Professor's Bad Guy
Zawgyi
ပန်းမြို့တော်တစ်ဖြစ် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ခြေချခွင့်ရသည်ဆိုရင်ပဲ ကောင်ငယ်လေးက သူ၏ရင်ခွင်အတွင်းမှေးစက်လိုက်ပါလာခြင်းကို မသိသလိုဟန်မူပို၍ သူ့အားကျော်တက်၍ လေယာဉ်ပေါ်မှ အလျင်အမြန်ထွက်ပြေးသွားသောကြောင့် အခြားသူမြင်ခွင့်မအပ်သည့် ပေါင်တံဖွေးဖွေးတို့ကို ဖုံးအုပ်ပေးထားမည့်သဘက်အပါးကိုယူ၍ ကောင်ငယ်လေးနောက်လိုက်ကာ ဖုံးအုပ်ပေးရသည်။
ကလေးငယ်ပီပီပြုံးပျော်နေပြီး လက်ကိုဆန့်တန်း၍ မျက်လုံးစုံမှိတ်ကာ လေကိုတဝကြီးရှူရှိုက်နေပုံက အနောက်ပါးဆီမှ ဝေဆာနေသည့်ချယ်ရီပင်ကြီးများကို နောက်ခံထားရှိထားပုံကြောင့် တုနိုင်းမမှီတဲ့အလှပန်းချီကားတစ်ချပ်နှင့်ပင် တူလို့နေ၏။
ပေါင်တံဖွေးဖွေးတို့အား သဘက်ဖြင့်ဖုံးအုပ်ထားပေးသော်လည်း အမွှေးနုနုခြေသလုံးလှလှလေးပေါ်နေပုံကြောင့် ဘေးလူတွေမြင်မှာလည်း စိတ်ပူရပြန်သည်။ မျက်လုံးလေးတွေမှေးကျဉ်းရယ်မောကာ ပါးပြင်ဖောင်းဥဥထက် ပါးချိုင့်ခပ်ရေးရေးလေးက ပေါ်လို့နေပြန်သည်။
မြတ်နိုးလိုက်တာ ကလေးငယ်. . .
တစ်ခေါက်တစ်ခါ တိုကျိုမြို့သို့ အလုပ်ကိစ္စဖြင့်လာရောက်တတ်ခြင်းကြောင့် ခြံဝန်းကျယ်ကျယ်ဝယ်၍ လေယာဉ်ကွင်းပါအပါပြုလုပ်ထားပြီး ဂျပန်ရိုးရာအိမ်ဆောင်ရှည်သုံးလုံးဆောက်လုပ်ထားကာ လွတ်လပ်နေသည့်မြေကွက်လပ်တွေပေါ်၌ ချယ်ရီပင်လေးများစိုက်ပျိုးထား၏။
ကြမ်းရမ်းတတ်တဲ့ကောင်ငယ်လေးက ပန်းပွင့်လေးများကို မြတ်နိုးတတ်တဲ့စိတ်အခံလေး ရှိနေခြင်းကြောင့်လည်း ချယ်ရီပင်စိုက်ပျိုးထားမိသည်ကို ကျေနပ်နေမိသည်။ ပင်မြင့်ဆီမှ အောက်နားဆီသို့ ကိုင်းကျနေသည့်ပွင့်ဖက်အကိုင်းအခက်လေးများကို ခုန်ပေါက်လှမ်းယူနေသော်လည်း မှီခြင်းမရှိတဲ့လက်ချောင်းထိပ်လေးတွေကြောင့် ကောင်ငယ်လေးလှုပ်ရှားမှုအားလုံး ကြည့်နေမိတဲ့သူအဖို့တော့ ရင်ထဲကလိလိဖြစ်ရင်း ပွေ့ချီယမ်းပစ်လိုက်ချင်သည်။
ထိုအပြုအမူလေးတွေကြောင့် အူယားလွန်းကာ မရှည်ကြာတဲ့ရယ်သံဖြင့် ရယ်လိုက်မိသည်ကို အောက်နှုတ်ခမ်းပါးအား ရှေ့သွားခပ်ကြီးကြီးဖြင့်ကိုက်ရင်း မျက်စောင်းတစ်ချက်ဝင့်လို့လာသလို အပင်ခြေရင်း မြက်ခင်းပြင်ပေါ် ထိုင်ချလိုက်တဲ့ ကလေးငယ်. . .
