Part-13

3K 388 57
                                    

Professor's Bad Guy

Zawgyi



  စားပွဲခုံပေါ်၌တင်ထားသည့် အရက်ပုလင်းသည် သူ၏အမြင်အာရုံ၌ နှစ်ပုလင်း၊ သုံးပုလင်းတွေသာ မြင်နေရ၏။ အောက်ပိုင်းမှနာကျင်နေခြင်းနဲ့ ခန္ဓာကိုယ်ပေါ်မှအနီရောင်အကွက်တွေကို မြင်တွေ့လိုက်ရချိန်တိုင်း ကိုယ့်ခန္ဓာနဲ့ကိုယ် ရွံမုန်းတီးလာရသည်။ လွန်ခဲ့တဲ့သုံးရက်အချိန်က ဖြစ်ပျက်ခဲ့သည့်ကိစ္စတွေဟာ ပြန်တွေးချင်စရာမကောင်းသော်လည်း မျက်လုံးမှိတ်လိုက်သည့်အခါတိုင်း ထပ်တလဲလဲ ပေါ်လာသည့်ပုံရိပ်တွေ။
 
  သူ့အပေါ်အခွင့်အရေးယူသွားတဲ့ ထိုလူ့ကြီးရဲ့ပိုက်ဆံတွေနဲ့ ဟိုတယ်တစ်ခု၌ ပုန်းခိုနေခဲ့သည်။ ခုချိန်ဆိုလျှင် အိမ်ကဖားသားကြီးရော ထိုကိစ္စအကြောင်းအရာတွေအားလုံး သိပြီးလောက်ပေတော့မည်။
 
  ကြမ်းခင်းပြင်ထက်ချထားသည့်ဖုန်းသည် Silentလုပ်ထားခြင်း​ကြောင့် တုန်ခါနေပြီးလှည့်ပတ်နေသည်မှာ အကြိမ်ရေမည်မျှရှိနေပြီလဲဆိုတာကိုပင် မရေတွက်နိုင်။ မည်သူတစ်ဦးတစ်ယောက်တစ်လေမျှ ခေါ်ဆိုခြင်းပြုလုပ်၍မရအောင် စက်ပိတ်ထားခဲ့သည့်ဖုန်းကို ယနေ့အခါ၌ဖွင့်လှစ်ခဲ့သော်လည်း ကိုင်တွယ်ခြင်းအလျဉ်းမရှိခဲ့။
 
  ဆက်တိုက်ဝင်နေသည့်အဝင်ကောတွေဟာ ဘယ်သူ့ဆီကလဲဆိုတာ မှန်းဆ၍မလိုလောက်အောင် ပရော်ဖက်ဆာဝမ်ဆီမှဆိုတာ သူသိသည်။ ဤဖုန်း၏နံပါတ်အား အခြားတစ်ယောက်သိဖို့နေခြင်းထက် သူကိုယ်တိုင်ပင် မမှတ်မိ။
 
  "ဒေါက်. . .ဒေါက်"
 
  "ဒေါက်. . .ဒေါက်"
 
  "ဒေါက်"
 
  "ဘယ်သူလဲ အေ့"
 
  နံရံကိုမှီကာ အရက်ခွက်အားလှုပ်ရမ်းနေသည့် လက်ချောင်းဖြူသွယ်သွယ်လေးများက ရုတ်ချည်းဆိုသလို ရပ်လျက်။ ငှါးရမ်းထားသည့် နံပါတ်(475)အခန်းတံခါးသည် မည်သူမည်ဝါခေါက်နေခြင်းလဲဆိုတာ မသိ။ မူးဝေချင်ချင်ဖြစ်နေသော်လည်း ယိုင်ထိုးနေတဲ့ခန္ဓာကိုယ်ကို အားယူထလိုက်ပြီး မှန်ဘီလူးမှတစ်ဆင့် အခန်းပြင်ဘက်သို့ လှမ်းကြည့်လိုက်သော်လည်း မည်သည့်အရိပ်အယောင်မျှ မတွေ့ရချေ။
 
