Professor's Bad Guy
Zawgyi
ရှောင်အိမ်တော်၏ဧည့်ခန်းအတွင်း စီနီယာကိုထိုင်စောင့်နေရသော်လည်း မျက်ဝန်းအကြည့်တို့က လှေကားထစ်တွင်သာ။ အပ်ကျသံပင်ကြားရလောက်တဲ့ထိ တိတ်ဆိတ်နေတဲ့အိမ်တော်အတွင်း သူ့နှလုံးခုန်သံတို့ကို ကျယ်ကျယ်လောင်လောင် ကြားနေရ၏။
တစ်ကြိမ်တစ်ခါမျှပင် မရောက်ခဲ့ဖူးတဲ့အိမ်အတွင်း ဗြုန်းစားကြီးရောက်ရှိလာတဲ့သူ့အား စီနီယာအံ့ဩနေမလား။ သူ၏တစ်ဦးတည်းသောသားဖြစ်သူကို ကိုယ်ကဖျက်ဆီးလိုက်တာကိုသိပြီး ထိုးကြိတ်ရိုက်နှက်ပုတ်လေမလား။
ကွာခြားလှတဲ့အသက်အရွယ်အပိုင်းအခြားကြောင့် သဘောမတူနိုင်မှာကိုသိသော်လည်း ကိုယ်က သူ၏သားဖြစ်သူကို အသက်အရွယ်နဲ့မလိုက် အသေရရအရှင်ရရ လိုချင်နေတဲ့သူမို့ မရရတဲ့နည်းနဲ့ ကောင်ငယ်လေးကို ယူရမှာပင်။
ဆိုဖာပေါ်ခြေချိတ်ထိုင်ကာ ဒူးခေါင်းပေါ် တတောက်တောက်ခေါက်နေသည့်လက်ချောင်းတွေက အနည်းငယ်တုန်ရီနေဟန်။ လှေကားပေါ်မှဧည့်ခန်းအတွင်းသို့ လျှောက်လှမ်းလာသည့်ခြေသံကြားနေရသော်လည်း လှည့်မကြည့်မိ။ အနီးအနားသို့ ခြေသံနီးကပ်လာသည်နဲ့အမျှ တတောက်တောက်ခေါ်နေတဲ့လက်ချောင်းတွေက အနည်းငယ် ချွေးစို့လို့လာလေပြီ။
"ကျုပ်နဲ့တွေ့ချင်တာ ဘာကိစ္စရှိလို့လဲမသိဘူး"
မျက်နှာချင်းဆိုင်ဆိုဖာတွင်ဝင်ထိုင်ပြီး ကြည့်ရင်းမေးလာတဲ့စီနီယာက သူ့ကိုမမှတ်မိဟန်။
"စီနီယာ"
အိပ်ခန်းထဲစာရင်းဇယားတွေစစ်နေရာမှ သခင်ကြီးနဲ့တွေ့ချင်လို့ ဧည့်ခန်းထဲမှာ အမျိုးသားတစ်ယောက်ရောက်နေပါတယ် ဟု အလုပ်သမားတစ်ယောက်ရဲ့ လာပြောခြင်းကြောင့် စာရင်းဇယားတွေကိုသချာသိမ်းဆည်းပြီး အောက်ထပ်ဧည့်ခန်းအတွင်းသို့လာခဲ့သော်လည်း သူမမြင်ဖူးတဲ့ပုဂ္ဂိုလ်တစ်ဦး။ တည်ကြည်ခန့်ညားတဲ့ရုပ်အသွင်ပြင်ကို ရင်းနှီးနေဟန်ရှိသော်လည်း သူ၏မှတ်ဥာဏ်ထဲ မြင်ဖူးသည့်အရိပ်အယောင်မရှိ။
သို့သော် ထိုပုဂ္ဂိုလ်၏နှုတ်ခမ်းဖျားမှထွက်ကျလာသည့် စီနီယာအသုံးအနှုန်းကြောင့် ဦးနှောက်တွေကိုအလျင်အမြန်အလုပ်လုပ်မှ ပြန်မှတ်မိလာရသည်။
"ဝမ်ရီပေါ်"
လွန်ခဲ့တဲ့ဆယ်နှစ်ကျော်အချိန်ကာလတုန်းက မိန်းကလေးတွေကြား ရေပန်းစားခဲ့တဲ့ ဂျူနီယာဝမ်ရီပေါ်က ယခုအချိန်ထိ ချောမောခန့်ညားနေတုန်း။ သူ့လိုကလေးတစ်ယောက်အဖေမုဆိုးဖိုကြီးလို နဖူးပြောင်၊ ထိပ်ပြောင်၊ ဗိုက်ပူကြီးမဟုတ်ပါဘဲ သုံးဆယ်အရွယ်အမျိုးသားတစ်ယောက်လို ချောမောနေသည်။
"ဝမ်ရီပေါ် ဟုတ်တယ်မလား"
"ဟုတ်ပါတယ် စီနီယာ"
"ဟား. . .ငါတို့တွေမတွေ့ဖြစ်ကြတော့တာ သားလေးတစ်သက်တောင် ရှိပြီ"
". . . . ."