"ပရော်ဖက်ဆာဝမ်က ကျွန်တော့်မရှည်တဲ့အရပ်ကို လှောင်ရယ်တဲ့အပြုအမူမျိုးလား"
ကောင်ငယ်လေးရှိရာချယ်ရီပင်သို့ ခြေလှမ်းကြဲဖြင့် အမြန်လျှောက်လှမ်းမိတော့ သူ့အားထီးမိုးထားပေးတဲ့ သက်တော်စောင့်မှာလည်း သူ့နောက်အမြန်လိုက်ကာ နေတစ်ပေါက်ဖြာမကျနိုင်အောင် လိုက်နေခြင်းကြောင့် မလိုက်ခဲ့ဖို့ရန် လက်ကာပြပြီး ကောင်ငယ်လေးရှိရာ အပင်ခြေရင်း၌ မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်၏။
"ဘေဘီ"
". . . . ."
မြတ်နိုးယုယစွာ ခေါ်ပြန်တော့လည်း နှုတ်ခမ်းစူလျက် ခေါင်းလေးစောင်းကာ ခန္ဓာကိုယ်လေးပင်တိုးရွှေ့သွားသောကြောင့် လက်ဖျားနုနုသွေးကြည်ဥတော့မတတ် ဖြူဥရဲတက်နေတဲ့ လက်ဖဝါးလေးနှစ်ဖက်ကို ခပ်ဖွဖွဆုပ်ကိုင်ပစ်လိုက်သည်။
"ကိုယ့်ရဲ့ချစ်မြတ်နိုးမိတဲ့စိတ်နဲ့ သဘောတကျရယ်မိတာဟာ ဘေဘီ့အပေါ် လှောင်ရယ်ပျက်ရယ် ရယ်မိလိုက်တဲ့သဘောမဟုတ်ပါဘူး၊ ဘေဘီ့ရဲ့လှုပ်ရှားမှုအားလုံးဟာ ကိုယ့်အတွက် အသည်းယားပြီး ချစ်မြတ်နိုးနေမိတဲ့စိတ်တစ်ခုတည်းနဲ့ ထွက်ပေါ်လာတဲ့ရယ်သံကြောင့် ဘေဘီ စိတ်မဆိုးစေချင်ဘူးကွယ်၊ အကယ်၍ ကိုယ်ရယ်မိလိုက်တဲ့ရယ်မောသံကို ဘေဘီစိတ်ခုသွားခဲ့မိရင် ကိုယ့်ကိုကြိုက်တဲ့အပြစ်ပေးနိုင်သလို ကိုယ့်ရင်ခွင်ကျယ်နဲ့လက်မောင်းသားနှစ်ဖက်ကို ဘေဘီစိတ်ကြိုက် ရိုက်နှက်အပြစ်ပေးလို့ရတယ်"
သူ့လက်ဖဝါးကြီးထဲ အံဝင်ခွင်ကျ နစ်မြုပ်နေတဲ့လက်ဖဝါးနုနုဖတ်ဖတ်သေးသေးနှစ်ဖက်ကို ပွတ်သပ်နေမိသော်လည်း ကောင်ငယ်လေးထံပါးဆီမှ ရုန်းဖယ်ခြင်းလည်းမရှိသလို ငုံ့မြဲငုံ့ဆဲဖြစ်နေတဲ့ခေါင်းလုံးလုံးလေးမှာလည်း