Part-18

2.7K 324 27
                                    

Professor's Bad Guy

Zawgyi


  "ချစ်တယ် ပရော်ဖက်ဆာဝမ်"
 
  ကောင်ငယ်လေးနှုတ်ခမ်းပါးထံမှ ပွင့်အံထွက်ကျလာသည့် ထိုစကားလုံးလှလှလေးနှင့်အတူ အနမ်းခံရလိုက်ရခြင်း​ကြောင့် အံ့ဩမှင်သက်နေမိသလို ကောင်ငယ်လေးကိုပွေ့ချီထားလျက် ခါးသိမ်သိမ်ကျဉ်းကျဉ်းလေးအား ထိန်းကိုင်လိုက်ပြီး ပွင့်ဖက်လေးတွေကြွေကျနေသည့် ချယ်ရီပင်ကြီးအောက် ပွေ့ချီယမ်းပစ်လိုက်၏။
 
  မျှော်လင့်နေမိတဲ့စကားလုံးလေးဆိုသော်ငြားလည်း အချိန်ကြာမြင့်မည်မှ ထွက်ကျလာမည့်စကားလုံးလို့ထင်မိပေမယ့် မထင်မှတ်ထားသည့် ယခုအချိန်၌ အချိန်စောစီးစွာ အဖြေပြန်ပေးမည်မှန်းမထင်ခဲ့ရိုးအမှန်။ ချစ်ရသူလေးနှုတ်ဖျားထံမှထွက်ကျလာသည့် ထိုစကားလုံးစုလေးအား ဖန်ပုလင်းဖြင့်သိမ်းဆည်းထားလို့ရလျှင် သိမ်းဆည်းထားချင်မိသည်။
 
  "ကိုယ့်ကို ရူးအောင်လုပ်နေတာလား ဘေဘီရယ်"
 
  ခြေသံသွယ်လျလျတို့ကို သူ၏ခါးတွင်ရစ်ပတ်​စေကာ ပွေ့ချီထားလျက် ဆံနွယ်တွေဖုံးအုပ်ထားသည့် နဖူးပြေပြေလေးအား နမ်းရှိုက်လျက်မေးမိတော့ သူလေးက ကိုယ့်နှုတ်ခမ်းကို ဖျတ်ခနဲ နမ်းရှိုက်လို့လာပြန်သည်။ ရန်ခုန်သံတို့က သံစုံတီးဝိုင်းထက် ပိုမိုကျယ်လောင်လွန်းနေသလို မြည်ဟီးခုန်ပေါက်နေသည်မှာ ကောင်ငယ်လေးပင် ကြားသိနိုင်ပေတော့မည်။
 
  ဒီလူကြီးက ရိုးရိုးသတ်လည်း​သေတာမလို့ ဒီလိုမြတ်နိုးလွန်းတဲ့အပြုအမူတွေနဲ့ သတ်စရာမလိုလောက်အောင် ချစ်နေမိပါပြီ ကလေးငယ်. . .
 
  "ပရော်ဖက်ဆာဝမ်"
 
  "ဟင် ဘေဘီ"
 
  "ချစ်တယ်"
 
  "ထပ်တူထပ်မျှချစ်ရသလို ကိုယ့်ဘက်က ကလေးငယ်အပေါ် မလစ်ဟင်းတဲ့လင်ယောကျာ်းဝတ္တရားတွေနဲ့ ဂရုစိုက်ပျိုးထောင်းပေးမလို ချစ်ခြင်းမြတ်နိုးခြင်းတွေနဲ့ပါ အသက်ထက်ဆုံးထိ အနားမှာရှိနေသွားပေးမှာပါ ကလေးငယ်"
 
  "ကတိနော် လောင်ကုန်း"
 
  "အင်း. . .ဟင် ဘေဘီ ကိုယ့်ကို ဘယ်လိုခေါ်လိုက်တယ်"
 
  "လောင်ကုန်း"
 
  "ဗျာ"
 
  "ဟီး. . .ဒီလိုခေါ်တာ လျှာတောင်ယားတယ်"
 
  "အဆိုးလေး နောက်ဆိုအကျင့်ဖြစ်သွားမှာမလို့ ကိုယ့်ကိုအမြဲတမ်း လောင်ကုန်းလို့ပဲခေါ်နော် လောင်ပေါ"
 