"ဆိုစမ်းပါဦး ငါ့အိမ်ကို ဘယ်လိုမျက်စိလည်လမ်းမှားပြီး ရောက်လာရတာလဲ"
"ဟို. . .အိမ်မှာ ရှောင်ကျန့် ရှိလား"
"အချုပ်ခန်းထဲမှာ ရှိနေမှာပေါ့"
"ခံဝန်လက်မှတ်ထိုးပြီး ရှောင်ကျန့်ကို ထုတ်ပြီးပါပြီ၊ ဒါပေမယ့်. . .သူပျောက်နေလို့"
"ဟင်"
". . . . . ."
"စီနီယာ ကျွန်တော် ရှောင်ကျန့်ကို လက်ထပ်ယူပါရစေ"
"ဘာ!"
"ရှောင်ကျန့်နဲ့ကျွန်တော် အတူတူနေပြီးပြီမို့ စီနီယာသဘောတူပေးပါ"
"ဘာကွ!!!"
ဝမ်ရီပေါ်ထံမှ မထင်မှတ်ထားတဲ့စကားက သူ့နားစည်ထဲသံရည်ပူလောင်းထည့်လိုက်သလို။ ကိုယ့်သားနုနုထွတ်ထွတ်ဆယ်ကျော်သက်ကလေးလေးက ဒီလိုအသက်လေးဆယ်အရွယ်ကြီးနဲ့ အတူတူတောင်နေပြီးပြီ. . . . .
ဒါဆို သူနဲ့ကျန့်မိန်လီ ခိုးပြေးတာကိုအဖော်အဖြစ်လိုက်ပေးခဲ့တာက သားပေးလိုက်ပွဲလို ဖြစ်နေပြီပေါ့. . .၊ သင်းလိုသက်ကြားအိုကြီးက ကိုယ့်သားဆယ်ကျော်သက်လေးကို လက်ထပ်ယူခဲ့ရင် ကိုယ်ကနှစ်နှစ်သာကွာတဲ့ သမက်အကြီးစားရလိုက်ရပြန်ဦးမည်။
သားယောကျာ်းလေးမွေးထားတာ ချွေးမကိုအိမ်ပေါ်ခေါ်တင်မလာပါဘဲ ဖအေထက်နှစ်နှစ်လောက်သာငယ်တဲ့သမက်ကို အိမ်ပေါ်ခေါ်တင်လာခဲ့ပြီ။ သားဖြစ်သူကဘယ်ရောက်လို့ဘယ်နေမှန်းမသိ သမက်ဖြစ်သူက ကိုယ့်သားကိုလက်ထပ်ယူချင်ကြောင်းနဲ့ အတူတူနေဖူးခဲ့သည်အထိပါ မရှက်မကြောက် ဖအေဖြစ်သူကိုလာပြောသည်က သွေးတက်ချင်စရာ. . . . .
သဘောမတူဘူးပြောလိုက်လျှင်လည်း ကိုယ့်သားက အစားခံလိုက်ရပြီးပြီ၊ သဘောတူလိုက်ပြန်လျှင်လည်း ကိုယ့်ထက်နှစ်နှစ်ငယ်တဲ့သမက်ကြီး ရပြန်ဦးမယ်. . . . .
ဘဝတစ်ပါးကူးပြောင်းသွားတဲ့မိန်လီရေ ငါ့အဖြစ်ကို ထကြည့်ပါဦးဟ. . . . .