သူ့မျက်ဝန်းတစ်စုံကို မော့ကြည့်လာခြင်းပင်မရှိ။ မော့ကြည့်လာခြင်းမရှိတဲ့ကောင်ငယ်လေးရဲ့ ဆံသားနုနုလေးများကို ငုံ့နမ်းရှိုက်လိုက်မိသောအခါ သူ၏ရင်ခွင်အတွင်း အတင်းတိုးဝင်၍ မျက်နှာပြင်လေးကိုထည့်ဖွက်ထားပုံက အသည်းတယားယားရှိလှသည်။
"ကားရောက်လာပြီ ဘေဘီ"
"ကျွန်တော့်ကိုကားထဲရောက်တဲ့အချိန်ထိ ပွေ့ချီခေါ်သွားပေးပါလား ပရော်ဖက်ဆာဝမ်၊ ခင်ဗျားရဲ့တပည့်တပန်းတွေကို မျက်နှာပြရမှာ ရှက်လွန်းလို့"
ဆုပ်ကိုင်ထားသည့်လက်ဖဝါးနှစ်ဖက်ကို ရုန်းကန်ကာ သူ၏လည်ပင်းသို့သိုင်းဖက်လာပြီး ပခုံးပေါ်မျက်နှာအပ်ရင်း မတိုးမကျယ်လေးသံဖြင့် ပြောထွက်လာသည့် ရှက်ဝဲဝဲစကားသံလေးကြောင့် အပျော်လွန်ပြီး ရယ်ချင်နေတဲ့စိတ်ကို ထိန်းချုပ်ရင်း ကောင်ငယ်ကလေးအား ဒူးအောက်မှလက်လျှိုကာ ပွေ့ချီလိုက်ပြီး ကားရှိရာဆီလျှောက်လှမ်းမိတော့ သူတို့အနားအပြေးလာနေတဲ့ ထီးကိုင်ထားသည့် သက်တော်စောင့်။
ကွန်ကရစ်လေယာဉ်ပြေးလမ်းမပေါ်ရပ်ထားသည့် အနက်ရောင်ကားတစ်စီး။ ကားဘေး၌ လက်နှစ်ဖက်ကိုယှက်ကိုင်ကာ မတ်တပ်ရပ်နေသည့် သက်တော်စောင့်တစ်ဦးသည် ကားအနားသူရောက်လာသည်နှင့် ကားတံခါးအသင့်ဖွင့်ပေးခြင်းကြောင့် ပွေ့ချီထားသည့်ကောင်ငယ်ကလေးအား အသာအယာချပေးလိုက်ပြီး ဝတ်ဆင်ထားသည့်အပေါ်ဝတ်ကုတ်အင်္ကျီကော်လံစကို နှစ်ချက်ဆွဲဆန့်ပြီး ကားဘေးတစ်ဖက်သို့သွားကာ ကောင်ငယ်လေးထိုင်နေတဲ့ ဘေးတစ်ဖက်၌ ဝင်ထိုင်လိုက်၏။
လေယာဉ်ကွင်းနှင့်အိမ်ဆောင်သည် အနည်းငယ်လှမ်းသောကြောင့် ခြေလျင်ဖြင့်သွားရမည်ဆိုလျှင် မိနစ်သုံးဆယ်ခန့်မျှ ကြာရှည်ပေလိမ့်မည်။