  "ဟုတ်ပါပြီ ခုလောလောဆယ် အိမ်ထဲပေးဝင်ဦး တစ်လမ်းလုံးအိပ်ပြီးလိုက်လာရတာ ဗိုက်ဆာလာပြီ"
 
  "အိုး. . .ဆောရီး ဒီတစ်ချက်ကိုယ်မေ့သွားတယ်"
 
  ဂျပန်ရိုးရာဝတ်စုံဆင်တူများအား ဝတ်ဆင်ထားကြသည့်အမျိုးသမီး အမျိုးသားများသည် အိမ်ဆောင်အတွင်းမှထွက်လာကြပြီး လက်နှစ်ဖက်ကိုယှက်ကိုင်ကြကာ ဝမ်ရီပေါ်အား ခါးညွှတ်အရိုအသေပေးလာကြ၏။ အနက်ရောင်ဝတ်စုံပြည့်ဝတ်ဆင်ထားကြသော အမျိုးသားများက သူတို့နှစ်ယောက်ရဲ့ခရီးဆောင်အိတ်အား အသီးသီးသယ်ယူသွားကြပြီး အိမ်ဆောင်အတွင်းသို့ဝင်သွားကြပေသည်။
 
  "နာရီဝက်အချိန်အတွင်း ရိုးရာအစားအသောက်တွေ ပြင်ဆင်ထားပေးပါ"
 
  "ဟုတ်ကဲ့"
 
  ပြန်ဖြေလာသည့်စကားစုတို့ကို ခေါင်းညိတ်အသိမှတ်ပြုပြီး ကောင်ငယ်လေးကိုပွေ့ချီလျှက် အိမ်ဆောင်အတွင်း လှမ်းဝင်လိုက်၏။ အခြားလူမျိုးစုရိုးရာအိမ်တွေဆိုလျှင် ဧည့်ခန်းကို တသီးတသန့်မလုပ်။ ဂျပန်လူမျိုးစုများရဲ့အိမ်ဆောင်မှာတော့ ဧည့်ခန်းအခန်းငယ်လေးကို အပိတ်အဖွင့်တံခါးလေးဖြင့် ဆောက်လုပ်ထားပေသည်။ ဧည့်ခန်းအတွင်း ကျွန်းစားပွဲခုံလေးထောင့်ပုလေးတစ်လုံး၊ ထိုင်အခင်းလေးခု၊ အကြမ်းရည်အိုးနှင့် သောက်ပန်းကန်ခွက်အသေးလေးများကို တွေ့ရပေမည်။
 
  နာမည်ကျော်ပန်းချီဆရာကြီးများ၏ သေသပ်လှပသည့် ဆိုဒ်စုံပန်းချီကားချပ်ကြီးများက နံရံတွေ၌ ချိတ်ဆွဲထားခြင်းကိုတွေ့ရ၏။
 
  အိပ်ခန်းဆိုလျှင်ပင် ရှည်တိုင်ရှည်ခုတင်နဲ့မဟုတ်ပါဘဲ ကြမ်းခင်းပြင်ထက် နှစ်လက်မခန့်ဂွမ်းကပ်မွေ့ယာအပန်းရောင်လေးက နေရာယူလို့နေ၏။ ခုတုံးပမာခေါင်းအုံးနှစ်လုံးသည် ထိုမွေ့ယာပေါ်၌ သပ်ရပ်ပိရိစွာရှိနေပြန်၏။ ခြေရင်းနံရံထောင့်၌ ဖျာအလိပ်လေးနှစ်လိပ်ကို သေချာစွာချည်တုပ်ထားပြီး ထောင်ထားလေသည်။
 
  ပြတင်းပေါက်ရယ်လို့မရှိပေမယ့် စက္ကူအထူစတွေဖြင့် ပြုလုပ်ထားခြင်းကြောင့် အခန်းလေးသည် မှောင်မိုက်နေခြင်းမရှိ။
 
  "ဘေဘီ"
 
  "ဟင်"
 
  "ရေပူစမ်းစိမ်ချင်ရင် ဒီအဆောင်ရဲ့အနောက်ဘက်ခြမ်း ဝါးရုံတောဘက်မှာ သဘာဝအလို သူ့အလိုလို​ဖြစ်ထွန်း​ပေါ်​ပေါက်​နေတာရှိတယ်"
 