"ငါ့ဘက်က သဘောမတူဘူးဆိုရင်ကော"
"ရှောင်ကျန့်ကို မတွေ့တွေ့အောင်မြေလှန်ရှာပြီး စီနီယာနဲ့အဝေးဆုံးနေရာကို ခေါ်သွားပြီးဖွက်ထားရလိမ့်မယ်"
"မင်းက ငါ့ကိုချိန်းခြောက်နေတာလား"
"ချိန်းခြောက်တာမဟုတ်ဘူး အ.သိ.ပေး.တာ"
သူ့မျက်လုံးကိုတည့်တည့်ကြည့်ကာ နောက်ဆုံးစကားလုံးတွေအား တစ်လုံးချင်းစီပြောနေတဲ့ မတော်ရသေးတဲ့သမက်ကြီးကြောင့် အနည်းငယ်လန့်လာရသည်။ လှိုက်တက်လာသည့်ဒေါသတွေနဲ့အတူ ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းမသိတဲ့ သားဖြစ်သူကိုပါသတိရလိုက်ခြင်းကြောင့် ဝမ်းနည်းလာရ၏။
"သွားလိုက်ပါဦးမယ် စီနီယာ၊ ဪ. . .ဒါနဲ့ ဘေဘီ့ကိုပြန်တွေ့ခဲ့ရင် ကျွန်တော့်ကိုဖုန်းဆက်ပေးပါ၊ ဒါကျွန်တော့်လိပ်စာကဒ်"
"တောက်!!!"
"မင်းလိုသက်ကြားအိုကောင်နဲ့ ငါ့သားကိုလုံးဝသဘောမတူနိုင်ဘူး၊ ငါ့သားကိုတွေ့တာနဲ့ ချက်ချင်းမိန်းမပေးစားပစ်မယ်!"
"အဟက်. . .ဒါကတော့ စီနီယာသဘောပါ၊ ဒါပေမယ့် ကျွန်တော် ဘေဘီ့ကိုမရရအောင်ယူပြမယ်"
"ခြံထဲမှာ ဘယ်သူရှိလဲ. . .ဒီကောင့်ကို ငါ့အိမ်ထဲကအမြန်မောင်းထုတ်လိုက်၊ နောက်တစ်ခါ ငါ့အိမ်အရိပ်ကိုတောင် မနင်းမိပါစေနဲ့"
ထွက်ခွာသွားပြီဖြစ်တဲ့ဝမ်ရီပေါ်ကိုကြည့်ရင်း ရှောင်ဇီ တောက်ခေါက်ရင်းဧည့်ခန်းအတွင်း ရပ်ကျန်ခဲ့ရသည်။ ဝမ်ရီပေါ်နဲ့သူ ဘယ်လောက်ပင်ရင်းနှီးနေတဲ့သူဖြစ်ပါစေဦး ဆယ်ကျော်သက်ကိုယ့်သားနဲ့တော့ သဘောမတူနိုင်။
ဒီလိုတွေဖြစ်မယ်မှန်းသာကြိုသိခဲ့လျှင် အချုပ်ခန်းထဲက ခေါ်ထုတ်လာမိမှာပင်. . . . .
ခုများမှာတော့ ကိုယ့်ကျောင်းသားလည်းဖြစ် စီနီယာရဲ့သားပါဖြစ်ကာ အသက်နှစ်ဆယ်ကျော်ကွာလှတဲ့ကိုယ့်သားအရွယ်ကိုမှ သင်းကဖျက်လိုဖျက်ဆီးလုပ်လိုက်သေးသည်။ သဘောတူလိုက်လျှင် ကိုယ့်သားမျက်နှာမငယ်ရမှာကိုသိသော်လည်း ဘယ်မိဘက ကိုယ့်ထက်နှစ်နှစ်ငယ်တဲ့သူနဲ့ ကိုယ့်သားသမီးကိုပေးစားနိုင်ပါ့မလဲ. . . . .
သဘောတူလိုက်ပါပြီပဲထား. . .ပတ်ဝန်းကျင်အသိုင်းအဝိုင်းက သူတို့သားအဖကို ငွေမျက်နှာကြောင့် ကိုယ့်သားလေးကို ထိုးကျွေးတယ်ဆိုပြီး ပြစ်တင်စောင်းမြောင်းပြောဆိုကြပေဦးမည်။
သားမိုက်ကလေး ခုဘယ်နေရာမှာ ထွက်ပြေးတိမ်းရှောင်နေသလဲ
YOU ARE READING
𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫'𝐬 𝐁𝐚𝐝 𝐆𝐮𝐲
Fanfiction𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫 𝐖𝐚𝐧𝐠 𝐘𝐢𝐛𝐨 𝐒𝐜𝐡𝐨𝐨𝐥 𝐁𝐚𝐝 𝐁𝐨𝐲 𝐗𝐢𝐚𝐨 𝐙𝐡𝐚𝐧 𝐘𝐢𝐳𝐡𝐚𝐧 𝐅𝐚𝐧𝐟𝐢𝐜 (𝐍𝐨𝐭 𝐙𝐡𝐚𝐧𝐲𝐢)