ကားလေးသည် တလိမ့်လိမ့်မောင်းထွက်သွားသည်နှင့် မှန်တံခါးကိုချကာ မျက်လုံးမှိတ်ရင်း လေနှင့်အတူတိုက်ပါလာသည့် ချယ်ရီပွင့်ရနံ့များကို ရှူရှိုက်နေတဲ့ကောင်ငယ်ကလေး၏ ထိုအပြုအမူလေးကို ဘောင်းဘီအိတ်ကပ်ထဲမှ ထည့်ထားသည့်ဖုန်းကိုထုတ်၍ ဓာတ်ပုံအနေဖြင့်ရော ဗွီဒီယိုအနေဖြင့်ပါ မှတ်တမ်းတင်ယူထားလိုက်၏။
"ဘေဘီရဲ့အိမ်က ဘာသတင်းကြားသေးသလဲ လီဖန်"
ကားမောင်းနေတဲ့ သူ၏လူယုံတော်လီဖန်ကို ထိုအကြောင်းအရာအားမေးမိတော့ နံဘေးမှကောင်ငယ်ကလေးသည် မျက်လုံးကိုခပ်ဖြည်းဖြည်းဖွင့်၍ ပြန်ဖြေလာမည့်အနက်အဓိပ္ပါယ်ကို နားစွင့်နားထောင်နေသည်မှာ မျက်လုံးထောင့်မှ မြင်နေရလေသည်။
"သူဌေးရှောင်က သခင်လေးရှောင်နဲ့သခင်ကြီးကိုတွေ့ရင် မရရအောင်ခွဲပြီး မိန်းမတန်းပေးစားမယ်ဆိုတာရယ် သခင်ကြီးကို သူ့သားသမက်အဖြစ် လက်မခံနိုင်ဘူးဆိုတာတွေပဲ ကြားမိပါတယ်၊ ပြီးတော့ သခင်ကြီးထံက အဖေလို့သုံးနှုန်းသံကိုလည်း နားမထောင်နိုင်ဘူးတဲ့"
"အဖေလို့မသုံးနှုန်းခိုင်းတော့လည်း ပရော်ဖက်ဆာဝမ်က ဦးရှောင်ဇီဖြစ်ဖြစ် စီနီယာဖြစ်ဖြစ် ခေါ်လိုက်ပေါ့ ဘာခက်တာမှတ်လို့"
နှုတ်ခမ်းလေးစူကာ ကလေးအတွေးသာတွေးပြီး သူလေး၏ဖခင်ဖြစ်သူဘက်မလိုက်ဘဲ သူ့ဘက်သာလိုက်ပြောနေတဲ့ ကောင်ငယ်လေးကြောင့် ကားမောင်းနေတဲ့လီဖန်က တစ်ချယ်ရယ်လိုက်မိသလို ရယ်ချင်သော်လည်း မရယ်ရဲဖြစ်နေတဲ့သူ့မှာတော့ ပါးစပ်ကြီးမှာ နားရွက်ချိတ်မတတ်ပြုံးနေမိတဲ့ ကိုယ့်ရုပ်နဲ့ကိုယ် နောက်ကြည့်မှန်မှတစ်ဆင့် မြင်လိုက်ရချိန် လန့်တောင်သွားမိသည်။
ရှောင်ကျန့်ဆိုတဲ့ အမျိုးသားလေးနဲ့မှ သူ့ရဲ့အပြုံးတွေဖြစ်ထွန်းတာ. . .