  အခန်းမှားတာဖြစ်မည်ဟုတွေးကာ နဂိုနေရာသို့ခြေလှမ်းမည်အပြု ထပ်မံပေါ်ထွက်လာတဲ့ တံခါးခေါက်သံ။ အခန်းတံခါးကိုဖွင့်လှစ်ကြည့်ရအောင်အတွက် သူကိုယ်၌က သတ္တိမရှိ။
 
  တံခါးဖွင့်လိုက်ပြီး မမြင်ချင်တဲ့မျက်နှာ တွေ့နေမိလျှင် သူရင်မဆိုင်ရဲပါ။ ကိုယ့်အပေါ် ပရော်ဖက်ဆာဝမ်ရဲ့စိတ်နေစိတ်ထား ဘယ်လိုဖြစ်တည်နေသလဲဆိုတာ သိနေခြင်းကြောင့်လည်း ပို၍ရင်မဆိုင်ရဲ။ သို့သော်လည်း မှန်ဘီလူးမှတစ်ဆင့် ထိုးဖောက်ကြည့်ရှုလိုက်တော့ သူစိုးရိမ်ပူပန်နေတဲ့လူမဟုတ်ပဲ ဟိုတယ်မှဝန်ထမ်းအမျိုးသားဖြစ်နေခြင်းကြောင့် အခန်းတံခါးဖွင့်ပေးလိုက်၏။
 
  "ဘာကိစ္စရှိ. . .ဟင်"
 
  "ဘေဘီ"
 
  "ပရော်ဖက်ဆာဝမ်"
 
  ဘယ်အချိန်ကတည်းက ရောက်နေနှင့်မှန်းမသိတဲ့ ပရော်ဖက်ဆာဝမ်က နံရံအကွယ်မှနေ၍ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်အား ကောက်ပွေ့ချီကာ အခန်းထဲခေါ်သွင်းခြင်းခံလိုက်ရနှင့်အတူ ဝိတ်တာအမျိုးသား အခန်းတံခါးကိုပိတ်၍ ထွက်သွားချေလေပြီ။
 
  "ကျွန်တော့်ကို လွှတ်"
 
  "အပုန်းကောင်းလှချည်လား ဘေဘီ"
 
  "လွှတ်ပေးလို့ပြောနေတယ်လေ၊ ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ"
 
  အောက်သို့ချပေးခြင်းမရှိဘဲ ပွေ့ချီထားသည့်အတိုင်း အခန်းပတ်ပတ်ဘည်ကို လိုက်ကြည့်ရှုနေတဲ့ ပရော်ဖက်ဆာဝမ်က မတွေ့ရတဲ့ရက်အတွင်း ပါးသိုင်းမွေးခပ်စိမ်းစိမ်းဖြင့် ကြည့်ကောင်းနေသယောင်။ အမြဲတမ်းရနေကျ ရေမွှေးရနံ့သင်းသင်းလေးက မူးနောက်နောက်ဖြစ်နေတဲ့စိတ်အစဉ်ကို နှုတ်ယူပစ်လိုက်သလို။
 
  "ခင်ဗျား ဒီကိုဘာလာလုပ်တာလဲ"
 
  "ကိုယ့်ရင်ခွင်အရိပ်အောက်ကနေ ထွက်ပြေးသိမ်းရှောင်သွားတဲ့ ကောင်ငယ်လေးကို အပိုင်သိမ်းဖို့ရာအတွက် ရောက်လာရတာ"
 
  စကားတစ်ခွန်းထွက်ကျဖို့ရာ ထူလွှလွှနှုတ်ခမ်းတစ်စုံ ဖွင့်ဟလိုက်သည့်အချိန်တိုင်း ရနေကျ ကော်ဖီရနံ့သင်းပျံ့ပျံ့လေးအစား တစ်ကြိမ်တစ်ခါရဖူးသည့် စီးကရက်အနံ့သင်းသင်းသာ သူ့နှာခေါင်းဝ၌ ကလူကျီစယ်လို့နေသည်။ ဖြီးသပ်ပင့်တင်ခြင်းခံထားရသည့် ဆံနွယ်နက်နက်တို့က ဂျယ်အကူညီဖြင့် ဆံချည်တစ်မျှင်ပင် ကျရွနေခြင်းမရှိ။ မမြင်ရတဲ့ထိုရက်အတွင်း ပြောင်းလဲသွားခြင်းမရှိသော်လည်း ရနေကျကော်ဖီနံ့အစား စီးကရက်အနံ့က လူကိုပို၍ ယစ်မူးနေစေသည်။
 
