏လက်ထက်တစ်ဆပင်ပိုကြီးနေသယောင်။ ဆံပင်တို့ကို ဂျယ်လ်အကူညီဖြင့် အနောက်သို့လှန်သင်ထားသည်ကြောင့် ချောမောခန့်ညားသည့်မျက်နှာတို့အား ရှင်းလင်းစွာမြင်တွေ့ရပေသည်။
ကားအတွင်းထဲအမျိုးသားသုံးDENVERရေမွှေးနံ့က သူ၏နှာခေါင်းဝသို့ ကလူကျီစယ်နေ၏။ OAKLEY Brandလေးထောင့်ငွေရောင်မျက်မှန်အား တပ်ဆင်ထားသည်မှာ ပရော်ဖက်ဆာဝမ်နှင့် ပို၍လိုက်ဖက်နေသယောင်။ သို့သော်လည်း ပစ္စည်းပစ္စယတစ်ခုစီတိုင်းအား Brandမျိုးစုံသုံးစွဲထားသည့် ပရော်ဖက်ဆာဝမ်က တစ်ခန်းလွတ်နေသယောင်။
Laptopတစ်လုံဖြင့်အလုပ်ရှုပ်နေသည့် ပရော်ဖက်ဆာဝမ်ကိုကြည့်ကာ ခေါင်းနောက်လာသဖြင့် ပြင်ပလေကိုရှူရှိုက်၍ ပတ်ဝန်းကျင်ကိုစူးစမ်းကာ လိုက်ပါလာခဲ့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက်တွင် ကားလေးသည် ကျောင်းရှိရာသို့ရောက်ရှိလာကာ ကားပါကင်အနီး၌ရပ်လိုက်၏။ ပရော်ဖက်ဆာဝမ်ရဲ့ကား ကျောင်းဝန်းထဲဝင်လာသည်နှင့် ကျောင်းသူမိန်းကလေးများသည် ကားပါကင်ရှိရာသို့ပြေးလာကြပြီး လွယ်အိတ်တွေထဲမှ မိတ်ကပ်၊ နှုတ်ခမ်းနီ စသည့်အလှပြင်ပစ္စည်းတွေအားထုတ်ယူကာ ပြင်ဆင်ချယ်သကြသည်ကိုကြည့်၍ ရှောင်ကျန့် နှာခေါင်းတစ်ချက်ရှုံ့လိုက်မိသည်။
သက်ကြားအိုကြီးကို ဘယ်နေရာကြည့်ကြိုက်မှန်းမသိ. . .
စုံလုံးကန်းတွေ. . .
အိတ်ကပ်ထဲမှအမြဲယူဆောင်လေ့ရှိသည့် ပီကေတစ်ခုကိုထုတ်ဝါးလိုက်ပြီး ကားတံခါးဖွင့်ကာ ဟန်ပါပါဆင်းပစ်လိုက်၏။ ပရော်ဖက်ဆာဝမ်ရဲ့ကားပေါ်မှဆင်းလာသည့်သူ့ကို အထူးဆန်တဖွယ် ကြည့်နေကြတဲ့သူတွေကို ဂရုမစိုက်ဘဲ ထွက်လာခဲ့လိုက်သည်။ ပရော်ဖက်ဆာဝမ်ကိုနှုတ်မဆက်ဘဲထွက်လာသည့်သူ့အား ယဉ်ကျေးသမှုမရှိတဲ့ကောင်လို့များ ထင်သွားမလား။ ထင်ထင်မထင်ထင် သူဂရုမစိုက်။ သူကိုယ်တိုင်က ဘယ်တုန်းက လိမ္မာယဉ်ကျေးဖူးလို့လဲ။
"ရှောင်ကျန့်! အတန်းပြေးဖို့မစဉ်းစားနဲ့"
"ကျစ်"
နောက်ပါးဆီမှဖိနပ်ခွာသံနှင့်အတူ လက်ကောက်ဝတ်အားဖမ်းဆုပ်ခံလိုက်ရပြီး အမိန့်ပေးနေတဲ့ပရော်ဖက်ဆာဝမ်ကြောင့် စုပ်တစ်ချက်သပ်ကာ မော့ကြည့်လိုက်၏။ ငုံ့မိုးကြည့်နေသည့်ပရော်ဖက်ဆာဝမ်ကြောင့် သူ၏ကိုယ်လုံးမှာ ပရော်ဖက်ဆာဝမ်၏ရင်ခွင်ထဲရောက်နေသလို ဖြစ်နေသည်မို့ ဆုပ်ကိုင်ခံထားရသည်လက်ကိုရုန်းကာ ခြေနှစ်လှမ်းစာလောက်ဆုတ်လိုက်၏။
သူတို့နှစ်ယောက်အခြေအတင်ဖြစ်နေပုံအား ကြည့်နေကြတဲ့သူတွေမှာ အလှပြင်ဖို့မေ့နေကြသည်ထင်။
"ငါ့ရုံးခန်းထဲလိုက်ခဲ့ ဒီနေ့ကစပြီး ငါမပါဘဲဘယ်နေရာမှမသွားရဘူး ဒါငါ့အမိန့်ပဲ"
"ရှောင်ကျန့်ဆိုတဲ့ကျုပ်ကို ဘယ်သူမှအမိန့်ပေးလို့မရဘူးဆိုတာ ခင်ဗျားမှတ်ထား ပရော်ဖက်ဆာဝမ်"
ချာခနဲလှည့်ထွက်သည့်ကောင်ငယ်လေးကို ဖမ်းဆုပ်တားဆီးချိန်ပင်မရလိုက် သူ့အနားမှ လေအလျင်လိုထွက်သွားလေပြီ။ ထွက်ခွာသားသည့်ကျောပြင်လေးကို မြင်ကွင်းမှပျောက်ကွယ်သွားသည်အထိ မြင်ကွင်းတစ်ဆုံးကြည့်ပြီးမှ သူ့အခန်းထဲသို့သာ လာခဲ့လိုက်တော့သည်။
YOU ARE READING
𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫'𝐬 𝐁𝐚𝐝 𝐆𝐮𝐲
Fanfiction𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫 𝐖𝐚𝐧𝐠 𝐘𝐢𝐛𝐨 𝐒𝐜𝐡𝐨𝐨𝐥 𝐁𝐚𝐝 𝐁𝐨𝐲 𝐗𝐢𝐚𝐨 𝐙𝐡𝐚𝐧 𝐘𝐢𝐳𝐡𝐚𝐧 𝐅𝐚𝐧𝐟𝐢𝐜 (𝐍𝐨𝐭 𝐙𝐡𝐚𝐧𝐲𝐢)