"အကယ်၍များ ဘေဘီနဲ့ကိုယ့်ကို စီနီယာကပြန်ရှာတွေ့ခဲ့ရင် ကိုယ့်ဘက်မှာသာရပ်တည်ပေးပါ ကလေးငယ်"
"ရော်. . .ဒီစကားတွေဘဲ ထပ်ခါထပ်ခါပြောနေတယ်၊ ကျွန်တော်နဲ့ပရော်ဖက်ဆာဝမ်ကို ပါပါးဘယ်လိုခွဲခွဲ ဘယ်သူနဲ့ပေးစားပေးစား ပရော်ဖက်ဆာဝမ်ရှိရာဆီ အပြေးလာခဲ့မှာမလို့ နွေးထွေးတဲ့ရင်ခွင်နဲ့ ကြိုဆိုထားပေးဖို့ပဲလိုပါတယ်"
"ဟား. . .ဘေဘီရဲ့ဒီလိုစကားတတ်ပုံတွေကြောင့် ကိုယ်ဘယ်လိုနေရမှန်းမသိတော့ဘူးကွာ"
"ဘယ်လိုနေရမှန်းမသိရင် ကျွန်တော့်ရင်ခွင်ထဲမှာလာနေ ဟီး"
"ဘေဘီက ဒီလိုချစ်စကားလေးတွေလည်း ပြောတတ်သေးတာလား"
"ပြောတတ်တာပေါ့ အီစီကလီကောင်မလေးတွေ အများကြီးထားဖူးတော့ ဒီလိုနေရာမှာ ကျွန်တော်က ချန်ပီယံလေ၊ အင်း. . .ခုလက်ရှိတွဲနေတဲ့ ကောင်မလေးကိုတောင် အဆက်မဖြတ်ခဲ့လိုက်ရဘူး၊ သူမကတော့ ဘဝင်ခေါင်ခိုက်နေတော့မှာပဲ ဒီနေ့ရောဆိုငါးရက်မြှောက်နေ့မလို့ သူ့ကိုအပီကြွေသွားတယ်လို့များ ထင်နေမလား"
"အိုး. . .ဒီလိုထင်လို့တော့ဘယ်ရမလဲ ဒီလူသားမှာတံဆိပ်ခတ်ပြီးသား လူကြီးတစ်ယောက်လုံးရှိတယ်ဆိုတာ သိသွားအောင် မနက်ဖြန်မနက် သတင်းခေါင်းစဉ်ထိပ်စီးပိုင်းမှာ ကြေငြာပစ်မယ်"
"ဘယ်လိုကြောငြာမှာ"
"ဒက်ဒီ့အပိုင်"
"အိုက်ယိုး. . .ဖခင်ကိုကျ ပါပါး၊ ယောကျာ်းဖြစ်သူကိုကျ ဒက်ဒီ၊ ကျွန်တော့်မာမားက ယောကျာ်းနှစ်ယောက်ယူထားသလို ဖြစ်မနေဘူးလား"
"ဟောဗျာ. . .ပေါက်ပေါက်ရှာရှာပြောတတ်ရန်ကော ကလေးငယ်"
သူရှိရာဘက်လှည့်၍ နှုတ်ခမ်းလေးစူကာ ရန်စွာနေတဲ့ကောင်ငယ်လေးက ပေကျင်းကျောင်း၌ လူဆိုးခေါင်းဆောင်အဖြစ် ဆိုးသွမ်းနေတဲ့ကောင်ငယ်လေးမှ ဟုတ်ပါလေစ။ ဘတ်ဘွိုင်းတိုက်ခ်မဟုတ်ပါတော့ဘဲ ခရုဘွိုင်းတိုက်ခ်ပုံစံလေးနဲ့လည်း သူ့အသည်းကိုခြွေယူနေပြန်ပြီ။
မျက်လုံးလေးတွေမှေးကျဉ်းသည်အထိ ရယ်သွမ်းနေတဲ့ကောင်ငယ်ကလေးအား မေးဖျားမှပင့်မော့လိုက်တော့ သူ၏မျက်ဝန်းသို့ စိုက်ကြည့်လာသည့် ယုန်မျက်သွယ်။ ရင်ဘတ်ထဲမှ အဆမတန်မြည်ဟီးခုန်ပေါက်နေသည့် နှလုံးသားတစ်စုံမှာလည်း ညိမ့်ညောင်းကာတလိမ့်ခြင်း သွားနေသည့်ကားကြောင့်မဟုတ်ပါဘဲ သူအရှေ့မှလူသားလေးကြောင့်ဆိုတာ သက်သေတည်ပြနေသလို။