  "ငေးလို့ဝပြီလား ဘေဘီ"
 
  မျက်နှာပြင်ထက်ကျရောက်လာတဲ့ လေနုအေးကြောင့် ငေးနေမိတဲ့ကိုယ့်အဖြစ်ကို မူးနေတဲ့စိတ်အစဉ်ကြားမှ ရှက်နေမိသလို။ ပွေ့ချီထားတဲ့ရင်ခွင်အတွင်းမှ ရုန်းကန်နေမိတော့ ကလေးတစ်ယောက်လိုထိန်းကိုင်ကာ အောက်ချပေးခြင်းခံရပြန်၏။ မမှီတဲ့အရပ်ကိုခြေဖျားထောက်ကာ တည်ကြည်ခန့်ညားတဲ့မျက်နှာပြင်အား လက်သီးတစ်ချက်ကျွေးလိုက်မိသည်။
 
  ရှောင်ဖယ်ခြင်းပြုလုပ်၍ရသော်လည်း ဒီထက်မက ကောင်ငယ်လေးထိုးသင့်သည်မဟုတ်ပါလား။
 
  "လက်နာသွားလား ဘေဘီ"
 
  အထိုးခံရတဲ့မျက်နှာကို ဂရုမစိုက်ဘဲ ထိုးနှက်ခြင်းပြုလုပ်လိုက်တဲ့ သူ့လက်သီးဆုပ်ကို ခပ်ဖွဖွကိုင်ကာ စိုးရိမ်တကြီးပြောနေတဲ့ ပရော်ဖက်ဆာဝမ်မျက်နှာက အဆက်မပြတ် ထိုးရိုက်နှက်ပစ်ချင်စရာ။
 
  ထိုးလိုက်တဲ့လက်သီးဆုပ်ကိုတော့ အထိခိုက်ပွန်းပဲ့မခံနိုင်သလို ပြာယာခတ်နေပုံက လွန်ခဲ့တဲ့ညကသာ ဒီလိုစိတ်မျိုးရှိခဲ့ရင် ယခုလို သူရှောင်ပုန်းနေရတော့မှာမဟုတ်။ ဆုပ်ကိုင်ခံထားရတဲ့လက်ကို အတင်းကာရောရုန်းနေမိတော့ တဖန်ပြန်၍ကောက်ပွေ့ခြင်းခံရပြန်သည်။
 
  အသက်လေးဆယ်ဆိုပြီး ဘယ်ဆီဘယ်ဝယ်ကရောက်လာမှန်းမသိတဲ့ ခွန်အားတွေနဲ့ ကောက်ပွေ့ခံလိုက်ရတာများ စွေ့ခနဲ။ အသက်လေးဆယ်ဆိုသော်လည်း အိမ်ကကျွေးသဖခင်ကြီးနဲ့မတူပဲ ပါးရေနားရေတွန့်ခြင်း အလျဉ်းမရှိ။ ဆံဖြူတစ်ပင်ပေါက်ရောက်နေခြင်းကိုလည်း ပွေ့ချီခံဘိုက်ရတဲ့အကြီမ်တိုင်း တွေ့မြင်ခြင်းမရှိ။
 
  သို့သော် ယမန်နေ့ညက တွေ့မြင်လိုက်ရတဲ့ မာဆယ်နဲ့ဆစ်ပက်တွေသာ ရှိသည်။
 
  သူ၏ခန္ဓာကိုယ်ကို ပွေ့ချီထားလျက် မွေ့ရာပေါ်ထိုင်ချလိုက်တဲ့ ပရော်ဖက်ဆာဝမ်ကြောင့် အနည်းငယ် တုန်လှုပ်သွားရ၏။ နှစ်ယောက်တည်းအတူရှိနေခြင်းပင် လန့်နေရတဲ့စိတ်အစုံက မွေ့ရာပေါ်ထိုင်ချလိုက်ချိန်မှာတော့ ပို၍တုန်လှုပ်နေမိသည်။
 