  "ဟင့်အင်း လောင်ကုန်းရဲ့ရင်ခွင်လောက်တော့ နွေးထွေးမယ်မထင်ဘူး"
 
  "ဘေဘီရာ"
 
  မွေ့ယာပေါ်တင်ပလ္လင်ချိတ်ထိုင်နေသည့်သူ့အပေါ် မျက်နှာချင်းဆိုင်တက်ထိုင်လိုက်ပြီး နှုတ်ခမ်းကိုတစ်ချက်နမ်းရှိုက်ရင်း ပြောနေတဲ့ကောင်ငယ်လေးရဲ့လက်တွေက သူ့၏လည်ပင်း၌ ရစ်သိုင်းဖက်တွယ်လျက်။ ခါးသိမ်သိမ်ကျဉ်းကျဉ်းလေးကို ပြန်ပြီးပွေ့ဖက်လိုက်တော့ ခန္ဓာကိုယ်နှစ်ခုက ပိုနီးကပ်သွား၏။
 
  မြင်နေရတဲ့လည်ကုတ်သားဖွေးဖွေးလေးကို ဖိကပ်နမ်းရှိုက်လေတော့ တစ်ချက်တုန်တက်သွားတဲ့ ခန္ဓာငယ်။ မျက်လုံးတွေမှေးစင်းကာ တစ်ချက်တစ်ချက်သမ်းဝေသံကိုကြားသိရသ​လောက် ကလေးငယ်အိပ်တော့မည်ဆိုတာ ခန့်မှန်းတွက်ဆမိသဖြင့် ပွေ့ချီပြီးမတ်တပ်ရပ်ချော့မြူလေတော့ အိပ်ပျော်သွား၏။
 
  "ဒေါက်. . .ဒေါက်"
 
  ကလေးငယ်ကိုချော့မြူနေရင်း ပေကျင်းရှောင်အိမ်တော်မှ သတင်းများကို လွှတ်ထားသည့်လူယုံတော်များထံ ဖုန်းဆက်မေးမြန်းနေချိန် အပြင်ဘက်မှ တံခါးခေါက်သံကြားလိုက်ရသောကြောင့် တံခါးဖွင့်မိလေတော့ ဂျပန်ရိုးရာအိမ်တော်၌ အမှုထမ်းဆောင်နေပါသော ထမင်းချက်ကြီးဒေါ်ဟွမ်ရင်း။
 
  "သခင်ကြီး"
 
  "ဘာကိစ္စရှိလို့လဲ"
 
  "အစားအသောက်တွေအားလုံး အဆင်သင့်ပြင်ထားပြီးပါပြီ အဲဒါ"
 
  "အင်း. . . .ကလေးငယ်ကအိပ်နေတော့ ပြန်နွေးထားလိုက်ပါ"
 
  "သခင်ကြီး အရင်သုံးဆောင်ထားလိုက်ပါလား သခင်လေးက ဘယ်ချိန်မှ နိုးထလာမယ်ဆိုတာမသေချာသေးတော့"
 
  "ကလေးငယ်နိုးထလာချိန်မှ အတူသုံးဆောင်လိုက်မှာဖြစ်လို့ ပြန်ပြီးသာနွေးထားလိုက်ပါ"
 
  "ဟုတ်ကဲ့"
 
  ခေါင်းညွှတ်အရိုသေပြုရင်း ထွက်သွားသည့်ဒေါ်ဟွမ်ကြောင့် တံခါးကိုပြန်ပိတ်ပြီး အိပ်ရာထက်ကလေးငယ်ကို သေချာဂရုတစိုက်ချပေးလိုက်ရင်း သူကိုယ်တိုင်ပါ ခန္ဓာငယ်လေးကို ရင်ခွင်ထဲသိမ်းကျုံးဖက်လိုက်ပြီး မှေးစက်အနားယူလိုက်သည်။
 
  မြတ်နိုးရပါသော ကလေးငယ် ကိုယ့်ရင်ခွင်အတွင်း လုံခြုံစိတ်ချစွာနဲ့ ကောင်းစွာမှေးစက်အနားယူပါ. . .

𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫'𝐬 𝐁𝐚𝐝 𝐆𝐮𝐲Hikayelerin yaşadığı yer. Şimdi keşfedin