"ကိုယ့်ကို နမ်းရှိုက်ခွင့်ပြုပါ ဘေဘီ"
ရှောင်ကျန့် ခေါင်းညိတ်မိသလား ခေါင်းခါမိသလားဆိုတာ မသိလိုက်။ နှုတ်ခမ်းထက်ကျရောက်လာတဲ့ နှုတ်ခမ်းတစ်စုံနှင့်အတူ စီးကရက်ရနံ့သင်းသင်းနဲ့ နွေးထွေးလှသော နူးညံ့ချိုမြိန်လှသည့် အနမ်းတစ်ခု။ ခွင့်တောင်းခြင်းမဟုတ်ပါဘဲ အသိပေးပြောဆိုပြီး လျှပ်တစ်ပြတ်အနမ်းခံလိုက်ရခြင်းကြောင့် လက်ချောင်းထိပ်လေးတွေက အနမ်းခံလိုက်ရသည့်နှုတ်ခမ်းပါးပေါ် ယှက်ပြေးလျက်။ ချက်ခြင်းပူထူလာသည့် မျက်နှာမှာလည်း အနမ်းခံရခြင်းကြောင့်လား ရှေ့ခန်းမှကားမောင်းသလိုလိုနဲ့ သူတို့ရဲ့အနမ်းကြောယာဉ်ကို ပြုံးစိစိဖြင့်စိုက်ကြည့်နေသည့် သူရယ်ကြောင့်လားဆိုတာ သူမသိ။
စိတ်နဲ့လူမကပ်ဖြစ်နေတဲ့သူက ကားလေးတုန့်ခနဲရပ်လိုက်သည့်အချိန်မှ လက်ဖဝါးနှစ်ဖက်ကိုမျက်နှာအပ်၍ အရှက်သည်းရမှန်းသိသည်။
"လီဖန် မင်းကြောင့် ဘေဘီရှက်သွားပြီ"
"ဗျာ. . .သခင်ကြီးရော ကျွန်တော်ကြည့်နေတာကို မြင်သွားတာလား"
"အတွဲမြင်ချောင်းကြည့် ရည်းစားမရငါ့ဘဝဆိုတာ မင်းကိုပြောတာဖြစ်မယ်"
"အတွဲချောင်းတာဝါသနာလိုဖြစ်နေတော့ သခင်ကြီးတို့စုံတွဲကိုပါ မထင်မှတ်ဘဲ ချောင်းကြည့်မိသွားတာပါ၊ သခင်ကြီးမကျေနပ်ရင် နောက်တစ်ခါ အဖော်တွေခေါ်ပြီးလာကြည့်ပေးပါ့မယ်"
"လီဖန်!"
"ဟို. . .လီဖန်အလုပ်ကိစ္စလေးရှိလို့ သွားခွင့်ပြုပါဦးနော် သခင်ကြီးနဲ့သခင်လေးရှောင်"
ပြောပြီးစလစ်ထွက်ပြေးသွားတဲ့ လီဖန်ကြောင့် ခေါင်းပိတ်ရိုက်လိုက်ချိန်ပင်မရလိုက်။ ကောင်ငယ်ကလေးမှာလည်း လီဖန်အနားမှာမရှိတော့သည်နှင့် သူ၏လက်ကိုဖမ်းဆွဲကာ ကိုက်ခဲနေပြန်ပေမယ့် နာခြင်းမရှိ။ ကောင်ငယ်လေးက ကိုက်ခဲနေသည့်လက်ကို ပစ်ချပြီး သူ၏ရင်ဘတ်ကိုနှစ်ချက်လောက် ဆင့်ထိုးလိုက်ကာမှ အောင့်သွားရ၏။
"အဲဒါ ခင်ဗျားကြောင့်"
"ဟောဗျာ. . .ကိုယ်ကနမ်းမိရုံလေးတင်ကို"
"နမ်းရုံတင်မဟုတ်ဘဲ ဘယ်အဆင့်ထိသွားချင်သေးလို့လဲ"
"ဟင့်အင်း ဒါတော့ ပြောလို့မဖြစ်ဘူးလေကွာ"
"ရုပ်ကိုက နှာဘူးရုပ်ပေါက်နေပြီ"
"ဘူးလို့ဘဲ အသက်မပြည့်သေးတဲ့ကလေးငယ်ကို ခိုးယူပြေးလာတာလေကွာ"
"ဟင်း. . .ရှောင်ကျန့်ရဲ့ယောကျာ်းက နှာဘူးကြီးလို့အပြောခံရတော့မှာဘဲ"
". . . . ."