  "ကိုယ်နဲ့အတူပြန်လိုက်ခဲ့ ဘေဘီ ပြီးတော့ ကိုယ့်ကိုလက်ထပ်ပါ"
 
  "ဘာဗျ!"
 
  "ကိုယ် ဘေဘီ့ကိုချစ်တယ်၊ ဘေဘီနဲ့ကိုယ့်ရဲ့ပတ်သက်မှုကို စီနီယာက သိသွားပြီမလို့ သဘောမတူပဲ ခွဲလိုက်မှာကို စိတ်ပူတယ်၊ ဘေဘီက အသက်မပြည့်သေးတဲ့ မိဘရင်ခွင်ထဲက ကလေးဖြစ်နေသေးတော့ မိဘတွေရဲ့စိတ်ဆန္ဒတစ်ခုတည်းက ပိုအရေးပါတယ်၊ ပြီးတော့ ဘေဘီ့ကိုပြန်ရှာတွေ့ရင် မိန်းမတန်းပေးစားပစ်မယ်လို့လဲ ကြိမ်းဝါးထားသေးတယ်"
 
  "ယူလိုက်မှာပေါ့"
 
  "ဘေဘီ!"
 
  အခန်းထဲမှ အဲယားကွန်းဖွင့်ထားတဲ့အရှိန်နှင့် ပရော်ဖက်ဆာဝမ်နှုတ်ဖျားမှ ထွက်ကျလာတဲ့အော်မည်သံ၊ ပြာကျမတတ်စိုက်ကြည့်နေတဲ့ အကြည့်တို့ကြောင့် လူပင်အေးခဲမတတ်။
 
  ကောင်ငယ်လေးထံမှ မထင်မှတ်ထားတဲ့စကားကြောင့် အော်ဟစ်လိုက်မိတော့ တုန်တက်သွားတဲ့ခန္ဓာငယ်။ နဖူးပေါ်ဝဲကျနေတဲ့ ဆံနွယ်မျှင်မျှင်တို့အား သပ်တင်ကာ နဖူးပြေပြေထက် အနမ်းတစ်ပွင့်ခြွေချလိုက်တော့ ပွင့်ဟသွားတဲ့နှုတ်ခမ်းပါးတစ်စုံကြား ရှင်းလင်းပေါ်ထွက်နေတဲ့ အပေါ်ရှေ့သွားခပ်ကြီးကြီးနှစ်ချောင်း။
 
  "ချစ်တယ် ဘေဘီ"
 
  လည်ဂုတ်ပေါ် လက်ဖဝါးစောင်းဖြင့် ခပ်ဆတ်ဆတ်တစ်ချက်ရိုက်လိုက်တော့ ရင်ခွင်အတွင်း ပြိုကျလာတဲ့ခန္ဓာငယ်လေးအား တင်းကြပ်အောင်ပွေ့ဖက်လိုက်ပြီး ကြမ်းပြင်ပေါ်ချထားတဲ့ကောင်ငယ်လေးရဲ့ဖုန်းကိုယူကာ အခန်းထဲမှထွက်လာလိုက်သည်။
 
  တောင်းပန်ပါတယ် ကလေးငယ်. . .
 
  ဒီလိုမှမလုပ်ရင် ဘေဘီနဲ့ကိုယ် ဝေးသွားရလိမ့်မယ်. . .
 
  ကိုယ့်ကိုခွင့်မလွှတ်ဘူးဆိုရင် ဘေဘီစိတ်ကျေနပ်တဲ့အထိ ချော့မြူမှာပါ. . . .
 






𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫'𝐬 𝐁𝐚𝐝 𝐆𝐮𝐲Where stories live. Discover now