"တော်သေးတာပေါ့ ကျွန်တော့်တစ်ယောက်တည်းကိုဘဲ ဘူးလို့"
"ဟား. . ."
"ဘာရယ်တာလဲ"
"ဘာမှမဟုတ်ပါဘူးကွာ လာ. . .အိမ်ထဲဝင်ကြစို့"
လက်ဆန့်တန်းပေးလိုက်တော့ သူ၏ရင်ခွင်အတွင်း တိုးဝင်လာသည့်ကောင်ငယ်လေးကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်ပြီး ကားပေါ်မှဆင့်လိုက်၏။ ကားခေါင်မိုးနဲ့ ကလေးငယ်ခေါင်း မထိမိအောင်လည်း ဆင်းရသေးသည်။ အိမ်ရှေ့ချယ်ရီပင်အောက်အရောက် လည်ပင်းပေါ်ဖက်တွယ်ထားသည့် လက်ကလေးတစ်ဖက်ကိုလွှတ်၍ ခန္ဓာကိုယ်ကိုအနည်းငယ်ကြွကာ ခူးခြွေယူလိုက်တော့ လက်ဖဝါးထဲပါလာသည့် ချယ်ရီပန်းလေးတစ်ပွင့်။
ထိုချယ်ရီပွင့်လေးကို သူ့ရဲ့နားကြားမှာလာညှပ်လေတော့ သဘောတကျရယ်မောနေတဲ့ ကောင်ငယ်ကလေးကြောင့် သူပါလိုက်ပြုံးမိသည်။ သူနဲ့ကလေးငယ် ဆင်တူဖြစ်သွားအောင် ပန်းတစ်ပွင့်ကို လက်လှမ်းကောက်လိုက်ပြီး ကလေးငယ်နားကြား ပန်ဆင်ပေးလိုက်တော့ ချယ်ရီပန်းတွေနဲ့အပြိုင် လှပနေသည်။
"ပြွတ်"
"ဟင်"
မထင်မှတ်စွာ ကလေးငယ်ဆီမှ လိုလိုလားလာဖြင့်ကျရောက်လာသည့် အနမ်းတစ်ပွင့်ကြောင့် လူမှာ ကြက်သေသေသွားသလို ကိုယ်လက်အင်္ဂါအားလုံး မလှုပ်ရှားနိုင်တော့သလို။ စက္ကန့်အချိန်တွေမှာလည်း ရပ်တန့်သွားသလို။ ထိုအချိန် လေပြေအေးလေးတွေဝှေ့လိုက်ခြင်းကြောင့် ချယ်ရီပင်မှကြွေကျလာသည့် ပွင့်ဖက်ကလေးများက တဝဲလည်လည်။
"ချစ်တယ် ပရော်ဖက်ဆာဝမ်"
![](https://img.wattpad.com/cover/283119443-288-k88849.jpg)
أنت تقرأ
𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫'𝐬 𝐁𝐚𝐝 𝐆𝐮𝐲
أدب الهواة𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫 𝐖𝐚𝐧𝐠 𝐘𝐢𝐛𝐨 𝐒𝐜𝐡𝐨𝐨𝐥 𝐁𝐚𝐝 𝐁𝐨𝐲 𝐗𝐢𝐚𝐨 𝐙𝐡𝐚𝐧 𝐘𝐢𝐳𝐡𝐚𝐧 𝐅𝐚𝐧𝐟𝐢𝐜 (𝐍𝐨𝐭 𝐙𝐡𝐚𝐧𝐲𝐢)